ထိုင်းနိုင်ငံဂူထဲမှာ အသက်ရှင်လျှက်ပြန်တွေ့တဲ့ ကလေးတွေ အပြင်ပြန်ရောက်ဖို့ ဂူထဲမှာ လနဲ့ချီကြာနိုင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၃ ဇူလိုင် ၂၀၁၈
 
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အနီးက ထမ်လွန်နမ့်နွန်ဂူထဲမှာ ပိတ်မိနေတဲ့ ဘောလုံးသမားကလေး ၁၂ယောက်နဲ့ နည်းပြတို့ဟာ ဂူအပြင်ကို ပြန်ထွက်ဖို့အတွက် ရေငုပ်နည်းကို သင်တာ သို့မဟုတ် ရေကျသွားတဲ့အချိန်အထိ လနဲ့ချီပြီး စောင့်ရတာဖြစ်ရနိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ စစ်တပ်က ပြောဆိုလိုက်ပါတယ်။
 
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဂူထဲမှာ ရေတက်နေတာနဲ့ ရင်ဆိုင်နေရပြီး လက်ရှိမှာတော့ အစားအစာတွေနဲ့ ဆေးဝါးထောက်ပံ့မှုတွေ ယူဆောင်သွားနေကြပါတယ်။
 
အခုလက်ရှိမှာတော့ ကလေးတွေအတွက် လေးလစာ လုံလောက်မယ့် အစားအစာတွေကို ထောက်ပံ့ပေးထားမယ် လို့ ထိုင်းစစ်တပ်က ပြောဆိုပါတယ်။
 
ထိုင်းနိုင်ငံတောင်ပိုင်း ချင်းရိုင်က ထမ်လွန်ဂူဟာ ပုံမှန်အားဖြင့် စက်တင်ဘာ နဲ့ အောက်တိုဘာလအထိ ရေကြီးရေလျှံလေ့ရှိပါတယ်။ သူတို့ကို အဲဒီလတွေ မတိုင်မီ ဂူအပြင်ထုတ်မယ်ဆိုရင် ဂူထဲက အန္တရာယ်များပြီး ရွံထူထပ်တဲ့နေရာတွေနဲ့ ရေအပြည့်လွှမ်းနေတဲ့နေရာတွေကို ဖြတ်ရမှာဖြစ်တာကြောင့် ကလေးတွေအနေနဲ့ အခြေခံရေငုပ်နည်းတွေကို သင်ယူရမှာဖြစ်ပါတယ်။
 
ကလေး၁၂ယောက်နဲ့ သူတို့ရဲ့ ဘောလုံးအသင်းနည်းပြတို့ဟာ ဂူထဲမှာ ၉ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးမှ ဇူလိုင်လ ၂ရက်နေ့ တနလာင်္နေ့ည ကမှ ရေငုပ်သမားတွေက ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
Mawlamyine Daily
 
Ref: BBC, Thai NavySEAL

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s