မော်လမြိုင်တွင် အခမဲ့လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်မည်

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၈   Suu Foundation နှင့် Sea Lion Education and Social Fund တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ Capacity Development Myanmar (CDM) မြန်မာ့စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့က ပြုလုပ်တဲ့ အခမဲ့ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းကို မော်လမြိုင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ သြဂုတ်လ ၁၆ရက်နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ ၃ပတ် ကြာမြင့်မှာပါ။   ဒီသင်တန်းကို လျှပ်စစ်ပညာကို စိတ်ပါဝင်စားတဲ့သူတွေ၊ယခု လက်ရှိမှာ လျှပ်စစ်ပိုင်းနဲ့ အလုပ်လုပ်နေပီးတော့ လက်ရှိ မိမိ ဘဝကို မြင့်တင်ပြီး လစာပိုမိုကောင်းမွန်လိုသူတွေ တက်ရောက်နိုင်ပါတယ်။   သင်တန်းကို စိတ်ဝင်စားလို့ လျှောက်ထားချင်သူတွေဟာ အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် ရှိရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက … Continue reading မော်လမြိုင်တွင် အခမဲ့လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်မည်

Occupational safety and health လုပ်ငန်းခွင် ကျန်းမာရေး

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၈   ဆရာခင်ဗျာ လုပ်ငန်းခွင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတပုဒ်လောက် လိုချင်ပါတယ်ဆရာ။ လစဉ်ထုတ်ဂျာနယ်မှာ ဖော်ပြချင်လို့ပါ။ ကျေးဇူးပါခင်ဗျာ။   အင်ဒိုနီးရှားမှာ အလုပ်သွားလုပ်နေသူတဦးက အင်္ဂလိပ်လိုရေးပြီး မေးပါတယ်။ အလုပ်ခွင်ကထွက်တဲ့ အမှုံအမွှားတွေကို စိုးရိမ်လို့တဲ့။   အရင်ကလည်း မေးကြပါတယ်။ ဆရာ မင်္ဂလာပါခင်ဗျား။ ကျနော် အသက် ၃၃ နှစ်ရှိပြီ့း့ မှာ ကျောက်ပြားတွေကို ဂလိုက်ဒါတိုက်ပေး စားပေးရတဲ့အလုပ်ကို လုပ်ပါတယ်။ အလုပ်ခွင်မှာ mask အကောင်းစား သုံးပေမယ့်လည်း ကျောက်အမှုန်တွေကတော့ အနည်းနဲ အများ ဝင်ပါတယ်။ ကျောက်အမှုန်တွေဝင်တဲ့အတွက် ဘယ်လိုဆိုးကျိုးမျိုးတွေ ဘယ်လိုရောဂါမျိုးတွေ ဖြစ်နိုင်တယ်ဆိုတာ ပြောပြပေးပါဦးခဗျာ။ မျက်စိထဲကိုလည်း အမှုန်ဝင်တဲ့အတွက်ကြောင့် ၁ ပတ် ၁ ခါတော့ မျက်စဉ်းခတ်ပါတယ်ခင်ဗျား။ … Continue reading Occupational safety and health လုပ်ငန်းခွင် ကျန်းမာရေး