ရုပ်ရှင်မင်းသမီး Allison Mack လိင်ကုန်ကူးမှုနဲ့ ဖမ်းဆီးခံရ

31056796_1247283235401657_4446164949571469312_n

မော်လမြိုင်၊ ၂၂ ဧပြီ ၂၀၁၈

Smallville ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသမီး Allison Mack ဟာ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှုတွေနဲ့ ဖမ်းဆီးခံထားရတယ်လို့ တရားရေးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။  သူမဖမ်းဆီးခံရမှုမှာ သူမပါဝင်လှုပ်ရှားနေတဲ့ Nxivm လို့ခေါ်တဲ့ ကိုယ်တိုင်ကူညီရေးလူမှုရေးအဖွဲ့လဲ ပါဝင်ပတ်သက်တာကြောင့်  Nxivm မှာပါဝင်သူတချို့ကိုပါ ဖမ်းဆီးထားတာပါ။ သူတို့ဟာ ဆက်သွယ်လာတဲ့မိန်းကလေးတွေကို လိင်ကျွန်ပြု အစီအစဉ်မှာ အသုံးချခဲ့တယ်လို့ စွဲဆိုခံရထားရပြီး ဒါဟာ မြေအောက်ရာဇဝတ်မှုဖြစ်တယ်လို့ဆိုပါတယ်။

Nxivm ဝဘ်ဆိုက်ကို တည်ထောင်သူဟာ Keith Raniere ဖြစ်ပြီး သူ့ကိုတော့ ပြီးခဲ့တဲ့လက မက်ဆီကိုမှာ ဖမ်းထားပြီးပါပြီ။ သူတို့အဖွဲ့ သိမ်းသွင်းရယူနိုင်တဲ့ အမျိုးသမီးတွေကို DOS ခေါ်အစီအစဉ်ထဲမှာ လိင်ကျွန်လို စေခိုင်းခဲ့တာပါ။

မင်းသမီးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူမ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။

Nxivm ဝက်ဆိုဒ်ရဲ့ ပင်မစာမျက်နှာမှာဖော်ပြထားတဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့အဖွဲ့ဟာ ရိုးသားကြောင်း နဲ့ စစ်မှန်တာကို ဖော်ပြဖို့အတွက် အာဏာပိုင်တွေနဲ့ အတူတူ လက်တွဲ အလုပ်လုပ်နေတယ်လို့ ရေးသားထားပါတယ်။

“တရားစီရင်ရေးဟာ အမှန်တရားကို ဖော်ထုတ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ ပြင်းထန်စွာယုံကြည်ပါတယ်” လို့လဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mawlamyine Daily

Ref: CNN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s