GERD အစာခြေရည် အထက်ဆန်ခြင်း

မော်လမြိုင်၊ ၁ ဧပြီ ၂၀၁၈   ဆရာ ကျနော့်အသက် ၂၈၊ ကျားပါ။ ယခင်ကအစာအိမ်စားချဥ့်ပြန်ခြင်းနဲ့ပတ်သတ်ပြီးမေးဘူးပါတယ်။ Omeprazole တနေ့တလုံးစွဲသောက်နေပါတယ်။အခုကျနော်ဖြစ်နေတာက အစာစားပြီးတိုင်းပျို့နေတာပါပဲ။ အထူးသဖြင့် ညစာပါ။ တပတ်လောက်ရှိပါပြီ။ ဘာဆေးထပ်သောက်သင့်သလဲ ဘာကြောင့်ဖြစ်သလဲ ညွှန်ကြားပေးပါဆရာ။   ဒေလီမှာနေခဲ့စဉ်က ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်နေတဲ့ မြန်မာရဟန်းတော်တွေကနေ စာသင်ဘက် ဗီယက်နမ်က သီလရှင်တပါးကို ခေါ်လာပြီးရောဂါပြပါတယ်။ ဆေးစစ်ချက်တွေအရ ရောဂါနာမည်က GERD ဖြစ်နေတယ်။   Gastroesophageal reflux disease (GERD) ဆိုတာ အစာအိမ်-အစာမြိုပြွန် အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါ ဖြစ်ပါတယ်။ လူအတော်များများမှာ ဖြစ်ကြတယ်။ အစာအိမ်နဲ့ အစာမြိုပြွန်ဆက်တဲ့ နေရာမှာရှိတဲ့ အထိန်းက အလိုအလျှောက် ပွင့်တဲ့အခါ ဖြစ်တယ်။ သူပွင့်လို့ အစာအိမ်ထဲက အစာနဲ့ … Continue reading GERD အစာခြေရည် အထက်ဆန်ခြင်း

မတ်လ ၃၁ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ မတ် ၂၀၁၈   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပါသည်။   ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်သာရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၂)ပေမှ (၄)ပေခန့် ရှိနိုင်ပါသည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ … Continue reading မတ်လ ၃၁ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Horseshoe Kidney မြင်းခွါပုံကျောက်ကပ် နှင့် အယူအဆလွဲများ

မော်လမြိုင်၊ ၃၁ မတ် ၂၀၁၈   ဆရာရှင့် မင်္ဂလာပါ သမီးကတော့ မြင်းခွာကျောက်ကပ်ပိုင်ရှင်ပါ 16 March နေ့က ဆေးသောက်။ စက်နဲ့ဆေးသွင်းပြီး CT Scan အရိုက်ခံတော့မှ သိရတာပါ အဲ့ ဒီ မတိုင်ခင်က ဝမ်းဗိုက်ထဲမှာ နာနည်း ပေါင်းစုံနဲ့ ဝေဒနာ တစ်လနီးပါး ခံစားခဲ့ရပါတဟ် DR က CT result ကြည့်ပြီး ဆီးလမ်းကြောင်းထဲ ပိုက်ထည့်ပြီး စောင့်ကြည့်ရမယ်ပြောပါတယ် အဆင်ပြေရင် ပိုက်ပြန်ထုတ်မယ်။ အဆင်မပြေရင် ခွဲစိတ် Operation လုပ်ရမယ်တဲ့။ ကံကောင်းထောက်မစွာ ဆေးရုံတက်စေတဲ့ Dr က နိုင်ငံခြားတပတ်သွားရမယ်ဆိုလို့ အခြား Dr ဆီ ပြောင်းပြခဲ့ပါတယ်။ နောက်ဆုံး DR က သေချာ စမ်းသပ်ပြီး … Continue reading Horseshoe Kidney မြင်းခွါပုံကျောက်ကပ် နှင့် အယူအဆလွဲများ