Moles မှဲ့

Moles မှဲ့ (၁)

မော်လမြိုင်၊ ၅ ဇူလိုင် ၂၀၁၈
 
၁။ ဆရာရှင့် ညာဘက်မျက်လုံး အောက်မျက်ခမ်း မျက်တောင်မွေးကြားတွင် မှဲ့ရှင်ကဲ့သို့သော အဖုကလေး ပေါက်နေလို့ပါ နှစ်ချီပြီးကြာနေပါပြီ ကြီးကြီးလာနေလို့ပါ မျက်စဉ်းခတ်ရင် ပျောက်နိုင်ပါသလားရှင့် အသက် ၃၁ မ အိမ်ထောင်ရှိ မည်သည့်ဆေးခန်းမျှ ပြသဖူးခြင်းမရှိပါ (မျက်စဉ်းနဲ့ မှဲ့ မဆိုင်။)
 
၂။ ဒေါက်တာရှင် သမီးမျက်နာမှာ မှဲ့လေးခုတောင်ရှိပါတယ်။ မှဲ့ဖျက်ရင် အန္တရာယ်ဖြစ်နိုင်လား။ သမီးဦးလေးက မှဲ့ဖျက်ပေးမယ်ဆိုလို့ပါဆရာ။ သမီးက့ မှာ စီစဉ်တင်သက်သူ အလုပ်ဝင်ရတော့မှာမို့လို့ပါဆရာ။
 
မှဲ့ ကို ဆေးစာနဲ့ Melanocytic naevus လို့ခေါ်တယ်။ လူတိုင်းလိုလို Congenital naevi မွေးရာပါရော နောက်မှ ပေါက်တာရော အများကြီးဖြစ်တယ်။ နောက်ပေါက်တွေက နေရောင်နဲ့ထိရာကနေဖြစ်လာတယ်လို့ ယူဆတယ်။ နေရောင် မထိတဲ့ နေရာတွေလဲ ပေါက်တာပါဘဲ။ အသက်ရမှ ပေါက်လာတတ်သလို တချို့ပေါက်ပြီးသားလဲ ပျောက်တတ်တယ်။ ကျွန်တော့ညာဖက်ပါးကမှဲ့ကကြီးတယ်။
 
အနုကြည့်မှန်ဘီလူးနဲ့ကြည့်ရင် ပုံမှန်မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ ဘာမှစိုးရိမ်စရာမလိုဘူးပြောရင်ရပါတယ်။ Melanocytes လို့ခေါ်တဲ့ Pigment cells အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေ ဖြစ်တယ်။
 
စိုးရိမ်စရာ ဘာရှိလဲ
လူနည်းနည်းလောက်မှာ ကံမကောင်းရင် တချိန်မှာ Skin cancer အရေပြား-ကင်ဆာ ဖြစ်နိုင်တယ်။ Malignant melanoma ဖြစ်ရင် ဆိုးတယ်။ စောစောသိရင် ခွဲစိတ်ပြစ်မှ ကောင်းတယ်။ ကိုယ်မှာ မှဲ့တွေများနေတာ မကောင်းပါ။ ကြည့်မကောင်းတာ မဟုတ်ဘူး။ မှဲ့အစိတ်လောက်ပေါက်ရင် ကင်ဆာဖြစ်နိုင်တယ်။ နေရောင်နဲ့ မထိနိုင်အောင် ကြိုးစားတာဟာ ကာကွယ်နည်းတခုဖြစ်တယ်။ မိသားစုထဲမှာ အရေပြားကင်ဆာရှိသူ သတိထားရမယ်။
 
ကင်ဆာမှန်း ဘယ်လိုသိမလဲ
Clinical photographs ပုံရိုက်စစ်ဆေးရတယ်။ Halo naevi အရောင်နုတဲ့မှဲ့ ကင်ဆာမဟုတ်ပါ။ Vitiligo ခေါ် တခြားအရေပြားရောဂါကို ကူးသွားတာလဲ ရှိတယ်။ Blue naevus အပြာရောင်မှဲ့ West Indian ကလေးငယ်တွေမှာ ရှိတတ်တယ်။ ဘာမှမထူးခြားပါ။ Juvenile melanoma (Spitz naevus) ပန်းရောင်ကနေ ခပ်ညိုညိုအရောင်ရှိတယ်။ ကင်ဆာမဟုတ်ပါ။ မှဲ့က ခြေဖဝါးမှာပေါက်ရင်၊ အမွှေးပေါက်ရင် ကင်ဆာဖြစ်မယ်ဆိုတာ မဟုတ်ပါ။
 
ဘာကို သတိထားနေရမလဲ
ယားမယ်၊ နာမယ်၊ အရွယ်အစားကြီးလာမယ်၊ ပုံသဏ္ဌာန် (ဘေးနှုတ်ခမ်းနေရာတွေမှာ) မညီမညာဖြစ်လာမယ်၊ အရောင်ပြောင်းလာမယ်၊ ပိုမဲနက်လာမယ်၊ ယုတ်တရက် သွေးထွက်လာမယ်၊
 
Mole Removal Introduction ခွဲစိတ်နည်းတွေ
၁။ Excision followed by stitches ခွဲထုတ်-ပြန်ချုပ်နည်း နဲ့
၂။ Excision with cauterization မီးရှို့-ဖြတ်ထုတ်နည်း။
၃။ Laser removal လေးဆာသုံးနည်း။ အကောင်းဆုံးနည်း မဟုတ်ပါ။ ရောင်ချယ် (ဆဲလ်) တွေက အရေပြား အတွင်းပိုင်းမှာရှိလို့ လေဆာက မရောက်နိုင်တာ ဖြစ်တတ်တယ်။
 
Birthmarks ဆိုတာ မွေးရာပါအမှတ်၊ Hemangiomas သွေးကြောအစုအဝေး၊ Keratoses အသက် ၃ဝ ကျော်ရင် ဖြစ်လာတတ်တဲ့ အစက်အပျောက်၊ ကင်ဆာမဟုတ်ဘူး။ နောင်မှာ ရှားရှားပါးပါး ဖြစ်တတ်တယ်။
 
မှည့်ဖျောက်နည်းတွေကနေ အမာရွတ်ကျန်တတ်တာသိထားပါ။ အမာရွတ်ထင်တာ မထင်တာက တယောက်နဲ့တယောက် မတူကြပါ။
 
 
Dr. တင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s