လက်မှုပညာ ထုတ်ကုန်များကို စိတ်ဝင်စားသူများအတွက် Internship ခေါ်ယူ

33401237_2296234050404541_1287115094890643456_n

မော်လမြိုင်၊ ၃၀ မေ ၂၀၁၈

လက်မှုထုတ်ကုန်များနှင့် ပတ်သက်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်အတွက် Internship အစီအစဉ်ကို MBoutik Social Business က စီစဉ်တာဖြစ်ပြီး Internship ကာလမှာ ၂၀၁၈ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ ကနေ ဒီဇင်ဘာလ ၁၄ရက်နေ့ထိ ကြာမြင့်မှာဖြစ်ပါတယ်။

MBoutik ဟာ မြန်မာအမျိုးသမီး လက်မှုပစ္စည်း ထုတ်လုပ်ရောင်းချသူများ လုပ်ကိုင်ကြတဲ့ စီးပွားရေးတစ်ခုဖြစ်ပြီး မြန်မာရိုးရာ လက်မှုချည်ထည်များနဲ့ ရိုးရာပစ္စည်းများကို မြန်မာပြည်တွင်းနဲ့ နိုင်ငံရပ်ခြားက သုံးစွဲသူတွေထံ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ MBoutik ဟာ ActionAid Myanmar ရဲ့ လူမှုစီးပွားရေး အစီအစဉ် တစ်ခုလဲဖြစ်ပါတယ်။

နိုင်ငံခြားသားခရီးသွားတွေ အများဆုံးလာရောက်တဲ့ ပုဂံမြို့မှာ အခြေစိုက်ပြီး ရန်ကုန်မှာလဲ ဆိုင်ခွဲအသေးလေး တစ်ခု ဖွင့်လှစ်ထားပါတယ်။

လက်မှုပညာ ထုတ်ကုန်များနဲ့ ပတ်သက်ပြီး မြန်မာနဲ့ သြစတြေးလျက ပညာရှင်တွေဆီကနေ ရက်သတ္တပတ် ၂၀ ကြာ လေ့လာဆည်းပူးခွင့်ရမယ့် ဒီ Internship ကို လျှောက်ထားလိုသူတွေဟာ Sale and Marketing သို့မဟုတ် ဒီဇိုင်းပညာရပ်တွေမှာ ဘွဲ့ရထားသူများဖြစ်ရပါတယ်။ သုတေသန ပြုလုပ်နိုင်ပြီး ဈေးကွက်အသစ် ရရှိအောင် လုပ်နိုင်တဲ့ အရည်အချင်းနဲ့ အတွေ့အကြုံလဲရှိရပါမယ်။ လက်မှုပညာထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အခြေခံ ဗဟုသုတရှိရပါမယ်။

Internship ဆင်းဖို့ ရွေးချယ်ခံရသူတွေကို ခရီးစရိတ်၊ နေထိုင်စရိတ် နဲ့ နေ့စဉ်အသုံးစရိတ်တွေကို ထောက်ပံ့ပေးသွားမှာလဲဖြစ်ပါတယ်။

စိတ်ဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်တော့ Application Letter နဲ့ CV ဖောင်တွေကို အမှတ် (၅၆၀)၊ သီရိပစ္စယာ ၄ရပ်ကွက်၊ အနော်ရထာလမ်း၊ ညောင်ဦး မြို့ကို စာတိုက်မှ တဆင့်ဖြစ်စေ၊ mboutiksedn@gmail.com ကို အီးမေးလ်ပေးပို့ပြီး ဖြစ်စေ မေလ ၃၁ရက်နေ့ ညနေ ၅နာရီ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s