5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်း

5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်း

မော်လမြိုင်၊ ၉ စက်တင်ဘာ ၂၀၁၈
 
မင်္ဂလာပါဆရာ။ အသက် ၂၈ နှစ်။ မိန်းကလေး။ သားအိမ်ကင်ဆာ အဆင့် ၁။ ထိုင်းကိုသွားပြီး ဆေးကုပါတယ်။ ၅ နှစ်ပဲ အသက်ရှင်တယ်ဆိုတာ နားမညည်ပါ။ သားအိမ်ကင်ဆာဖြစ်တဲ့ မိန်းကလေးဟာ ၅ နှစ်ပဲ အသက်ရှင်နိုင်မယ်လို့ ဆိုလိုတာလားဗျာ။ သားအိမ်ကင်ဆာ မပျောက်နိုင်ဘူးလား။ ပျောက်ရင်ရော ပုံမှန်လူတွေလို အသက်တန်းစေ့နေလို့ရနိုင်လား။ ၅ နှစ်ပဲ အသက်ရှင်မယ်လို့ ဆိုလိုတာလားဆရာ။ ၅ နှစ်ပဲ အသက်ရှင်မယ်ဆိုတာ နားမလည်လို့ပါ။ ပျောက်ရင်ရော ပုံမှန်လူတွေလို အသက်တန်းစေ့နေလို့ ရနိုင်လား။ စာလုံးပေါင်း မှားတာလေးတွေအတွက် ဆောရီး။
 
ကင်ဆာမှန်သမျှ ၅ နှစ်နေနိုင်နှုန်းနဲ့ ခန့်မှန်ပါတယ်။ ခုနောက်ပိုင်း ပျောက်သွာအောင်ကုလို့ရတာတွေ ရှိလာတယ်။ စောစောသိပြီး စနစ်တကျကုသသူတွေ သူများတွေလို အသက်ရှည်တယf။
 
မင်္ဂလာပါဆရာ။ ကင်ဆာ ရောဂါ နဲ့ မတည့်တဲ့ အစားအသောက်။ တည့်တဲ့ အစားအသောက်။ ဆေးဖြစ်စေနိုင်တဲ့ အစားအသောက်များ သိချင်ပါတယ်။ သားအိမ်ကင်ဆာအတွက်ပါ။ သကြားနဲ့ မတည့်ဘူးလို့ ကြားဖူးပါတယ်။ နို့ချဉ်နဲ့ ရော တည့်ပါသလား။ သားအိမ်ဝကင်ဆာဆိုတာ အစားအသောက်နဲ့ မဆိုင်။ ဆေးစနစ်တကျကုသဘို့သာ အရေးကြီးတယ်။ သကြားဓါတ်ဟာ ဆီးချိုရှိသူနဲ့ ဝသူတွေသာ မတည့်။
 
5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်းဆိုတာ ကင်ဆာလို့ရောဂါအမည်တပ်ပြီးနောက် အသက်ဘယ်လောက်ကြာနေနိသ်သလဲကို သုတေသနတွေကို အခြေခံပြီး သတ်မှတ်ထားချက်တခုဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းချက်ဆိုတာ ၁ဝဝ% တော့ မမှန်နိုင်ပါ။
 
နှစ်ကာလကိုသာမက ရာခိုင်နှုန်းပါတွက်ချက်တယ်။ ဥပမာ ငါးနှစ်အသက်ရှင်နှုန်း ၉ဝ% ရှိတယ်လို့ပြောတာဟာ ကင်ဆာလူနာ ၁ဝဝ ထဲက ၉ဝ ယောက်တို့ဟာ အဲတာနဲ့အညီဖြစ်နိုင်တယ်။
 
• Liver cancer 11%
• Lung cancer 13%
• Colorectal cancer 51%
• Cervical cancer 63%
• Prostate cancer 69%
• Bladder cancer 74-78%
• Breast cancer 75%
 
ဆေးသုတေသနတွေကို နေ့စဉ်နေ့တိုင်းလုပ်နေတယ်။ မတူတာလေးတွေလည်းရှိတယ်။ အရင်ကထက် အသက်ရှည်ရှည် နေနိုင်လာကြတယ်။ ဆေးလိပ်သောက်နည်းတာလို မသင့်တဲ့အကျင့်ကို ပြင်လာကြလို့လည်းပါတယ်။ ဆေးတွေရဲ့ ထိရောက်မှုလည်း ပါတယ်။ အဓိကကတော့ ကင်ဆာကို စောစောသိအောင်လုပ်လာနိုင်လို့ဖြစ်တယ်။
 
ကင်ဆာလူနာတွေ ရှောင်သင့်တဲ့အစားအစာတွေ
• အချိန်ကြာကြာ ကြော်ချက်ကင်ထားတဲ့အစာတွေ။ Heterocyclic amines ခေါ် ကင်ဆာဖြစ်စေတဲ့ဓါတ်ပါနေလို့ဖြစ်တယ်။
• ဆားများတာ၊ သကြားများတာနဲ့ ဆီများတာတွေ မသင့်ပါ။
• အသားတွေထဲမှာ Red meat ခေါ် အမဲသား၊ ဆိတ်သားနဲ့ ဝက်သားတွေက ကြက်သားနဲ့ ငါးလောက် မသင့်ပါ။
• Preserved foods ခေါ် အထားခံအောင်လုပ်ထားတဲ့အစားအစာတွေ။
 
ကင်ဆာလူနာတွေ စားသင့်တဲ့အစားအစာတွေ
• ဟင်းသီးဟင်းရွက်များ
• အသီးများ၊
• ပရိုတင်း၊ အဆီနည်းအသားများ၊ ဥများ၊ တို့ဖူး။
• နို့နှင့် နို့ထွက်အစားအသောက်များ၊
• ငါးနဲ့ ပဲပုပ်စာများ၊
• ကဗွန်ဟိုက်ဒရိန် ခေါ် အခြေခံအစာများ
• ဆန်၊ ဂျုံနဲ့လုပ်တဲ့အစားအစာများ၊
• အရက်။
• ဗီတာမင်ဆေးလွန်ကဲတာလည်း မကောင်းပါ။
 
ဆေးပညာစာတွေကို ယေဘုယျသာရေးလို့ရတယ်။ လူနာတယောက်ချင်းမှာ မျိုးဗီဇရှိတယ်။ ပတ်ဝန်းကျင်မတူတာရှိတယ်။ ကံတရားလည်းရှိတယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s