စမတ်ဖုန်းကို ဘသာပြန်အဖြစ် အသုံးပြုရအောင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၅ ဇန်နဝါနီ ၂၀၁၈

သင်ဟာ နိုင်ငံခြား ဘာသာစကားတွေကို လေ့လာနေတဲ့သူဖြစ်ဖြစ် တခြားနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ သူပဲဖြစ်ဖြစ် ဘာသာပြန်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် သင့်ရဲ့ စမတ်ဖုန်းက သင့်ကို ဘာသာပြန်အဖြစ် စွမ်းဆောင်ပေးနိုင်ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းထဲမှာ Google Translate ဆိုတဲ့ App တစ်ခုရှိနေဖို့ပဲလိုတာပါ။ Google Translate ဟာ သင်မသိတဲ့ ဘာသာစကားတစ်ခုရဲ့ စာသားတွေပါတဲ့ပုံကို ကင်မရာကတဆင့် ဓာတ်ပုံရိုက်ယူပြီး သင့်ကို ဘာသာပြန်ပေးပါလိမ့်မယ်။ ဒါကြောင် သင့်စမတ်ဖုန်းက ကင်မရာဟာ ဓာတ်ပုံရိုက်ဖို့ သက်သက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။

Google Translate App ဟာ ဘာတွေလုပ်ဆောင်ပေးနိုင်ပါသလဲ? Google Translate ဟာ ဘာသာစကားပေါင်း ၁၀၃မျိုးကို ဘာသာပြန်ပေးနိုင်ပါတယ်။  ဘာသာပြန်တဲ့အခါ သင့်ဖုန်းက အင်တာနက်မရှိလို့ Offline ဖြစ်နေတဲ့အခါ ဘာသာစကား ၅၂မျိုးကို ဘာသာပြန်ပေးနိုင်ပြီး ဖုန်းကင်မရာကိုအသုံးပြုပြီး အချိန်နဲ့တပြေးညီ တိုက်ရိုက် ဘာသာပြန်မယ်ဆိုရင်တော့ ဘာသာစကား ၂၉ မျိုးကို ဘာသာပြန်ပေးနိုင်ပါတယ်။ ကင်မရာက တဆင့်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဘာသာပြန်မယ်ဆိုရင်တော့ ဘာသာစကား ၃၇မျိုးကို ဘာသာပြန်နိုင်ပါတယ်။ စကားသံနဲ့ တိုက်ရိုက်အပြန်အလှန်စကားပြောသံတွေကိုတော့ ဘာသာစကား ၃၂မျိုးထိ ဘာသာပြန်ပေးနိုင်ပါတယ်။ ကီးဘုတ်ကတဆင့် ရိုက်ထည့်တာမဟုတ်ဘဲ လက်ရေးနဲ့ ရေးထားတဲ့စာလုံးတွေကိုဘာသာပြန်မယ်ဆိုရင်တော့ ဘာသာစကား ၉၃မျိုးထိ ဘာသာပြန်ပေးနိုင်ပါတယ်။

အခုတော့ ကင်မရာကို အသုံးပြုပြီး ဘာသာပြန်တာကို ဘယ်လိုလုပ်ရမလဲ ဆိုတာ နည်းနည်းပြောပြချင်ပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ သင့်ဖုန်းထဲကို Google Translate App Latest version ကို Install လုပ်ထားပါ။ ရှိပြီးသားဆိုလဲ Latest version  ဖြစ်အောင် ပြောင်းထားပေးပါ။ Google Translate ဟာ Android ဖုန်းရော iOS ဖုန်းတွေ အတွက်ပါ ရှိပါတယ်။

Google Translate App ကို Install လုပ်ပြီးပြီဆိုရင် Setting ထဲက Primary Language ထဲမှာ သင်နားလည်တဲ့ ဘာသာစကားကို ပြောင်းထားရမှာဖြစ်ပြီး Language that you translate most often ဆိုတဲ့နေရာမှာ သင်ဘာသာပြန်ပေးစေချင်တဲ့ ဘာသာစကာကို ရွေးချယ်ပြီး Finished ဆိုတဲ့ ခလုပ်လေးကို နှိပ်ပါ။

တတိယအဆင့်အနေနဲ့ကတော့ သင်ဘာသာပြန်ချင်တဲ့ လမ်းညွှန်ဆိုင်းဘုတ် သို့မဟုတ် ပုံနှိပ်စာသား စတာတွေကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်ပါ။ ပြီးရင်တော့  Google Translate က အဲဒီဓာတ်ပုံထဲက နိုင်ငံခြားဘာသာစကားစာသားတွေကို သင်နားလည်တဲ့ ဘာသာစကားအဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။

ကဲ. အရမ်းကို လွယ်မယ်ထင်ပါတယ်။ Google Translate  App လေးရှိတဲ့ သင့်ဖုန်းကို သင့်ရဲ့ဘာသာပြန်အဖြစ် အသုံးပြုနိုင်ပါပြီ။

Mawlamyine Daily

Ref: Techviral

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s