Aspirin during pregnancy အက်စပရင် နှင့် ကိုယ်ဝန်

Aspirin during pregnancy အက်စပရင် နှင့် ကိုယ်ဝန်

မော်လမြိုင်၊ ၁၀ စက်တင်ဘာ ၂၀၁၈
 
ကိုယ်ဝန်ဆောင်ချိန် asprin သောက်ခြင်းသည် သန္ဓေသားကို မည်သို့ အကျိုးသက်ရောက်ပါသလဲရှင့်။ (၃၅) နှစ်အရွယ် အမျိုးသမီးပါရှင့်။ (၄)ကြိမ်မြောက် ကိုယ်ဝန် (၁)လနှင့် (၁)ပတ်ရှိပါပြီ။ ပထမကိုယ်ဝန် (၂)လခွဲအရမှာ ပျက်ခဲ့ပြီး ဒုတိယ ကိုယ်ဝန် (၁)လခွဲမှာပျက်ခဲ့ပါတယ်။ သူ့ဘာသာ အလိုလိုပျက်ကျခြင်းဖြစ်ပါတယ်ရှင်။ တနှစ်ကျော်ကြာမှ တတိယ ကိုယ်ဝန်ယူခဲ့ပြီး သားဖွားမီးယပ်ပါရဂူနဲ့ သေချာစောင့်ရှောက်ခဲ့တာကြောင့် လက်ရှိ သမီးလေးတယောက် မွေးထားပြီးပါပြီရှင့်။ ကိုယ်ဝန်ဆောင် ကာလအတွင်း ငြိမ်ငြိမ်သက်သက် အနားယူခဲ့ရပြီး ပုံမှန်သောက်ရတဲ့ folic acid အပြင် asprin 80mg နေ့စဉ်သောက်ရပါတယ်။ IM/ proluton depot ကို အပတ်စဉ် ကိုယ်ဝန်လေးလအထိထိုးခဲ့ရပြီး နောက်ပိုင်းလတွေမှာ sestum 100 နေ့စဉ်သောက်ခဲ့ရပါတယ်ရှင်။ သမီးလေးမွေးပြီး ၃နှစ်ခွဲ ရှိပါပြီ။ လက်ရှိကိုယ်ဝန် ရှိရှိချင်း OG နဲ့ပြပြီး folic acid, asprin 80, omega -3 ကိုနေ့စဉ်သောက်နေပြီး proluton depot အပတ်စဉ် ထိုးနေပါတယ်။ ငြိမ်ငြိမ်သက်သက်လည်း နားပါတယ်ရှင်။ asprin က ကိုယ်ဝန်ဆောင်တွေမှာ မသောက်သင့်တဲ့ ဆေးဝါးထဲမှာ ပါနေတော့ ကိုယ်ဝန်ခိုင်မြဲချင်လို့သောက်ရပေမယ့် သန္ဓေသားကို ထိခိုက်မှာ ကြောက်ကြောက်နဲ့ သောက်နေရပါတယ်ရှင်။ omega 3 နဲ့ ပေါင်းမိပြီး သွေးခဲဖြစ်စဉ်မှာ အနှောင့်အယှက်ဖြစ်မှာလည်း စိုးရိမ်မိပါတယ်ရှင်။ asprin နဲ့ အတူတော့မသောက်ပါဘူး မနက်/ည ခွဲသောက်ပါတယ်။ ကိုယ်ဝန်ခိုင်မြဲချင်တာကြောင့် OG ညွှန်ကြားသမျှ လိုက်နာပါတယ်ရှင့်။ ဆေးသောက် ဆေးထိုး အနေအထိုင် ဆင်ခြင်မှု အားလုံး လိုက်နာပါတယ်ရှင်။ သန္ဓေသားအပေါ် ထိခိုက်သွားမလား စိုးရိမ်မိတာကြောင့် ဆေးနဲ့ပတ်သက်တာလေးတွေ သိချင်ရုံသက်သက်ပါရှင်။ နောက်တခုက ကျမလိုမျိုး ကိုယ်ဝန်ပျက်တတ်သူတွေ နားလည်တတ်ကျွမ်းသူနဲ့ သေချာစောင့်ရှောက်ရင် ကလေးရနိုင်တာကို မျှဝေလိုပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ asprin အကြောင်းလေးကို ဆရာအားလပ်ချိန်ရမှသာ ရေးပေးစေလိုပါတယ်ရှင့်။
 
ယေဘုယျအားဖြင့် အက်စ်ပရင်ကို ကိုယ်ဝန်ဆောင်နေချိန်မှာ မပေးသင့်ပါ။ တကယ့်ကိုလိုအပ်နေသူတွေကိုတော့ သတိထားပေးနိုင်တယ်။
 
ဆေးအလေးချိန်နည်းနည်းဖြစ်တဲ့ Aspirin 60 to 100 milligrams နေ့စဉ်ပေးရတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ပျက်တာတွေ့ရတယ်။ သွေးခဲတာနဲ့ ကိုယ်ဝန်သွေးဆပ်တက်တာ တွေ့ရတယ်။
 
ကိုယ်ဝန်ပဌမသုံးလအတွင်းမှာ အက်စ်ပရင်ဆေးအလေးချိန်များပေးရသူတွေ ကိုယ်ဝန်ပျက်တာပိုများပြီး မွေးရာပါ ချို့ယွင်းချက်တွေ့ရတယ်။ ကိုယ်ဝန်တတိယသုံးအတွင်း အက်စ်ပရင်ဆေးအလေးချိန်များပေးရသူတွေ ကလေးနှလုံး သွေးကြောစောပိတ်တာတွေ့ရတတ်တယ်။
 
ဆေးအလေးချိန်မှားများနဲ့ ကြာကြာပေးရသူတွေ စောမွေးပြီး ကလေးဦးနှောက် သွေးယိုတာတွေ့ရတတ်တယ်။
 
တချို့ကိုယ်ဝန်ဆောင်တွေကို နာတာကိုက်တာအတွက် အက်စပရင်အစား acetaminophen ခေါ် Tylenol ခေါ် ပါရာစီတမော အစားထိုးပေးတယ်။ Heart attack ဒါမှမဟုတ် Stroke ကာကွယ်ဖို့အတွက်ကတော့ တမျိုးဖြစ်တယ်။ နှလုံးအထူးကုနဲ့ အိုဂျီတို့က ချင့်ချိန်ပြီး ဆေးညွှန်ကြပါမယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s