“ကမ္ဘာ့ညည်းသံများ”

မော်လမြိုင်၊ ၅ မေ ၂၀၁၇
(ကဗျာ)
 
ကမ္ဘာ
သမိုင်းဦးကတည်းက ဒဏ်ရာနဲ့
စစ်ပွဲများကြားမှာ အလဲလဲအပြိုပြို
သူငိုနေခဲ့ရတာ သက္ကရာဇ်ပေါင်းများစွာ
ယမ်းညှော်ငွေ့တွေနဲ့ သူ့ရင်ဘတ်ကအနာဟာ
ဘယ်တော့မှသွေးမတိတ်တော့
ဒါက ကမ္ဘာ့ညည်းသံ အစ
လူတွေရဲ့ အတ္တဈေးကွက်ထဲမှာတော့
သူ့သဘာဝတွေဟာ ရောင်းကုန်ဖြစ်ခဲ့
သူ့သယံဇာတတွေဟာ ရောင်းကုန်ဖြစ်ခဲ့
သူ့အရိပ်မှာနေပြီး သူ့အခက်ကိုပါမက
အမြစ်ကပါလှန်ခဲ့ကြတော့
သူပိုင်တဲ့ အစိမ်းရောင်ဝတ်ရုံဟာ
ကျိုးတို့ကျဲတဲ စုတ်စုတ်ပျက်ပျက်
အဘက်ဘက်က ဒဏ်ချက်တွေနဲ့
နေထိုင်မကောင်းဖြစ်ခဲ့ရတဲ့ ကမ္ဘာ
ကယ်တင်ကြပါ
ကမ္ဘာ့ညည်းသံကိုကြားရပြီလား
ကယ်တင်ပေးပါ
သဘာဝတရားကိုချစ်တတ်ပြီလား
ကယ်တင်ပေးကြပါ
ကမ္ဘာ့ရဲ့ညည်းသံကြားရပြီလား။ ။
 
ဂိုးဂိုး(မောရမြိုင်)
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s