အဂါင်္ဂြိုလ်ပေါ်မှာ ဘီယာချက်မယ့် Budweiser

bud-on-mars-640x0

မော်လမြိုင်၊ ၂၅ နိုဝင်ဘာ ၂၀၁၇

Budweiser ဘီယာထုတ်လုပ်တဲ့ Anheuser-Busch က အဂါင်္ဂြိုလ်ပေါ်မှာ ဘီယာချက်တဲ့ ပထမဆုံးကုမ္ပဏီဖြစ်ချင်ပါတယ်လို့ ဒီနှစ်အစောပိုင်းက ကြေညာခဲ့တုန်းက လူအများစုက မယုံခဲ့ကြပါဘူး။ ဒါပေမယ့် အခု အဲဒီစီမံကိန်းရဲ့ ပထမဆုံးအဆင့်ကို ကြေညာလိုက်ပါပြီ။

Budweiser ဟာ ဒီနှစ်ဒီဇင်ဘာလမှာ နိုင်ငံတကာ အာကာသစခန်းကို ဘာလီစေ့တွေ ပေးပို့မှာဖြစ်ပြီး ဆွဲအားမရှိတဲ့ အာကာသမှာ ဘီယာမှာ ပါဝင်တဲ့ပစ္စည်းတွေရဲ့ တုံ့ပြန်မှုကို လေ့လာမှာဖြစ်ပါတယ်။ Space X ရဲ့ အလုပ်အမှုဆောင် Elon Musk နဲ့ ဒူဘိုင်းအာဏာပိုင်တွေက အဂါင်္ဂြိုလ်ပေါ်မှာ မြို့တည်ဆောက်ဖို့ ကြိုးစားနေတာကြောင့် Budweiser ကလဲ အနာဂတ်မှာ အဂါင်္ဂြိုလ်ပေါ်မှာ နေထိုင်ကြမယ့် သူတွေအတွက် ဘီယာထုတ်လုပ်ပေးချင်နေပုံရပါတယ်။

ဒီစီမံကိန်းအတွက် ကုမ္ပဏီက ISS U.S National Laboratories နဲ့ Space Tango တို့ကို စီမံခန့်ခွဲနေတဲ့ စပိန်နိုင်ငံက Center for the Advancement of Science နဲ့ ပူးပေါင်းထားပါတယ်။ သူတို့အဖွဲ့ဟာ ဒီဇင်ဘာလ ၄ရက်နေ့မှာ နိုင်ငံတကာ အာကာသစခန်းကို ပို့ဆောင်မယ့် SpaceX ရဲ့ ကုန်တင်အာကာသယာဉ်မှာ ဘာလီစေ့များကို ထည့်ပေးလိုက်မှာဖြစ်ပြီး ဘာလီစေ့များကို အာကာသထဲမှာ တစ်လကြာထားရှိကာ စမ်းသပ်မှု နှစ်ခုပြုလုပ်ပြီးနောက် ကမ္ဘာမြေကို ပြန်လည်ယူဆောင်ပြီး စစ်ဆေးကြမှာဖြစ်ပါတယ်။

“စမ်းသပ်မှုတစ်ခုက ဘာလီစေ့ ထုတ်ဖော်ခြင်း နဲ့ နောက်တခုကတော့ ဘာလီစေ့တွေ အညှောက်ပေါက်ခြင်း ကို လေ့လာမှာဖြစ်ပါတယ်။ အနီရောင်ဂြိုလ်ပေါ်မှာ ဘီယာချက်ဖို့ သုတေသနဟာ ဘယ်လို အဖြေပဲထွက်ပါစေ ဘာလီစေ့ စိုက်ပျိုးရာမှာ တန်ဖိုးရှိတဲ့ အချက်အလက်တွေကို ရရှိမှာပါ။” လို့ Budweiser ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mawlamyine Daily

Ref: Digitaltrends

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s