ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်တဲ့ အသက်၄၂နှစ်အရွယ် ယူကေနိုင်ငံက အမျိုးသမီး

This slideshow requires JavaScript.

မော်လမြိုင်၊ ၂၂ မတ် ၂၀၁၈

ယူကေနိုင်ငံ မြောက်ပိုင်း ဝေးလ် မြို့မှာနေထိုင်တဲ့ အသက် ၄၂နှစ်အရွယ်  Steph Jeavons ဆိုသူဟာ လွန်ခဲ့တဲ့ ၄နှစ်က ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ အဲဒါကတော့ သူပိုင်ဆိုင်သမျှအားလုံးကို ရောင်းချပြီး သူချစ်တဲ့ ဆိုင်ကယ်ကိုစီးကာ၂၀၁၄ခုနှစ်ကစပြီး ကမ္ဘာပတ်ခဲ့တာပါ။ သူဟာ အခုလို ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နိုင်ဖို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်ကတည်းက အိပ်မက်မက်ခဲ့တာလဲဖြစ်ပါတယ်။

သူဟာ ကမ္ဘာပေါ်က တိုက်ကြီး ၇တိုက်ကို ဆိုင်ကယ်စီးပြီး ပတ်ခဲ့တဲ့ ပထမဆုံး ဗြိတိန်လူမျိုး ဖြစ်လာပါတယ်။ လက်ရှိအချိန်ထိ သူရောက်ခဲ့တာဟာ နိုင်ငံပေါင်း ၅၀ကျော်ပြီဖြစ်ပြီး မိုင်ပေါင်း ၈သောင်းကျော်ကို ခရီးနှင်ခဲ့ပြီးဖြစ်ပါတယ်။

သူ့ရဲ့ ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ ခရီးစဉ်ကို မစတင်က သူဟာ မိခင်တဦးသာဖြစ်ပြီး သူ့ရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာတော့ သူဟာ အဘွားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အခုလို အမျိုးသမီးတစ်ယောက်အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ နေရာအချို့အပါအဝင် နိုင်ငံပေါင်းများစွာကို ခရီးသွားဖို့ဆိုတာ တကယ်တော့ မလွယ်တဲ့ကိစ္စပါ။ ဒါပေမယ့် တကယ်တမ်းခရီးသွားကြည့်တဲ့အခါမှာတော့ ပြဿနာတစုံတရာ ကြီးကြီးမားမား ကြုံခဲ့ရတာမရှိဘဲ သူဆုံခဲ့ရတဲ့ လူတွေရဲ့ ၉၅ရာခိုင်နှုန်းလောက်က အလွန်ဖော်ရွေပြီး အကူအညီပေးခဲ့ကြတယ်လို့ Jeavons က ပြောပါတယ်။

Mawlamyine Daily

Ref: CGTN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s