မွန်ပြည်နယ်အပါအဝင် ရေဘေးသင့် မြို့နယ်ပေါင်း ၁၈ ခုမှ ပြည်သူများအနေဖြင့် MPT ဖုန်းအချင်းချင်း မိနစ် ၃၀ စာ အခမဲ့ခေါ်ဆိုခွင့်ရက်ပေါင်း ၃၀ အထိအသုံးပြုနိုင်မည်

This slideshow requires JavaScript.

 

မော်လမြိုင်၊ ၃ သြဂုတ် ၂၀၁၈

ဇူလိုင်လအတွင်းမှစတင်၍ ရေဘေးသင့်ခဲ့သည့် မြို့နယ် ၁၈ ခုမှ MPT သုံးစွဲသူများသည် သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ မိနစ်(၃၀) အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို ရက် (၃၀)ကြာ အသုံးပြုနိုင်ရန် ရရှိမည်ဖြစ်ပြီး မည်သည့် MPTဖုန်းကိုမဆိုခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ အဆိုပါဒေသများရှိ MPT သုံးစွဲသူများအနေဖြင့် အခမဲ့ ဖုန်းခေါ် ဆိုခွင့်ကို လျှောက်ထားရယူရန်လိုအပ်မည်မဟုတ်ဘဲ အလိုအလျောက်ရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ အခမဲ့မိနစ်များ အသုံးပြုနိုင်ပြီဖြစ်ကြောင်းကို MPT မှ စာတို(SMS) ပေးပို့ အသိပေးသွားမည်ဖြစ်ပါသည်။

MPT က  ဒီအစီအစဉ်ကို ရေဘေးသင့်ပြည်သူများအနေဖြင့် ၎င်းတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်စေရန်နှင့် အရေးပေါ် ကယ်ဆယ်ရေးလှုပ်ရှားမှုအဖွဲ့များထံသို့ ဆက်သွယ်နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်တာလဲဖြစ်ပါတယ်။ အခမဲ့အသုံးပြုခွင့်ရမယ့် ရေဘေးသင့်ဒေသတွေကတော့- မွန်ပြည်နယ်မှာ – ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ ကရင်ပြည်နယ်မှာ – လှိုင်းဘွဲ့၊ ဘားအံ၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး နဲ့ ပဲခူးတိုင်း (အရှေ့) မှာတော့ ညောင်လေးပင်၊ ပဲခူး၊ ရွှေကျင်၊ ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ တောင်ငူ နဲ့ ကျောက်ကြီးတို့ ပါဝင်ပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး MPT-KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကို က “ရေဘေးသင့်ဒေသတွေဖြစ်ခဲ့ရတဲ့ မွန်၊ ကရင် နဲ့ ပဲခူးတိုင်း(အရှေ့)က ပြည်သူတွေအတွက် MPT က အားလုံးနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ MPT ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိနေတာပါ။ အခုလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကျရောက်နေတဲ့ အချိန်မှာ  ဆက်သွယ်ရေးဟာ အင်မတန်အရေးကြီးမယ်ဆိုတာကို ကျွန်တော်တို့ MPT အနေနဲ့ ယုံကြည်ထားပါတယ်။ အဲ့ဒီအတွက်လည်း ၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်  ရေးလုပ်ငန်းစဉ်တွေမှာလည်း တစ်တပ်တစ်အား ပါဝင်ခဲ့တာကို အားလုံးအသိပါပဲ။ ဒီ လုပ်ဆောင်ချက်  တွေဟာ MPT ရဲ့ “နှလုံးသားထဲက မြန်မာ”ဆိုတဲ့ စကားကို သက်သေပြနေတဲ့ ဆောင်ရွက်ချက်တွေပါပဲ” လို့ ပြောပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s