အောက်တိုဘာလ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ အောက်တိုဘာ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း မည်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။ … Continue reading အောက်တိုဘာလ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်

Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ

မော်လမြိုင်၊ ၃၀ အောက်တိုဘာ ၂၀၁၇   (ကန်တော့ပါ)   ၁။ မင်္ဂလာပါဆရာရှင့် သမီးအသက်က၁၇ပါ ကန်တော့ပါနော် ရာသီလာတဲ့နေ့တွေမှာ ခေါင်းလျှော်လို့ရလား သိချင်လို့ပါရှင့် ရာသီလဲပုံမှန်ပါပဲရှင့်။   ၂။ ဆရာရှင့် သမီးအသက်၂၄ပါ၊ အပျိုပါရှင်။ သမီးရာသီလာရင် ခေါင်းလျော်လိုက်ရင်ရပ်သွားပါတယ်။ အဲလိုရပ်သွားတော့ အကုန်မသွားဘူးပေါ့နော်။ အဲလိုမဆင်းရင်ဘာရောဂါတွေဖြစ်နိုင်ပါလဲဆရာ။ သမီးဘာဆေးတွေသောက်သင့်လဲဆရာ။ သမီးမေးတာအမှားပါရင်ခွင့်လွှတ်ပါဆရာ။ ဒီဆေးကို တော်တော်များများ သောက်နေကြပါတယ်ဆရာ။ ဘေးဥပဒ် ဖြစ်စေလားဆရာ။ နောက်တခုမေးချင်လိုပါဆရာ။ သမီးဆီးခဏခဏ သွားပါတယ်ဆရာ။ ရေသောက်ပြီးခဏ ဆီးသွားပြီဆရာ။ သမီးရောဂါဖြစ်နေလားဆရာ။ အမှားပါရင် ခွင့်လွှတ်ပါရှင်။   ပုံထဲပါဆေးက ကြော်ငြာဆေးဖြစ်တယ်။ DIET FOOD by KALO (Gallo) ကိုယ်အလေးချိန်ကျဘို့လို့ ကြော်ငြာ ဝဘ်ဆိုက်မှာ ရေးထားတယ်။ ဆေးဝယ် ဈေးဝယ်သူတွေ မျက်စိကျ … Continue reading Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ

Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း

မော်လမြိုင်၊ ၂၉ အောက်တိုဘာ ၂၀၁၇   ကျွန်တော် ယောက်ျားလေးပါ။ အသက်ကတော့ ၂၀ ပါ။ ကျွန်တော့်ကို ဆရာဝန်တွေက ပြောပါတယ် အဆုတ်အအေးပတ်ခံလို့ မရဘူးလို့။ အဆုတ်အအေးပတ်လိုက်ရင်လည်း ရင်ကြပ်လာပါတယ်ဆရာ။ ဖြစ်လိုက်ရင်လည်း မောလွန်းလို့ သေမလိုပါဘဲဆရာ။ ငွေကြေးအခက်ခဲကြောင့် ဆေးခန်းကြီးတွေတော့မသွားဖြစ်ပါဘူးဆရာ။ ကျွန်တော်နေနဲ့ ဘယ်လိုနေထိုင်သင့်တယ်၊ ဘယ်လိုဆေးတွေသောက်သင့်တယ် ပြောပေးပါလားဆရာ။   ချောင်းဆိုးလို့မေးသူတွေနဲ့ ရင်ကြပ်ပန်းနာမေးလာသူတွေ မနည်းလှပါ။ အသက်ရှူလမ်းပိုးဝင်ခြင်းစာရေးရတာ လူနာကို မမြင်ရမစမ်းရပဲ ဆေးကုရမလို ဖြစ်နေတယ်။ အနည်းဆုံး ရင်ပတ် ရှေ့နဲ့နောက်မှာ အထက်ကနေ အောက်အထိ လက်ဝါးတင်ပြီး လက်ချောင်းနဲ့ခေါက် နားထောင်ရမယ်။ နားကြပ်နဲ့ အသက်ရှူသံနားထောင်ရမယ်။ ရေးပြတာတွေအရ အသက်ရှူလမ်းမှာ တခုခုဖြစ်နေတာ။ အဖြစ်နိုင်ဆုံးက လေပြွန်ကြီးတွေ (သို့) အဆုပ်ထဲက လေပြွန်လေးတွေနဲ့ အဆုပ်တစ်ရှူးတွေရောင်နေတယ်။ ရောင်ရာကနေ … Continue reading Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း