Hives အင်ပြင်ထွက်ခြင်း

မော်လမြိုင်၊ ၂၈ နိုဝင်ဘာ ၂၀၁၇   ၁။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မ အသက် ၃၆ နှစ်ပါ။ ၇ လသမီးလေးရဲ့နို့တိုက်မိခင်ပါရှင့်။ အခုရက်ပိုင်း တရက်ခြား ခန္ဓာကိုယ်ယားယံပြီး အဖုအပိန့်တွေထွက်လာလို့ပါ။ အပျိုဘဝနဲ့ ကိုယ်ဝန်မဆောင်ခင်တုန်းကလဲ ဖြစ်ဖူးပါတယ်ဆရာ။ ကျွန်မမိခင်ကလဲ skin allergy ဖြစ်တတ်တဲ့သူပါရှင့်။ ယခင်ဖြစ်တဲ့အချိန်တွေဆရာဝန်ပြရင် burmeton (or) cetrine ပေးပါတယ်ဆရာ။ ယခုလဲ ကျွန်မ Citrine ကို တရက်ခြားတလုံးလောက်သောက်နေရပါတယ်။ နို့တိုက်မိခင်ဖြစ်တဲ့အတွက် အမြဲဆွဲသောက်လို့ အဆင်ပြေပါ့မလားရှင့်။ မသောက်ရင်လဲ မသက်သာလို့ပါ။ တကိုယ်လုံးယားယံပြီး အဖုအပိန့်တွေ ထွက်လာလို့ပါ။ ဒီနေ့တော့ မနက်တလုံးသောက်ပြီးတာတောင် မသက်သာပဲ ညဘက် အဖုအပိန့်တွေထွက်ပြီး အရမ် ယားနေလို့ပါဆရာ။ Skin Allergy ကမျိုးရိုးနဲ့ဆိုင်တာလားဆရာ။ ယခင်ကတော့ seafood … Continue reading Hives အင်ပြင်ထွက်ခြင်း

နိုဝင်ဘာလ ၂၇ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၇ နိုဝင်ဘာ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံအရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ … Continue reading နိုဝင်ဘာလ ၂၇ ရက်နေ့မိုးလေဝသခန့်မှန်းချက်

Common Cold in children ကလေးတွေ အအေးမိရင်

မော်လမြိုင်၊ ၂၇ နိုဝင်ဘာ ၂၀၁၇   ၁။ မင်္ဂလာပါဆရာရှင့် သားလေးကနောက်လသုံးရက်ဆိုလေးလပြည့်ပါပီရှင့် သားကအေးရင်နှာပိတ်တတ်ပါတယ်ရှင့် ညဘက်လည်းစောင်ခြုံပေးရင် ကန်ပစ်လို့သူ့ကိုအနွေးထည်တွေဝတ်ပေးရပါတယ်ရှင့် လူကြီးတွေပြောကျတာ ညအိပ်ရင် ကလေးကို ဦးထုပ်စောင်းပေးရင် ခြေအိတ်ဝတ်မပေးရဘူး အပူငုတ်ပီး ကလေးမျက်လုံးထိတယ်လို့ပြောကြပါတယ်ရှင့် သားကခြေအိတ်ဝတ်မပေးရင်လည်းခြေဖျားလေးတွေအေးပါတယ်ဆရာ အဲ့ဒါလူကြီးတွေပြောသလိုဟုတ်ပါသလားရှင့်   ကလေး လူကြီးအားလုံး ရာသီဥတုနဲ့ သင့်တင့် မျှတတာကို ဝတ်စား နေထိုင်ရပါတယ်။ ဦးထုပ်စောင်း မဟုတ်။ ဦးထုပ်ဆောင်းလို့ရေးရတယ်။ စောင်းဆိုတာ မတည့်တာ ရွဲ့တာ။   ၂။ ဆရာရှင့် ကျွန်မသမီးလေးက ၉ လပါဆရာ။ ကျွန်မဆီကနှာစီးချောင်းဆိုး ကူးတာလား ရေချိုးနောက်ကျသွားလို့လား မသိပါဆရာ။ အခုခလေးကနှာခေါင်း။ တအားပိတ်နေပါတယ်။ ပရုတ်ဆီနဲ့ခြေထောက်တော့ ပွတ်ပေးထားပါတယ်။ ညဘက်ဆိုတော့ ဆေးခန်းတွေလည်းမသွားချင်တော့ပါ။ ဆရာ ၉ လ ကလေးနှာစေးတာ ဘာဆေးသုံးရမလဲရှင်။ … Continue reading Common Cold in children ကလေးတွေ အအေးမိရင်