ဘားအံမြို့က “တက်တူးတွေနဲ့ အကင်”

This slideshow requires JavaScript.

ဘားအံ ၊ ၂၈ ဇန်နဝါရီ ၂၀၁၈

“ဘာ … အသားကင်မှာ တက်တူးတွေနဲ့” …..
အဲလိုတော့ မထင်လိုက်ပါနဲ့။

တက်တူးရေးဆွဲဖန်တီးသူတွေဟာ အနုပညာဆန်တဲ့စိတ်နဲ့ အာရုံစိုက်အ လုပ်လုပ်တတ်တဲ့ စရိုက်အတိုင်း အစားသောက်ချက်ပြုတ်၊ကြော်လှော်ပြီဆို ရင်လည်း ကောင်းမွန်တဲ့အရသာ၊ သန့်သန့်ရှင်းရှင်းသုံး ဆောင်နိုင်ဖို့ အာရုံစိုက် အလုပ်လုပ်တတ်လို့ ဒီဆိုင်ကို “တက်တူးတွေနဲ့ အကင်” လို့ တင်စားခေါ်ဝေါ်လိုက်တာပါ။

ဟုတ်ပါတယ်..
ဒါကတော့ ဘားအံမြို့က Street Food အကင်ဆိုင်ကို ရည်ညွှန်းထား တာပါ။

အမှန်တော့လည်း ဒီဆိုင်မှာ ကိုယ်တိုင်လုပ်၊ကိုယ်တိုင်ကင်နေသူတွေဟာ Professinal တက်တူးရေးဆွဲဖန်တီးသူ လူငယ်တွေပါဘဲ။

သူတို့တွေရဲ့ အဓိကအလုပ်ဖြစ်တဲ့ တနေ့တာ တက်တူးရေးဆွဲတဲ့ အလုပ်ပြီးချိန် ညနေ ရောက်မှဘဲ အကင်ဆိုင်ဖွင့်တာပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ခဲ့စဉ်က လေ့လာ တတ်မြောက် လာခဲ့တဲ့ အသားကင် အမျိုးမျိုး လုပ်နည်းတွေ၊ အချဉ်ရည် အမျိုးမျိုးလုပ်နည်းတွေကို အားလပ်ချိန်တွေမှာ လက်တွေ့ ပြန်လည်အသုံး ချဖို့ လူငယ်သူငယ်ချင်းတစုတိုင်ပင်ပြီး အကင်ဆိုင်ဖွင့်လှစ်လိုက်တာပါ။

ညနေ (၄) နာရီကနေ ည (၉)နာရီဝန်းကျင်အထိ အကင်ဆိုင်ဖွင့်ချိန်ပေါ့။

“ပုစွန် ထောပတ်သုပ် ခဲပတ်ကင်”
“ငါးဆော့ ခဲပတ်ကင်”
“ငါးဆား ခဲပတ်ကင်”
“ငါးကင်”
“ဝက်သုူံးထပ်သားကင်၊ ဝက်နံရိုးကင်၊ ဝက်သားပြားကင်”
“ကြက်တောင်ပံကင်”
“ကြက် တန်ပူရာကြော်”
“ကြက်ဆီဗူးကင်”
“ပုစွန် တန်ပူရာကြော်”
“ဝက်သား သီးစုံ BBQ” တွေကတော့ ဒီဆိုင်မှာရတဲ့ အကင်တွေပါ။
ကိုယ်တိုင်လုပ် ဆော့ (အချဉ်ရည်)တွေနဲ့တွဲဖက်စားသုံးရမှာဖြစ်ပါတယ်။

ကဲ…
ဘားအံမြို့က Street Food ရဲ့ အရသာ၊ သန့်ရှင်းမှု ၊ ဝန်ဆောင်မှု၊ နှုန်းထား တွေကို ကိုယ်တိုင်ကိုယ်ကျ သိချင်ပါဘိ၊ မြည်းစမ်းချင်ပါဘိ ဆိုသူတွေ၊ဘားအံမြို့သူ၊မြို့သားတွေ၊ ဘားအံကို ခေတ္တရောက်နေသူတွေအတွက် Mawlamyine Daily မှ ရေးသားဖော်ပြလိုက်ပါတယ်။

အော် …..
လိပ်စာအညွှန်း မေ့တော့မလို့ …
ဒီအကင်ဆိုင်က ….
ဘားအံမြို့ ၊ ပြည်ထောင်စုရပ်(အမှတ် ၆ ရပ်ကွက်)ဇွဲကပင်လမ်း၊ အမှတ် (၄) အထက်တန်းကျောင်းအနီး မှာဖွင့်ထားတာနော်။

ဘားအံမြို့ ၊ ကန်သာယာ ညဈေးမှာဖွင့်လှစ်ထားတာတော့ မဟုတ်ပါဘူး။ညဈေးကနေ ၁၀ မိနစ်နီးပါး ဆိုင်ကယ်နဲ့သွားလိုက်ရင်ရောက်တဲ့ နေရာလေးမှာပါ။ဆိုင်အနီးအနားဝန်းကျင်မှာလည်း တခြားသောဆိုင်တွေ လည်းရှိနေတာမို့ စည်စည်ကားကားရှိတဲ့ နေရာလေးတစ်ခုပါ။

Mawlamyine Daily
Photo – ဉာဏလူ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s