HIV infection stages အိတ်ခ်ျအိုင်ဗွီ ကူးစက်ရောဂါအဆင့်များ

HIV infection stages အိတ်ခ်ျအိုင်ဗွီ ကူးစက်ရောဂါအဆင့်များ

မော်လမြိုင်၊ ၁၉ သြဂုတ် ၂၀၁၈
 
ကျွန်မအသိကောင်မလေးက အသက် ၂၄ ပါ။ ဆရာရယ် သူအိမ်ထောင်စကျတော့ သူ့အမျိုးသားမှာ AIDS ရောဂါ ပါလာတယ်ဆရာ။ ဒါကို သူလည်းမသိဘူး။ သူ့အမျိုးသားကတော့ သူ့ရောဂါရှိတာကို သိပေမဲ့ပေးမသိခဲ့ဘူး။ အတူတူလည်း အိပ်ကြစားကြသောက်ကြပေါ့။ တနေ့သူ့ယောက်ျား နေမကောင်းဘူး အလုပ်မသွားနိုင်ဘူးဆိုပြီး ဆေးခန်းကိုသွားပြတော့ သွေးစစ်တော့မှ ဆရာမတွေဆီကနေ ကျွန်မတို့လည်းသိရတာပါ။ ကောင်မလေးကိုတော့ ကျွန်မတို့ပေးမသိခဲ့မိဘူး။ သူအရမ်းခံစားပြီး ဝမ်းနည်းသွားမှာစိုးလို့။ သူ့ကိုလည်း ဆေးစစ်ပေးခဲ့တယ်။ ၂ ခါတောင်သွေးစစ်ကြည့်တယ်။ ရောဂါမရှိဘူးဆိုတော့ သူ့အမျိုးသားနဲ့လမ်းခွဲဖို့ပဲ တွန်းအားပေးခဲ့မိတယ်။ နောက်ဆုံးတော့လည်း သူ့အမျိုးသားအခြေအနေ ပြောပြပြီး လမ်းခွဲလိုက်ကြတယ်ဆရာ။ သူတို့လဲ သဘောတူလို့ပါပဲ။ သူ့အမျိုးသားကတော့ ဆေးရုံတတ်ပြီး ဆေးကုသမှု ခံနေတုန်း ၁ လခွဲလောက်ပဲရှိဦးမယ်ဆရာရယ် ကောင်မလေးက နောက်ယောက်ျားယူပြန်တယ်ဆရာ။ ဒီနောက်ယောက်ျား ယူပြီး ၂ လ အလွန်မှာ ကောင်မလေးနေမကောင်းစတာပဲဆရာ။ ခေါင်းတွေအရမ်းကိုက်တယ်၊ ဖျားတယ်၊ နှာခေါင်းကလည်း သွေးလျှံတယ်ဆရာ။ တစ်လကို ၃ ခါ ၄ ခါ အများဆုံးဖြစ်နေတယ်။ အလုပ်တောင် လပြည့် မလုပ်နိုင်တော့ဘူး။ ပိန်လည်းပိန်လာတယ်။ ပထမလူနဲ့ ညားတုန်းက ဘာမှမဖြစ်ဘူး။ အခုလူနဲ့မှ သူ့မှာကျန်းမာရေး ချူချာနေတယ်။ အခုပေါင်းတဲ့လူကလည်း သန်သန်မာမာပဲဆရာ။ ဘာရောဂါမှမရှိဘူး။ သိချင်တာကဆရာရယ် ကောင်မလေးမှာ AIDS များရှိလို့လားဆိုတာပါ။ ဆေးစစ်ပေးတုန်းက ဘာမှမရှိဘူး ပြောပြီးတော့ အခု သူဖြစ်နေတာက ဘာရောဂါများဖြစ်နိုင်မလဲဆရာ။ ပြီးတော့ ဘယ်လိုဆေးမျိုး သောက်ရမလဲဆိုတာနဲ့ တကယ်လို့များ AIDS ဆိုရင် ဘယ်လိုမျိုး ရှောင်ရမလဲဆိုတဲ့ ရှောင်ရန်ဆောင်ရန်တွေကိုပါ ပြောပြပါနော်ဆရာ။ လေးစားစွာဖြင့့်
 
HIV ကို သံသယဖြစ်စရာနဲ့တွေ့ပြီး ၃ လ နဲ့ ၆ လအတွင်းမှာ ဆေးစစ်ရတယ်။ ၆ လမှာ မတွေ့ရင် အရင်က သံသယ ဖြစ်စရာကနေ မကူးစက်ပါ။ နောက်ထပ်တွေ့ပြန်ရင်တော့ ထပ်စစ်ရမယ်။
 
HIV ကူးစက်ခံထားရသူဟာ ဆေးကုသမှု မခံယူနေဘူးဆိုရင် တချိန်မှာ ခုခံအားတွေကျဆင်းရာကနေ AIDS အဆင့် ရောက်လာပါမယ်။ သတင်းကောင်းလဲပါးပါရစေ။ ART ဆေးနဲ့ ကာကွယ်ထားလို့ရပါတယ်။ သူကနေ HIV ဗိုင်းရပ်စ်တွေ ပုံတူပွါးများလာမှာကို တားပေးပါတယ်။ ကိုယ်ခန္ဓာက ဆက်ပြီးသန်စွမ်းနေပါမယ်။ ဒါ့ပြင် သူများကို ကူးစက်မှာကိုပါ တားနိုင်ပါသေးတယ်။
 
(၁) HIV ကနဦးအဆင့်
ပိုးဝင်ခံရပြီး ၂-၄ ပါတ်မှာဖြစ်မယ်။ ဒါလဲလူတိုင်းမှာမဖြစ်ပါ။ ဖြစ်ရင် တုပ်ကွေးလိုခံစားရမယ်။ ဆိုးလိုက်တဲ့တုပ်ကွေးလို့ ညည်းတွားကြမယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ အနီပြင်တွေထွက်မယ်။ အဆစ်အသားတွေနာမယ်။ အားယုတ်မယ်။ ခေါင်းကိုက်မယ်။ အဲဒီကာလမှာ ဗိုင်းရပ်စတွေပွါးများလာနေမယ်။ ဗိုင်းရပ်စ်တွေက CD4 cells ဆဲလ်တွေကိုသုံးပြီး မိတ္တူတွေပွါးမယ်။ အဲတော့ CD4 count ကျဆင်းလာမယ်။ တချိန်မှာ ခုခံအားစနစ်က ပြန်ကုစားလို့ တန့်လာမယ်။ ပြီးရင်ပြန်တက်လာမယ်။ နဂိုလောက်တော့ များမလာနိုင်တော့ပါ။ အဲဒီအချိန်မှာ ART ဆေးသောက်ရင် ကောင်းတယ်။ လိင်ဆက်ဆံဖက်ကိုကူးစေမယ်။ ဆေးထိုးအပ်မျှသုံးသူတွေကိုလဲ ကူးစက်မယ်။
 
(၂) HIV ဒုတိယအဆင့်
ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့အဆင့်ဖြစ်တယ်။ ခံစားရလဲနည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီးအသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒိထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် Viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။
 
(၃) AIDS ရောဂါရတဲ့အဆင့်
ခုခံအားမကောင်းတော့ပါ။ ဘယ်ပိုးမဆိုကူးစက်တာခံရမယ်။ အခွင့်ကောင်းယူ ကူးစက်ရောဂါတွေလို့ခေါ်တယ်။ CD4 cells 200 cells/mm3 ထက်နည်းလာရင် AIDS လို့ပြောနိုင်ပြီ။ ဆောရီး။ နေကောင်းနေသူတွေမှာ CD4 counts 500 နဲ့ 1,600 cells/mm3 ကြားမှာရှိရတယ်။ ဒီအရေအတွက်မနည်းလှပေမဲ့ ရောဂါလက္ခဏာခံစားလာရရင်လဲ AIDS ပဲဖြစ်တယ်။ ART ဆေးမကုဘူးဆိုရင်တော့ AIDS ဖြစ်လာဘို့ ၃ နှစ်ကြာမယ်။ တကယ်လို့ ဆိုးလှတဲ့ အခွင့်ကောင်းယူ ကူးစက်ရောဂါ ခံရမယ်ဆိုရင် ၁ နှစ်သာအသက်ရှည်နိုင်တယ်။ ART ဆေး သောက်နေပြီး viral load နည်းနေမယ်ဆိုရင်တော့ လူကောင်းလိုနေနိုင်ပြီး AIDS အထိမဖြစ်ပါ။
 
ဘယ်လိုအခြေအနေတွေကနေ အဆိုး-အကောင်းဖြစ်စသလည်း
မျိုးဗီဇ၊ နဂိုကျန်းမာရေး၊ ပိုးရှိနေတာစောစာသိသလား၊ ဆေးသောက်နေလား၊ စတာတွေအပေါ်မှာ မူတည်တယ်။ အသက်ကြီးသူတွေ၊ HIV subtype အမျိုးအစားခွဲမတူတာ၊ ပူးတွဲကူးစက်ရောဂါရတာ၊ အစာအာဟာရနည်းတာ၊ စိတ်ဖိအားများတာတွေအပေါ်မှာ မူတည်တယ်။
 
HIV ကနေ AIDS ဖြစ်လာဘို့အချက်အလက်တွေ
ART ဆေးသောက်နေတာ၊ စောင့်ရှောက်ရေးဌာနမှာနေတာ၊ ဆရာဝန်ညွှန်ကြားတာကို တိတိကျကျ လိုက်နာတာ၊ အစာအာဟာရ လုံလောက်မျှတတာ၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာ။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s