Occupational safety and health လုပ်ငန်းခွင် ကျန်းမာရေး

Occupational safety and health လုပ်ငန်းခွင် ကျန်းမာရေး

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၈
 
ဆရာခင်ဗျာ လုပ်ငန်းခွင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတပုဒ်လောက် လိုချင်ပါတယ်ဆရာ။ လစဉ်ထုတ်ဂျာနယ်မှာ ဖော်ပြချင်လို့ပါ။ ကျေးဇူးပါခင်ဗျာ။
 
အင်ဒိုနီးရှားမှာ အလုပ်သွားလုပ်နေသူတဦးက အင်္ဂလိပ်လိုရေးပြီး မေးပါတယ်။ အလုပ်ခွင်ကထွက်တဲ့ အမှုံအမွှားတွေကို စိုးရိမ်လို့တဲ့။
 
အရင်ကလည်း မေးကြပါတယ်။ ဆရာ မင်္ဂလာပါခင်ဗျား။ ကျနော် အသက် ၃၃ နှစ်ရှိပြီ့း့ မှာ ကျောက်ပြားတွေကို ဂလိုက်ဒါတိုက်ပေး စားပေးရတဲ့အလုပ်ကို လုပ်ပါတယ်။ အလုပ်ခွင်မှာ mask အကောင်းစား သုံးပေမယ့်လည်း ကျောက်အမှုန်တွေကတော့ အနည်းနဲ အများ ဝင်ပါတယ်။ ကျောက်အမှုန်တွေဝင်တဲ့အတွက် ဘယ်လိုဆိုးကျိုးမျိုးတွေ ဘယ်လိုရောဂါမျိုးတွေ ဖြစ်နိုင်တယ်ဆိုတာ ပြောပြပေးပါဦးခဗျာ။ မျက်စိထဲကိုလည်း အမှုန်ဝင်တဲ့အတွက်ကြောင့် ၁ ပတ် ၁ ခါတော့ မျက်စဉ်းခတ်ပါတယ်ခင်ဗျား။ အလုပ်နဲ့ပတ်သတ်တဲ့ ဓာတ်ပုံအချို့ကိုလည်း ပို့ပေးလိုက်ပါတယ်ခင်ဗျာ။
 
ဆောရီး။ ဒီအလုပ်မှာ ကျန်းမာရေးသတိထားစရာတွေရှိတယ်။ လုပ်ငန်းခွင်ကျန်းမာရေးဌာနကနေ လမ်းညွှန်တွေ ထုတ်ပေးမှာပါ။ ဓါတ်တွေမတူရင် အပြောရခက်တယ်။ အသက်ရှူလမ်းကနေဝင်မှာမို့ နှာခေါင်းနဲ့ ပါးစပ်ကိုသာ လုံအောင်ကြိုးစားပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကျယ်ကျယ်ပြန့်ပြန့် လမ်းညွှန်မှုတွေ လုပ်နေပါတယ်။ လုပ်ငန်းတိုင်းမှာ လိုက်နာဘို့စည်းကမ်း ဥပဒေတွေလည်းရှိရပါတယ်။ တချို့နေ ကင်ဆာဖြစ်စေနိုင်တယ်။ လုပ်ငန်းသုံး လမ်းညွှန်တွေရှိရမယ်။ လိုက်နာရတယ်။
 
ပတ်ဝန်းကျင်အခြေအနေကြောင့် ကင်ဆာအားလုံးရဲ့ ၁၉% ကိုဖြစ်စေတယ်။ တနှစ်မှာ ၁့၃ သန်း သေဆုံးစေတယ်။
ကင်ဆာဖြစ်စေတဲ့ ဓါတ်ပစ္စည်း + ဖျော်ထားတဲ့ဓါတ်ပစ္စည်း နဲ့ ထိတွေ့မှုတွေ စုစုပေါင်း ၁ဝ၇ ရှိတယ်။ Asbestos မီးခံကျောက်၊ benzene (ဘင်ဇင်း)၊ arsenic (အာဆင်းနစ်)၊ cadmium (ကဒ်မီယမ်)၊ ethylene oxide (အက်သလင်းအောက်ဆိုက်)၊ benzopyrene (ဘင်ဇိုပိုင်ရင်း)၊ silica (စီလီကာ)၊ Radon (ရက်ဒွန်)၊ ultraviolet radiation ခရမ်းလွန် ရောင်ခြည်၊ aluminum and coke အလူမီနီယမ်စက်ရုံ၊ iron and steel founding သံနဲ့ သံမဏိလုပ်ငန်းနဲ့ rubber စက်ရုံတွေအပါအဝင်ဖြစ်တယ်။
 
Radon (ရက်ဒွန်) ငွေ့ကြောင့် ၂ဝဝ၄ တုံးက အဆုပ်ကင်ဆာ နဲ့သေဆုံးမှုထဲက ၃-၁၄% ဖြစ်ခဲ့တယ်။ ၂ဝဝ၄ တုံးက ပတ်ဝန်းကျင်ကြောင့် ကင်ဆာနဲ့သေဆုံးသူ ၁၆၅ဝဝဝ ရှိခဲ့တယ်။ အဲဒီအထဲမှာ ပြင်ပလေမသန့်လို့ ၁ဝ၈ဝဝဝ ယောက်၊ ချက်ပြုတ်မှု အပူပေးမှုကနေဖြစ်တဲ့ အစိုင်အခဲငွေ့ကြောင့် ၃၆ဝဝဝ ယောက်နဲ့ တဆင့်ခံ ဆေးလိပ်ငွေ့ရှူရလို့ ၂၁ဝဝဝ ယောက်ပါဝင်တယ်။ လေထဲကနေရတဲ့ ကင်ဆာဖြစ်တေဲ့ဓါကြောင့် ၂ဝဝ၄ တုံးက လူပေါင်း ၁၁၁ဝဝဝ ယောက် သေဆုံးခဲ့တယ်။ အဲဒီအထဲမှာ မီးခံကျောက်ကြောင့် ၅၉ဝဝဝ ယောက်နဲ့ UV radiation ခရမ်းလွန်ရောင်ခြည်ကြောင့် (၆၅ဝဝဝ + ၁၂ဝဝဝ) အရေပြား (မှည့်) ကင်ဆာဖြစ်တယ်။
 
Benzene ဘင်ဇင်းနဲ့ ionizing radiation ကြောင့် ၇၄ဝဝ ယောက် လူကီးမီးယားဖြစ်ပြီးသေရတယ်။
ဘင်္ဂလားဒက်ရှ်မှာ ၃၇ဝဝ ယောက် အာဆင်းနစ်အဆိပ်သင့်လို့သေဆုံးခဲ့တယ်။ ကာကွယ်ရေးတွေလုပ်နိုင်ရင် ကာကွယ်နိုင်တယ်။ တရုပ်ပြည်မှာ ၁၉၈၂-၁၉၉၂ အတွင်း တောရွာတွေမှာ မီးဖိုတွေ လုပ်ပေးခဲ့နိုင်လို့ လူပေါင်း ၁၂၉ သန်းကိုကာကွယ်ရာကျတယ်။
 
နောက်တယောက်က ကျွန်တော့်အလုပ်မှာ Cement ဘိလပ်မြေလောင်လို့ လက်တွေမှာ အနာဖြစ်တယ် ပြောတယ်။ ခဏခဏ ပြန်ဖြစ်တယ်တဲ့။ နေရာတိုင်းတော့ မဟုတ်ဘူးတဲ့။ လက်အထိ များဆုံးနေရာက လက်ညိုးနဲ့ လက်ခလယ် ပထမ အဆစ်လေးတွေမှာ ဖုသေးသေးလေးတွေ ဖြစ်ဖြစ်နေတာတဲ့။ ပင်နယ်ဆလင် စားရင် နဲနဲသက်သာပြီး ပြန်လုပ်ရင် ပြန်ဖြစ်တယ် ပြောတယ်။ အဲဒါကို ဘယ်လို လုပ်ရမလဲ၊ ဘယ်လို ကာကွယ်ရမလဲ။
 
နောက်တယောက်ကတော့ ဆရာရှင့် သမီးတို့စက်ရုံက Ready Mixed Concrete ဖျော်တဲ့စက်ရုံဖြစ်ပါတယ်။ စက်ရုံတွင်း concrete ဖျော်ရာတွင် အသုံးပြုရသည့် cement အမှုန်များလွှင့်နေပြီး စက်ရုံအတွင်းရှိ ဝန်ထမ်းများမှာ ၄င်းအမှုန်များအား ရှုရှိုက်နေရပါသည်။ ထို့ကြောင့် cement အမှုန်များရှုသွင်းမိလျှင်သော်လည်းကောင်း၊ cement များကိုင်တွယ်ပြီး လက်မဆေးမိပဲ အစာစားမိ လျှင်သော်လည်းကောင်း ကျန်းမာရေးနှင့်ပါတ်သက်၍မည်သို့ထိခိုက်နိုင်ပြီး မည်သည့် ရောဂါများဖြစ် စေနိုင်သည်ကို သိချင်ပါသည်ဆရာ။ ထိုသို့သိမှသာ ဝန်ထမ်းများအား ကျန်းမာရေးနှင့် ပါတ်သက်ပြီး ပိုမိုအသိပေးနိုင်မည်ဖြစ်ပြီး PPE (Personal Protective Equipment) ဝတ်ဆင်ရာမှာရန်အတွက်လည်း ပိုမိုထိထိရောက်ရောက်ပြောနိုင်မည်ဖြစ်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ သမီးတို့အနေဖြင့်လည်း ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ပါတ်သက်ပြီး care ပြုလုပ်ဆောင်ရွက်ချင်ပါသည်။ ထို့ကြောင့် ၄င်းဘိလပ်မြေအမှုန်ကိုရှုရှိုက်နေရသည့် ဝန်ထမ်းများအားလုံးအား ကျန်းမာရေး ရှုထောင့်အနေဖြင့် မည်သည့်အသီးအနှံ (သို့) မည်သည့်ဟင်းလျာ ကျွေးလျှင် သင့်တော်မည် အမှုန်ရှုရှိုက်မိသော်လည်း ခန္ဓာကိုယ်အတွင်းချေဖျက်နိုင်သည့် အစာစာမျိုးကို ဆရာဖြေကြားပေးပါရှင့် ဆရာ၏ဖြေကြားချက်ပေါ်မူတည်ပြီး သမီးတို့ ဝန်ထမ်းများ၏ ကျန်းမာရေးတိုးတက်အောင် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်တယ်။ သမီးတို့စက်ရုံက ဝန်ထမ်းအားလုံးကို ထမင်းကျွေးပါတယ်ဆရာ။
 
Cement dust အင်္ဂတေရဲ့ ကျန်းမာရေးအန္တရာယ်
၂၁ ရာစုထဲရောက်ပေမဲ့ ကမ္ဘာမှာ သန်းပေါင်းများလှတဲ့ လူတွေဟာ ကျန်းမာရေး-အန္တရာယ် များတဲ့ ပါတ်ဝန်းကျင်မှာ အလုပ်လုပ်နေကြရသေးတယ်။ Fume အခိုး၊ Gases ဓါတ်ငွေ့၊ Dust အမှုံတွေကြောင့် Occupational disease လုပ်ငန်းခွင် ရောဂါတွေ ရနေကြရတယ်။
 
အင်္ဂတေ-အမှုံတွေကနေ –
• Lung function impairment အဆုပ်ရဲ့အလုပ်တွေကို ထိခိုင်စေတယ်။
• Chronic obstructive lung disease နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ၊
• Restrictive lung disease အသက်ရှူကြပ်ရောဂါ၊
• Pneumoconiosis (နူမိုကော့ကိုးဆစ်) ရောဂါ၊
• Lungs အဆုပ်-ကင်ဆာ၊ Stomach အစာအိမ်-ကင်တဆာ၊ Colon အူမကြီး-ကင်ဆာတွေလဲ ရလာနိုင်တယ်။
• Systemic circulation သွေးလှည့်လမ်းကြောင်းထဲ ဝင်လာနိုင်ရင် Heart နှလုံး၊ Liver အသဲ၊ Spleen ဘေလုံး၊ Bone အရိုး၊ Muscles ကြွက်သား နဲ့ Hairs ဆံပင်တွေကို ထိခိုက်လာနိုင်သေးတယ်။
 
Spirometry နည်းနဲ့ Radiology ဓါတ်မှန်သုံးပြီး လေ့လာနေကြတယ်။ တိတိကျကျတော့ ထုတ်ပြန်တာ မရှိသေးပါ။ Work Safely with Concrete and Cement လုပ်ငန်းခွင် သတိပေးချက်တွေ ရှိတယ်။ Sand သဲ၊ Aggregate ကျောက် နဲ့ ရေ သုံးတာ များတယ်။ ထပ်ဖြည့်သုံးတဲ့ Alkaline compounds (Lime) ထုံးကျောက်ဟာ လူ့အရေပြားကို Corrosive လောင်စေတယ်။ Crystalline silica ကလဲ Abrasive ပြတ်ရှစေတယ်၊ အဆုပ်ကို ထိခိုက်တယ်။ Hromium ဆိုတာက (အလာဂျီ) ရစေတယ်။
 
မကောင်းကျိုးသက်ရောက်မှုဟာ အချိန်ကြာလေ ဆိုးလေဖြစ်တယ်။ အရေပြား သာမကဘဲ မျက်စိထဲဝင်တာ၊ လေထဲကနေ ရှူရတာတွေကြောင့်ပါ ဖြစ်ရတယ်။ အရေပြားထိတာကနေ အပူလောင်မယ်၊ အနီပြင်တေ ဖြစ်မယ်၊ နေမထိမခံသာ ဖြစ်မယ်။ ကြာရင် မတည့်သလို ဖြစ်လာမယ်။ မျက်စိနဲ့ထိရင် ချက်ချင်းဖြစ်ဖြစ် နောက်မှဖြစ်ဖြစ် နေမထိ-မခံသာ ဖြစ်မယ်။ နာမယ်၊ နီရဲလာမယ်၊ လောင်မယ်။ ရှူတာကနေ နှာခေါင်းနဲ့ လည်ချောင်းမှာ နေမထိ-မခံသာ ဖြစ်မယ်။ ကြာရင် အဆုပ်ရောဂါတမျိုး ဖြစ်နိုင်တယ်။
 
ကာကွယ်နည်းတွေ
1. Alkali resistant gloves လက်အိတ်သုံးပါ။
2. Long sleeves and pants လက်ရှည်တွေ ဝတ်ပါ။
3. Waterproof boots လည်ရှည် (ဘု) ဖိနပ်သုံးပါ။
4. Safety glasses with side shields အတူးမျက်မှန် သုံးပါ။ Contact lenses မသုံးပါနဲ့။
5. Employer-approved respiratory protection ရှူရသူတွေက အကာအကွယ်သုံးပါ။
6. Wash your hands and face before eating, drinking, smoking or using the toilet at the end of the day အစာမစားခင်၊ မသောက်ခင်၊ ဆေး-ဆေးလိပ် မသောက်ခင်၊ အိမ်သာသုံးစဉ်၊ အလုပ်ဆင်းချိန်တိုင်းမှာ ကျကျနန ဆေးကြောပါ။
7. Safe work practices and procedures လုပ်ငန်းခွင် သတ်မှတ်ချက်တွေအတိုင်း လိုက်နာပါ။ မလိုအပ်ရင် ခပ်ဝေးဝေးမှာ နေပါ။ လုပ်ငန်းခွင်ကလည်း လေများများရတာ ဖြစ်ပါစေ။
8. အမှုံထွက်သက်သာအောင် Wet down and wet cut အစိုဓါတ်သုံးပါ။
9. အင်္ဂတေနဲ့ ထိစရာလိုရင် Dry board or waterproof kneepads ကြားခံတခုခု သုံးပါ။
10. အင်္ဂတေအစို ထိမိရင် ရေဆေးလိုက်ပါ။
 
ကျန်းမာရေးဌာနတွေမှာ တာဝန်ထမ်းနေကြသူတွေမှာလည်း လုပ်ငန်းခွင်ကျန်းမာရေး သတိထားစရာတွေရှိတယ်။ အသက်ရှူလမ်းကနေ ကူးစက်နိုင်တယ်။ ဥပမာ သလိပ်ပိုးရှိသူဆီက အဆုပ်တီဘီ။ သွေးကိုင်ရသူတွေက သွေးကတဆင့်ကူးစက်ရောဂါတွေ ကူးစက်ခံရနိုင်တယ်။ HIV အိတ်ခ်ျအိုင်ဗွီ၊ အသည်းရောင် ဘီ နဲ့ စီတွေက ထိပ်ကဖြစ်တယ်။ ကျွန်တော် ဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းမှာ Blood Borne Pathogen Training ကို ဆရာတိုင်း အွန်လိုင်းကနေ လုပ်ကြရတယ်။
 
1. Animal bite wound care အကောင်ကိုက်ဒဏ်ရာ https://doctortintswe.blogspot.com/2017/07/animal-bite-wound-care.html
2. Cancer risk factors ကင်ဆာ ဘာလို့ဖြစ်ရသလဲ https://doctortintswe.blogspot.com/2016/05/cancer-risk-factors.html
3. Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ https://doctortintswe.blogspot.com/2014/12/computer-eye-strain.html
4. Knee sprain ဘောလုံးသမား ဒူးနားခိုက်မိ https://doctortintswe.blogspot.com/2017/08/knee-sprain.html
5. Laptop computer ကို ပေါင်ပေါ်မှာ တင်ပြီးသုံးရင် https://doctortintswe.blogspot.com/2017/09/laptop-computer.html
6. Long walking and health ခရီးရှည်လမ်းလျှောက်သူတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေများ https://doctortintswe.blogspot.com/2015/03/long-walking-and-health.html
7. Low Back Pain ခါးနာ သက်သာစေရန် https://doctortintswe.blogspot.com/2017/08/low-back-pain.html
8. Poor posture and Health အနေအထိုင်နဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2016/11/poor-posture-and-health.html
9. Sitting Position ဆရာမနဲ့ အနေအထိုင် https://doctortintswe.blogspot.com/2017/06/sitting-position.html
10. Welding fume health hazards ဂဟေဆော်လုပ်ငန်းနှင့် ကျန်းမာရေး https://doctortintswe.blogspot.com/2016/04/welding-fume-health-hazards.html
 
Dr. တင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s