မြန်မာနိုင်ငံပတ်စ်ပို့စာအုပ်နဲ့ နိုင်ငံပေါင်း ၄၂ နိုင်ငံကို ကြိုတင်ဗီဇာမယူဘဲ ခရီးသွားရအောင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၁၇ ဇန်နဝါရီ ၂၀၁၈

အခုခေတ်မှာတော့ ခရီးသွားရတာကို နှစ်သက်ကြတဲ့သူတွေဟာ ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေကိုလည်း သွားလာလည်ပတ်မှုတွေ တဖြည်းဖြည်းများလာပါပြီ။ ခရီးသွားရင်း ဗဟုသုတတွေ၊ အမြင်ကျယ်မှုတွေကို ရရှိလိုကြတဲ့ ခရီးသွားချစ်သူတွေ အတွက် မြန်မာနိုင်ငံပတ်စ်ပို့နဲ့ ကြိုတင်ဗီဇာမယူဘဲ ခရီးသွားလို့ရတဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။

Henley Passports Index 2018 အရ အရှေ့တောင်အာရှ နိုင်ငံများရဲ့ ပတ်စ်ပို့စာအုပ်တွေကို အသုံးပြုပြီး ဗီဇာကြိုတင်ရယူဖို့ မလိုပဲ နိုင်ငံ ဘယ်လောက် များများ ခရီးသွားနိုင်လဲ ဆိုတဲ့ စံချိန်နဲ့ တိုင်းတာတဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ ပတ်စ်ပို့စာအုပ် ဟာ အနိမ့်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာအနေနဲ့  အဆင့် ၉၂ ရှိတဲ့ မြန်မာပတ်စ်ပို့ဟာ နိုင်ငံပေါင်း ၄၂ နိုင်ငံကိုတော့ ကြိုတင်ဗီဇာ လျှောက်ထားဖို့ မလိုဘဲ ခရီးသွားနိုင်ပါတယ်။

မြန်မာနိုင်ငံပတ်စ်ပို့ ကိုင်ဆောင်သူတွေ အတွက် Visa Free ရတဲ့ နိုင်ငံတွေကတော့ –

  1. Brunei – ၁၄ရက်
  2. Cambodia – ၁၄ရက်
  3. Dominica – ၂၁ရက်
  4. Ecuador – ရက်ပေါင်း ၉၀
  5. Haiti – ရက်ပေါင်း ၉၀
  6. Indonesia – ရက်ပေါင်း ၃၀
  7. Laos – ၁၄ရက်
  8. Micronesia – ရက်ပေါင်း ၃၀
  9. Philippines – ရက်ပေါင်း ၃၀
  10. Saint Vincent and the Grenadines – ၁လ
  11. Singapore – ရက်ပေါင်း ၃၀
  12. Thailand – ၁၄ရက် (လေကြောင်းနဲ့လာတဲ့ ခရီးသည်များအတွက်သာ)
  13. Vietnam – ၁၄ရက်
  14. Gambia – ဗီဇာမလိုအပ်ပေမယ့် မလာခင်မှာတော့ Gambian Immigration ဆီကနေ Entry clearance ရရှိထားဖို့ လိုအပ်ပါတယ်။

Visa on Arrival ရတဲ့ နိုင်ငံတွေကတော့ –

  1. Bolivia – ရက်ပေါင်း ၉၀
  2. Cape Verde
  3. Comoros
  4. Djibouti
  5. Guinea-Bissau – ရက်ပေါင်း ၉၀
  6. Iran – ၁၅ရက်
  7. Madagascar – ရက်ပေါင်း ၃၀
  8. Malawi – ရက်ပေါင်း ၃၀
  9. Maldives – ရက်ပေါင်း ၃၀
  10. Mauritania – Nouakchott–Oumtounsy International Airport ဆိုက်ရောက်ခရီးသည်များအတွက်သာ
  11. Mauritius – ၂ပတ်
  12. Mozambique – ရက်ပေါင်း ၃၀
  13. Nepal – ရက်ပေါင်း ၉၀ (ရန်ကုန်မြို့က နီပေါသံရုံးကတဆင့် ၁၅ ရက် အလည်အပတ် ဗီဇာကြိုလျှောက်သွားချင်တယ်ဆိုလဲ ဗီဇာကြေး ၂၅ ဒေါ်လာပေးပြီး လျှောက်ထားနိုင်ပါတယ်။)
  14. Nicaragua
  15. Samoa – ရက်ပေါင်း ၆၀
  16. Seychelles – ၃လ (အခမဲ့)
  17. Somalia – ရက်ပေါင်း ၃၀ (ဆိုက်ရောက်မယ့် မတိုင်ခင် အနည်းဆုံး ၂ရက်ကြိုပြီး sponsor ပေးမယ့်သူဆီက invitation letter ကို Airport Immigration Department ဆီကိုပေးပို့ထားဖို့လိုပါတယ်။)
  18. Tanzania – ၃လ
  19. Timor-Leste – ရက်ပေါင်း ၃၀
  20. Togo – ၇ရက်
  21. Tuvalu – ၁လ

Visa on arrival  (သို့မဟုတ်) online (E Visa) visa လျှောက်ထားနိုင်တဲ့ နိုင်ငံတွေကတော့ –

  1. Armenia – ရက်ပေါင်း ၁၂၀
  2. Kenya – ၃လ
  3. Rwanda – ရက်ပေါင်း ၃၀
  4. Uganda – ၃လ (အွန်လိုင်းပေါ်ကနေ လျှောက်ထားနိုင်ပါတယ်။)
  5. Zambia – ရက်ပေါင်း ၉၀

 

E Visa လျှောက်ထားနိုင်တဲ့ နိုင်ငံတွေကတော့  –

  1. Antigua and Barbuda
  2. Benin
  3. Gabon – Libreville International Airport ကတဆင့် လာရောက်သူများအတွက်သာဖြစ်ပါတယ်။
  4. Georgia
  5. India = ရက်ပေါင်း ၆၀။
  6. Kyrgyzstan
  7. Lesotho
  8. Malaysia – ရက်ပေါင်း ၃၀
  9. Qatar
  10. São Tomé and Príncipe
  11. Sri Lanka – E visa အတွက် ၃၅ ဒေါ်လာကျသင့်မှာဖြစ်ပြီး Visa on Arrival ကို ၂၀၁၇ခုနှစ် စက်တင်ဘာလကတည်းက ဆိုင်းငံ့ထားတာဖြစ်ပါတယ်။
  12. Zimbabwe

ဒါ့အပြင် Schengen Visa သို့မဟုတ် US visa ရထားပြီးသား မြန်မာနိုင်ငံသားတွေအတွက် Colombia နိုင်ငံကို Visa Free ဝင်ရောက်ခွင့်ရှိပါတယ်။

ကဲ Mawlamyine Daily စာဖတ်ပရိသတ်တွေလည်း အားလပ်ရက်တွေမှာ နိုင်ငံတကာကို သွားရင်း ဗဟုသုတ နဲ့ အသိအမြင်တွေ တိုးပွားလာပါစေနော်။

Mawlamyine Daily

Ref: Henleyglobal, Wikipedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s