Kidney failure ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်း

Kidney failure ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်း

မော်လမြိုင်၊ ၅ စက်တင်ဘာ ၂၀၁၈
 
၁။ ဆရာမင်္ဂလာပါခဗျ ကျားအသက် ၄၃ နှစ်ပါ ကျောက်ကပ်ပျက်စီး၍ဆေးနေရတာ ၃ နှစ်ကျော်ပါပြီ ယခုနောက်ပိုင်း ညအိပ်လျှင် ခြေထောက်ကွေးထားရာက ပြန်ဆန့်လိုက်လျှင်ကြွက်ကြောတက်ပါသည် သက်သာအောင်မည်သို့ပြုမူနေထိုင်ရမလဲ ဆိုတာဖြေကြားပေးစေလိုပါတယ် ကျောက်ကပ်ဆေးနေရင်းပြန်ကောင်းလာနိုင်ပါသလား။ ကျေက်ကပ်က တဖြည်းဖြည်း သေး၍သွားပါသည် ဆီးဆိပ် ၅၀၀ / ၇၀၀ ထိရှိပါသည် သွေးတိုးမရှိပါ ဆီးချိုမထိန်းနိုင်၍ ယခုအင်ဆူလင်ထိုးပါသည် တခြားရောဂါများမရှိပါ ခဗျ။
 
၂။ ဆရာရှင့်အသက် ၂၅၊ မပါ။ untrasound မှာ mild hydronephrosis လို့ပြောပါတယ်။ eGFR ရဲ့ အကျိုးသက်ရောက်မှုကို ပြောပြပေးပါရှင့်။ eGFR .194.3 (high) လို့သိရပါတယ်။ Urine RE ထဲက creatitine ရဲ့ rate ကိုလဲ သိချင်ပါတယ်ရှင့်။ renal failure ဖြစ်မဖြစ် ချင့်ချိန် ကြည့်ချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
 
ကျောက်ကပ်ဆိုတာ လူ့သွေးထဲက မလိုတော့တာတွေကို စစ်ပြီးထုတ်ပေးနေတဲ့ စက်တခုနဲ့တူတယ်။ ရေစစ် ပြောင်းပြန် ဖြစ်တယ်။ ရေစစ်က လိုချင်တာကို အောက်ကျစေပြီး၊ ကျောက်ကပ်က မလိုချင်တာကို ထွက်သွားစေတယ်။ ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်းဆိုတာ တခြားနေရာတွေမှာ ရောဂါရှိရာကနေ ဖြည်းဖြည်းခြင်း ဆက်ဖြစ်တဲ့ ရာသက်ပန် ကျောက်ကပ်မကောင်းတော့ခြင်းဖြစ်တယ်။ ဆောရီး။ နာတာရှည်ကျောက်ကပ်ရေးဂါအရင်ဖြစ်တယ်။
 
End-stage renal disease (ESRD) ဆိုတာ နောက်ဆုံးအဆင့်ဖြစ်တယ်။ ဆောရီး။ ဆီးချိုကနေအများဆုံးဖြစ်တယ်။ ဒုတိယတရားခံက သွေးတိုး။ အော်တိုအင်မြူရောဂါတွေဖြစ်တဲ့ lupus နဲ့ IgA nephropathy တွေကနေလည်းဖြစ်တယ်။ Polycystic kidney disease ခေါ်မွေးရောပါရောဂါနဲ့ Nephrotic syndrome နဖရောတစ် ဆင်ဒရုမ်းရောဂါတွေအပြင် ဆီးလမ်းရောဂါတွေကနေလည်း ဆက်ဖြစ်နိုင်တယ်။
 
Acute renal failure ဆိုတာက ရုတ်တရက် (၂-၃ ရက်အတွင်း) ဖြစ်တာမျိုး။ Heart attack နှလုံးရောဂါ၊ Illegal drug use မူးယစ်ဆေးသုံးစွဲခြင်း၊ ကျောက်ကပ်ဆီသွေးလုံလောက်အောင်မလာခြင်းနဲ့ ဆီးလမ်းရောဂါတွေကနေဖြစ်စေနိုင်တယ်။
 
Chronic kidney disease (CKD) နာတာရှည် ကျောက်ကပ်ရောဂါလက္ခဏာများ
ယားခြင်း၊ ကြွက်သားတွေနာခြင်း၊ ပျို့အန်ခြင်း၊ မဆာခြင်း၊ ခြေထောက်ရောင်ခြင်း၊ ဆီးနည်းခြင်း၊ အသက်ရှူမကောင်းခြင်းနဲ့ အိမကောင်းခြင်းတွေဖြစ်တယ်။
 
ရုတ်တရက် ကျောက်ကပ်မကောင်းခြင်း ရောဂါလက္ခဏာများ
ဗိုက်နာခြင်း၊ ကျောနာခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်ပူခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ အရေပြားအနီကွက်ပေါ်ခြင်း၊ အန်ခြင်း။
 
Kidney function tests ကျော်ကပ်အလုပ်စစ်ဆေးခြင်း
 
၁။ BUN (Blood urea nitrogen)
The normal result is generally 6 to 20 mg/dL.
 
၂။ Creatinine – blood
Creatinine blood test
A normal result is 0.7 to 1.3 mg/dL for men and 0.6 to 1.1 mg/dL for women.
 
၃။ Creatinine urine test
Urine creatinine (24-hour sample) values can range from 500 to 2000 mg/day. Results depend on your age and amount of lean body mass.
14 to 26 mg per kg of body mass per day for men
11 to 20 mg per kg of body mass per day for women
 
၎။ Creatinine clearance test
Normal values are:
Male: 97 to 137 mL/min (1.65 to 2.33 mL/s).
Female: 88 to 128 mL/min (14.96 to 2.18 mL/s).
 
ကုသနည်းများ
ESRD ဖြစ်လာရင်တော့ Dialysis ကျောက်ကပ်ဆေးတာနဲ့ Kidney transplant ကျောက်ကပ်အစားထိုတာလုပ်ရမယ်။
 
ကျောက်ကပ်က သူ့အလုပ်သူမနိုင်လို့ လုပ်ပေးရတဲ့ဆေးကုသနည်းကို Renal Dialysis ကျောက်ကပ်ဆေးခြင်းလို့ ခေါ်တယ်။ ကျောက်ကပ်ကနေ ပိုတဲ့ရေနဲ့ ဓါတ်ဆားတွေကို စွန့်ထုတ်ပေးနေတယ်။ ဓါတ်ဆားတွေဆိုတာ Sodium, Potassium, Chloride, Calcium, Phosphorus, Magnesium, Sulfate တွေဖြစ်တယ်။ အသက်ရှူထုတ်ရာမှာလဲ မလိုတာတွေ စွန့်ထုတ်တယ်။ အဲဒီကနေမလုပ်နိုင်တာကို ကျောက်ကပ်ကနေလုပ်ပေးတယ်။
 
Dialysis လုပ်တယ်ဆိုတာ (၁) Diffusion of solutes နဲ့ (၂) Ultrafiltration of fluid အလုပ် ၂ မျိုးကို Semi-permeable membrane တဝက်တပျက် စိမ့်ထွက်နိုင်တဲ့အလွှာကနေ လုပ်ပေးတယ်။ Dialyzer စက်လို့ခေါ်တယ်။ သေးမွှားတာလေးတွေကို စစ်ထုတ်ပြီး ပိုကြီးတာတွေကို ချန်ထားပေးတယ်။
Dialysis မှာ ပင်မနည်း ၃ မျိုးရှိတယ်။ ပင်မနည်း (၁) Hemodialysis နဲ့ ပင်မနည်း (၂) Peritoneal dialysis အပြင် ပင်မနည်း (၃) Hemofiltration ဖြစ်တယ်။ ဒုတိယနည်း (၂) နည်းထဲမှာ Hemodiafiltration နည်းနဲ့ Intestinal dialysis နည်းတွေဖြစ်တယ်။ Hemodialysis ဆိုတာ သွေးထဲက Wastes အညစ်အကြေးနဲ့ Excess water ပိုတဲ့ရေကို စွန့်ထုတ်တာ ဖြစ်တယ်။ ဓါတုဗေဒဆိုင်ရာ အသေးစိတ် ဥပဒေသတွေကို အားကိုးပြီးလုပ်ရတာ ဖြစ်တယ်။
 
ကျောက်ကပ်စစ်တာ ဘယ်တော့လိုအပ်သလဲဆိုတဲ့ အဆုံးအဖြတ်ကို သေချာချရတယ်။
ရက်တိုရောဂါတွေ –
• Metabolic acidosis ကြောင့် Acidemia ဖြစ်လာရင်လုပ်ရမယ်။
• Electrolyte abnormality ဖြစ်ရင် ဆိုးဆိုးဝါးဝါး Hyperkalemia ဖြစ်လို့လုပ်ရတယ်။
• Intoxication ဆိုတာ အဆပ်သင့်တာမျိုး။ Salicylic acid, Lithium, Isopropanol, Magnesium-containing laxatives နဲ့ Ethylene glycol ဖြစ်ရင်လုပ်ရတယ်။
• Overload of fluid ဆိုတာ Diuretics ဆီးသွားစေတဲ့ဆေးတွေနဲ့ မနိုင်ရင် လုပ်ရတယ်။
• Uremia complications ဆိုတာ Pericarditis, Encephalopathy, Gastrointestinal bleeding ကနေ ဆက်ဖြစ်လာမျိုး ဖြစ်ရင် လုပ်ရတယ်။
 
ရက်ရှည်ရောဂါတွေ –
• Symptomatic renal failure ကျောက်ကပ်အလုပ်မလုပ်နိုင်လို့ ရောဂါလကဏာတွေခံစားနေရသူ၊
• Low glomerular filtration rate (GFR) စစ်ထုတ်နှုန်း 10-15 mls/min/1.73m2 ထက် နည်းနေသူ၊
• GFR ကလဲနည်းပြီး Serum potassium, and/or Serum phosphorus တွေကများနေသူတွေ။
ကျောက်ကပ်ကနေ ဟော်မုန်းအလုပ်တချို့ကိုလဲလုပ်ပေးတယ်။ Erythropoietin နဲ့ Calcitriol တွေကိုလဲ သူက ထုတ်လုပ်ပေးနေတယ်။ Erythropoietin ဆိုတာ သွေးနီဥထုတ်လုပ်ရာမှာ အသုံးကျပြီး၊ Calcitriol ကတော့ အရိုးအတွက် လိုအပ်တယ်။ ကျောက်ကပ်ဆေးရာမှာ ဒီတာဝန်ကို လုပ်မပေးနိုင်ပါ။
 
မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကျောက်ကပ်ကျန်းမာရေးနဲ့ ပြည့်စုံကြပါစေ။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s