စမတ်ကဒ်နဲ့ ရေသန့် ထုတ်လို့ရတဲ့ Water ATM

atm

မော်လမြိုင်၊ ၁၀ ဖေဖော်ဝါရီ ၂၀၁၈
 
သောက်ရေသန့် မရနိုင်တဲ့နေရာတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Water ATM ဆိုတာ သောက်ရေသန့်ကို အလိုအလျောက်ထုတ်ပေးတဲ့စက်ပါ။ ATM လို့ ပြောလိုက်ရင် စမတ်ကဒ်ထည့်လိုက်တာနဲ့ ငွေပြန်ထွက်လာတဲ့ စက်လို့ သိကြပါတယ်။ Water ATM ကတော့ စမတ်ကဒ်ထည့်လိုက်ရင် သောက်ရေသန့်တွေထွက်လာမှာပါ။
 
Water ATM ထဲကနေ သန့်စင်ပြီးသား ရေသန့်ကို ၂၄နာရီလုံးလုံး ထုတ်ယူနိုင်ပါတယ်။ ဒီ Water ATM ကို စတင်တီထွင်ရတဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယနိုင်ငံက ရေသန့်ရှားပါးတဲ့ဒေသတွေ အတွက် အသုံးပြုဖို့ဖြစ်ပါတယ်။
 
Water ATM ထဲက ထွက်လာတဲ့ ရေသန့်တွေကို စစ်ထုတ်တာ၊ Reverse Osmosis, Ozonation တွေကို အဆင့်၆ဆင့်နဲ့ အလုပ်လုပ်တာအပြင် ဘက်တီးရီးယား ၉၉.၅% နဲ့ ဗိုင်းရပ် ၉၉.၉၉ % ထိပါလျော့ချပေးနိုင်ပါတယ်။ ရေပေါက်ခေါင်းကရေ မြေအောက်ရေ အကုန်လုံးနဲ့ အလုပ်လုပ်နိုင်သလို အကြွေစေ့ရော စမတ်ကဒ်နဲ့ပါ ရေကိုထုတ်ယူလို့ရပါတယ်။
 
Voltas ကုမ္ပဏီကထုတ်တဲ့ Water ATM ရဲ့ ရေသိုလှောင်နိုင်စွမ်းကတော့ ၉၀လီတာဖြစ်ပြီး သန့်စင်နိုင်စွမ်းကတော့ တစ်နာရီကို ၂၀၀လီတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အိန္ဒိယရူပီး ၁သိန်းခွဲ (မြန်မာငွေ သိန်း၃၀ကျော်) ရှိပါတယ်။
 
Mawlamyine Daily
Ref: CNN, VoltasWater

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s