မော်လမြိုင်တွင် အခမဲ့လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်မည်

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၈
 
Suu Foundation နှင့် Sea Lion Education and Social Fund တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ Capacity Development Myanmar (CDM) မြန်မာ့စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့က ပြုလုပ်တဲ့ အခမဲ့ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းကို မော်လမြိုင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ သြဂုတ်လ ၁၆ရက်နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ ၃ပတ် ကြာမြင့်မှာပါ။
 
ဒီသင်တန်းကို လျှပ်စစ်ပညာကို စိတ်ပါဝင်စားတဲ့သူတွေ၊ယခု လက်ရှိမှာ လျှပ်စစ်ပိုင်းနဲ့ အလုပ်လုပ်နေပီးတော့ လက်ရှိ မိမိ ဘဝကို မြင့်တင်ပြီး လစာပိုမိုကောင်းမွန်လိုသူတွေ တက်ရောက်နိုင်ပါတယ်။
 
သင်တန်းကို စိတ်ဝင်စားလို့ လျှောက်ထားချင်သူတွေဟာ အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် ရှိရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက NSSA Level 1 စာမေးပွဲ သို့ ဝင်ရောက်ဖြေဆိုနိုင်ရန် နိုင်ငံသားမှတ်ပုံတင် လိုအပ်မှာပါ။
 
သင်တန်းကို သင်တန်းသား ဦးရေကန့်သတ် ထားပြီး အခမဲ့ သင်တန်းဖြစ်သည့်အတွက် သင်တန်းလျောက်လွှာများ များပြားလာနိုင်တာကြောင့် အင်တာဗျူး ဖြင့်ရွေးချယ်မှာဖြစ်ပါတယ်။
 
သင်တန်းဖွင့်လှစ်မည့်အချိန်စာရင်းတွေကတော့ သြဂုတ်လ ၁၀ရက်နေ့မှာ အင်တာဗျူးမှာဖြစ်ပြီး ၁၆ရက်နေ့မှာ သင်တန်းဖွင့်လှစ်မှာဖြစ်ပါတယ်။ ၃ပတ်ကြာမြင့်မယ့် ဒီသင်တန်းကို မနက် ၉နာရီမှ ညနေ ၄နာရီထိ တနလာင်္နေ့မှ စနေနေ့ အထိ သင်ကြားမှာဖြစ်ပါတယ်။
 
သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ဦးသန်းကြည်-09791114356 နှင့် CDM Office – 09963543482 တို့ကို ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။
 
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s