ဧပြီလ ၂၉ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ ဧပြီ ၂၀၁၈   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရ နောက်(၂၄)နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါ သည်။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ် အသင့်အတင့် ဖြစ်ထွန်းနေပါသည်။   ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ် ပါသည်။   မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် … Continue reading ဧပြီလ ၂၉ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Tips to Protect Yourself from Unhealthy Air လေထုညစ်ညမ်းမှု ကာကွယ်ရေး

မော်လမြိုင်၊ ၂၉ ဧပြီ ၂၀၁၈   အမေရိကန်အဆုတ်အသင်းရဲ့ လမ်းညွှန်ချက်ကို အခြေခံရေးပါတယ်။ မသန့်ထဲလေထုကို Smog လို့ခေါ်တယ်။ လေမသန့်ရင် အဆုတ်နဲ့ နှလုံးသွေားကြောစနစ်ကို မကောင်းဆိုးကျိုးတွေ ဖြစ်စေတယ်။ အသက်ရှူလမ်းမှာ ရောဂါတခုခုရှိနေသူတွေမှာ ပိုဆိုးစေတယ်။   ၁။ Check daily air pollution forecasts in your area သင့်နေထိုင်ရာဝန်းကျင်ရဲ့ လေထုအခြေအနေထုတ်ပြန်ချက်ကို စစ်ဆေးနေပါ။ Air app ကို ဖုန်းမှာ ဒေါင်းလုဒ်လုပ်လို့ရတယ်။ တီဗွီ၊ ရေဒီယိုတွေကနေလည်း ကြေညာပေးနေတယ်။   ၂။ Avoid exercising outdoors လေထုညစ်ညမ်းမှုမြင့်နေချိန်မှာ အိမ်ပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာ မသင့်ပါ။ ဈေးထွက်ဝယ်တာ၊ လည်ပတ်တာလည်း မသင့်ပါ။ ကလေးတွေနဲ့ မိသားစုဝင်အားလုံး လိုက်နာရပါမယ်။ … Continue reading Tips to Protect Yourself from Unhealthy Air လေထုညစ်ညမ်းမှု ကာကွယ်ရေး