“နွေပြဇာတ်နဲ့ နှစ်ဟောင်းကိစ္စသတိတရနဲ့ နှစ်သစ်အကြောင်းပြောပြမယ်”

မော်လမြိုင်၊ ၂၁ ဧပြီ ၂၀၁၈
(ကဗျာ)
 
ဆက် က ရ မယ်
 
ကျနော်တို့ ခင်ဗျားတို့ အားလုံး
 
ဆက် က ရ ဦး မယ်
 
စဖွင့်လိုက်တာနဲ့ ရွက်ဟောင်းတွေအရင်ကြွေတယ်
 
မြက်ပင်တွေသေတယ်
 
ပြီးတော့ ငုတွေ မွေးလာတယ်
 
မိုးတစ်ခု နှစ်ခု ရွာလာတယ်
 
ဥသြဟာ ရင်ကွဲနာသီချင်းနဲ့ငိုလို့မပြီးခင်
 
ပိတောက် တစ်စက် နှစ်စက် ပွင့်လို့
 
သင်္ကြန်က တန်ခူးပေါ် ရွာချတယ်
 
ခင်ဗျားတို့မှာက လေးရက်
 
ကျနော်တို့မှာက ငါးရက်တိတိရွာတယ်
 
ခဏပါပဲ ခဏတာအေးချမ်းဖို့ဆိုလား
 
ရှေးအဆိုတွေရှိခဲ့ဖူးတယ် ဘာညာပေါ့
 
သိပ်နားမလည်ပေမယ့် ပျော်တဲ့သူတွေများတယ်
 
သင်္ကြန်ကြောင့် couple ဇာတ်လမ်းတွေရေးသူတွေရေး
 
သင်္ကြန်နဲ့ထိပြီး အသဲကွဲသွားသူတွေက ဟက်တက်ကြီး လူတွေကြားထဲ ကွဲလိုကွဲ ပြဲလိုပြဲ
 
ရေစိုခဲ့တဲ့ အိပ်မက်တွေနဲ့
ရေစိုသွားလို့ လိပ်စာပျောက်သွားခဲ့သူတွေက KTV မှာ ရှာပုံတော်တွေဖွင့်လို့
 
ပြီးတဲ့ကိစ္စက အချိန်တန်တော့လည်းပြီးခဲ့
 
မပြီးသေးတာက တန်ခူးမှာ ဘာကုသိုလ်တွေလုပ်ပြီး ထူးခဲ့လဲ
 
မေးကြ မှန်ကြည့်ပြီးမေးကြည့်ကြ
 
ဒါက နှစ်ဟောင်း ကအကြောင်းတွေ
ဒီလောက်ပဲ ခေါက်သိမ်းထားလိုက်ပေါ့
 
နောက်ဆုံးခန်းအတွက် မုတ်သုန်ထွက်တာနောက်ကျမယ်ထင်တယ်
 
နွေကတော့ လောင်ကောင်းနေဆဲ
 
အခု နှစ်သစ်ကိုတော့ရောက်လာပြီ
 
လူအဟောင်းတွေနဲ့ နိုင်ငံတော်အဟောင်းထဲ
 
ဘေးဘယာတွေဝေးကွာလို့
 
အားလုံးအေးချမ်းသာယာပါစေကြောင်း
 
ဆုမွန်ကောင်းတောင်းလို့ နှစ်သစ်အကြောင်း စပြောခဲ့မယ်
 
လောက ကြီးရေ မင်္ဂလာပါ ခင်ဗျာ ။ ။
 
ဂိုးဂိုး(မောရမြိုင်)
Mawlamyine Daily