အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ဆေး တရားမဝင်သောက်နေ

အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ဆေး တရားမဝင်သောက်နေ

မော်လမြိုင်၊ ၅ သြဂုတ် ၂၀၁၈
 
(ကန်တော့ပါ)
 
၃၁-၇-၂ဝ၁၈ နေ့ကထွက်တဲ့ ဗြိတိတ်ကလာတဲ့သတင်းမှာ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ဆေး တရားမဝင် အိမ်မှာ သောက်နေကြတယ်တဲ့။ အွန်လိုင်းကနေမှာတဲ့ ကိုယ်ဝန်ဖျက်ဆေးဖြစ်ပါတယ်။ အင်္ဂလန်ဥပဒေအရ ကိုယ်ဝန်ဖျက်ဆေးကို ဆေးခန်း ဆေးရုံတွေမှာသာ သောက်ခွင့်ရှိတယ်။ အွန်လိုင်းကမှာတဲ့ဆေးတွေက အန္တရာယ်ရှိတယ်။
 
လှုံ့ဆော်သူတွေကတော့ ဒုတိယဆေးကို အိမ်မှာ သောက်စေလိုကြတယ်။ စကော့်တလန်နဲ့ ဝေးလ်စ်မှာတော့ မကြာသေးခင်က ဥပဒေပြင်လိုက်တယ်။ အိမ်မှာသောက်လို့ရတယ်။
 
တရားဝင်အသိအမှတ်ပြု ကိုယ်ဝန်ဖျက်ဆေး ၂ မျိုးကို ၂၄ နာရီနဲ့ ၄၈ နာရီခြာပြီးသောက်ရတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း တာဝန်ရှိသူတွေကနေ တရားမဝင်ကိုယ်ဝန်ဖျက်ဆေး တသောင်းဖမ်းဆီးနိုင်ခဲ့တယ်။ ဥပဒေအရ ဆေးခန်းကို ၂ ကြိမ် လာရမယ်။ WHO ကတော့ အိမ်မှာသောက်ခွင့်ပေးထားတယ်။
 
Immediate abortion risks ကိုယ်ဝန်ဖျက်ခြင်း၏ လတ်တလော အန္တရာယ်များ
1. Pelvic Infection မွေးလမ်းကြောင်းထဲကို ရောဂါပိုးထိုသွင်းခံရခြင်းဖြစ်နိုင်တယ်။ ပိုးသေဆေးနဲ့ကုသရမယ်။ တချို့ကို ဆေးရုံတင်ကုသရတယ်။
 
Incomplete abortion risks တဝက်တပျက်ကိုယ်ဝန်ပျက်ခြင်း အန္တရာယ်များ
2. Infections ရောဂါပိုးဝင်ခံရနိုင်တယ်။ သွေးသွန်တာများမယ်။
3. Blood clots in the uterus သားအိမ်ထဲ သွေးခဲခြင်း
4. Heavy bleeding သွေးဆင်းများလို့ သွေးအားနည်းခြင်း
5. Cut or torn cervix သားအိမ်ဝ စုပ်ပြဲခြင်း
6. Puncture/Tear of the wall of the uterus သားအိမ်နံရံစုပ်ပြဲခြင်း
7. Anesthesia-related complications မေ့ဆေး ထုံဆေး အန္တရာယ်များ
8. Rh Immune Globulin Therapy သန္ဓေသား သွေးအုပ်စုနဲ့ မတူဖြစ်စဉ်
9. Scar tissue on the uterine wall သားအိမ်နံရံ အမာရွတ်ဖြစ်ခြင်း
 
D&E (Dilatation and Evacuation) သားအိမ်ခြစ်ခြင်း နောက်ဆက်တွဲဖြစ်နိုင်သည်များ
1. Uterine perforation သားအိမ်ပေါက်ခြင်း
2. Injury to the bowel or bladder ဆီးအိမ် အစာလမ်း ထိခိုက်ခြင်း
3. Incomplete removal အကုန်မထုတ်မိခြင်း
4. Inability to get pregnant နောက်ကိုယ်ဝန်ရရန် ခက်ခဲခြင်း
5. Hysterectomy သားအိမ်ထုတ်ရခြင်း
6. Hemorrhage သွေးထွက်လွန်ကဲခြင်း
 
မြန်မာနိုင်ငံမှာ ကိုယ်ဝန်ကို ဖျက်ခွင့်မရှိပါ။ ကျန်းမာရေးအကြောင်းပြချက်ရှိသူတွေကို ဖျက်ခွင့်ပေးနိုင်တယ်။ ကျွန်တော် နေ့တိုင်းလိုလို ကိုယ်ဖျက်မေးခွန်းတွေရနေတယ်။ ဆောရီး။ ဘယ်တိုင်းပြည်က ဆေးသုတေသနထဲမှာမှမပါတဲ့ ဆိုးကျိုးတခုကို သိတယ်။ အိမ်ထောင်ရက်သားကျတဲ့အခါ အရှုတ်အရှင်းဖြစ်ကြတယ်။ ဆောရီး။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s