Watery baby’s eyes ကလေးမျက်ရည်ဝဲနေခြင်း

မော်လမြိုင်၊ ၁ မတ် ၂၀၁၈   ၁။ ဆရာရှင့် ကျွန်မသားလေးကလေးလပြည့်တော့ပါမယ် အခုသားလေးညာဘက်မျက်လုံးကမျက်ရည်လေးအမြဲဝဲနေလို့ပါ။ အဲ့ဒါဘာကြောင့်လဲတော့မသိပါရှင့် ဘယ်လိုပျောက်ကင်းအောင်လုပ်ပေးရမလဲဆရာ။ လေးစားစွာဖြင့်   ၂။ မင်္ဂလာပါဆရာရှင့်။ ကျွန်မကလေးက ၄ လပါဆရာ။ ကလေးရဲ့ ညာမျက်လုံးမှာ မျက်ရည်အမြဲကျပါတယ်ဆရာရှင့်။ စိုးရိမ်ရလားရှင့်။ အခုကလေးမျက်လုံးကို ဝါကွမ်းလေးနဲ့ဘဲ သုတ်ပေးတယ်ရှင့်ဆရာ။ ဘယ်လိုလုပ်ပေးရမလဲဆရာ ဖြေပေးပါနော်ဆရာရှင့်။   ၂။ ကလေးမွေးပြီးတပါတ်နေမှ သတိထားမိတာပါ။ ကလေးအသက် ၁ နှစ်ရှိပါပြီ။ မျက်လုံးတဖက်တည်းက ယိုနေတာပါဆရာ။ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ရင် ပျောက်ကင်းနိုင်မလဲ။ ကျေးဇူးပြုပြီး ပြန်လည်ဖြေပေးပါဆရာ။   မွေးကာစကလေးမှာ မငိုပဲနဲ့မျက်ရည်ဝဲနေရင် မျက်ရည်လမ်းကြောင်းလေးက ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဖြစ်ပါမယ်။ ကလေး ၁ဝ ယောက်မှာ ၁ ယောက်လောက် အဲလိုဖြစ်တတ်ကြတယ်။ သူ့အလိုလို ဖွံ့ဖြိုးမှုမီလာရင် ပြန်ကောင်းပါမယ်။ … Continue reading Watery baby’s eyes ကလေးမျက်ရည်ဝဲနေခြင်း

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၈   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။   ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၂)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်း ရွာမည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   … Continue reading ဖေဖော်ဝါရီလ ၂၈ ရက်နေ့မိုးလေဝသခန့်မှန်းချက်

HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ

မော်လမြိုင်၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၈   (ကန်တော့ပါ)   ၁။ အသက် ၂၃ ကျား။ ဆရာ ကျန်ခဲ့တဲ့ရက်ကလည်း ဆရာဆီ STI နဲ့ ပတ်သက်ပြီး စာရေးမေးခဲ့ပါတယ်။ လွန်ခဲ့သော ၃ပတ်ခန့် က အကာအကွယ်နဲ့ ဆက်ဆံခဲ့ပါတယ်ဆရာ။ တပတ်ခန့်ကြာတော့ ဆီးသွားရတာ အဆင်မပြေလို့ ကာလသားရောဂါတိုက်ဖျက်ရေးဌာနက ကျနော်ကို gonorrhea ဖြစ်နေလို့ Antibiotic ပေးခဲ့ပါတယ်။ Gonorrhea က သက်သာပါတယ်ဆရာ။ ယနေ့ ကျနော့်လက်မောင်းနှင့် လက်မှာ အနီပြင်လေးတွေ ထွက်လာတယ်ဆရာ။ ပုံပါထည့်ပေးထားပါတယ်။ HIV rash ဖြစ်နိုင်လားဆရာ။ ကျနော့်ကို ဖြေ ကြားပေးပါ   ၂။ မင်္ဂလာပါဆရာ။ သမီးနာမည့့် ပါ။ အသက်က … Continue reading HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ