အသက် ၁၁နှစ်အရွယ်ကျောင်းသူ အမေရိကန်ရဲ့ လူငယ် သိပံ္ပပညာရှင်ဆုရရှိ

_98389358_youngscientistchallenge-9

မော်လမြိုင်၊ ၂၄ အောက်တိုဘာ ၂၀၁၇

ရေထဲမှာ ခဲဆိပ်သင့်မသင့် ဖုံးနဲ့ အလွယ်တကူစမ်းသပ်နည်းထွင်တဲ့ အိန္ဒိယနွယ်ဖွား ၁၁ နှစ်သမီး အမေရိကန် ကျောင်းသူလေး ဂီတဉ္ဇလီ ဟာ အမေရိကန်ရဲ့ လူငယ်ထိပ်တန်း သိပံ္ပပညာရှင်ဆု ရိရှိခဲ့ပါတယ်။
ဂီတဉ္ဇလီ ဟာ သူတို့ရဲ့ စိတ်ကူးကို တခြား သိပံ္ပရှင်တွေနဲ့အတူ ၃လကြာ စမ်းသပ်တီထွင့်ခဲ့တာဖြစ်ပြီး နောက်ဆုံးအဆင့် ၁၀ယောက်ထဲကမှ ရွေးချယ်ခံလိုက်ရတာလဲဖြစ်ပါတယ်။

သူမတီထွင်ထားတဲ့ ပစ္စည်းလေးဟာ ရေထဲက ခဲဓာတ်ကို သိရှိနိုင်ဖို့ ကာဘွန်နာနိုပြွန်ချောင်းကို အသုံးပြုထားတာပါ။ အမေရိကန်နိုင်ငံက ရေပေးစနစ်ပေါင်းများစွာဟာ ခဲဆိပ်သင့်ခံနေရတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

ဂီတဉ္ဇလီရဲ့ တီထွင်မှုဟာ ၂၀၁၄-၂၀၁၅ ခုနှစ်လောက်က မီချီဂန်ဒေသမှာ အာဏာပိုင်တွေကိုယ်တိုင် ရေညစ်ညမ်းမှုကြောင့် ကြံစည်မှုမရှိဘဲ လူသတ်ဖြတ်ခြင်းဆိုတဲ့ အမှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ မီဂျီဂန်ဒေသအတွက်တော့ အားကိုးစရာ တီထွင်မှုတစ်ခုဖြစ်လာပါတယ်။

ရေထဲမှာ ခဲဆိပ်ပါဝင်မှု စမ်းသပ်မှုတွေဟာ ဈေးအလွန်ကြီးပါတယ်။ ဒါပေမယ့် ဂီတဉ္ဇလီ ရဲ့ လတ်ဆတ်တဲ့ရေ လို့ အဓိပ္ပါယ်ရတဲ့ Tethys ဆိုတဲ့ အလွယ်တကူသယ်သွားလို့ရတဲ့ ပစ္စည်းလေးကတော့ စမ်းသပ်တဲ့ ပစ္စည်းမှာ တပ်ဆင်ထားတဲ့ အာရုံခံကိရိယာကို ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖုန်း App ကတဆင့် ရေထဲက ခဲဆိပ်ပါဝင်မှုကို အတိအကျ တိုင်းတာပေးမှာဖြစ်ပါတယ်။

“ညစ်ပတ်နေတဲ့ ရေနဲ့ ရေချိုးမိမယ်ဆိုရင် အရေပြားမှာ အနီကွက်တွေထလာမှ ကူးစက်ရောဂါဗေဒ ပညာရှင် တွေက ဒါဟာ ခဲဆိပ်သင့်လို့ဆိုတာ ပြောနိုင်မှာပါ။ နောက်ပြီး ခဲဆိပ်သင့်တဲ့ ရေကို သောက်မိတဲ့သူက မွေးဖွားလာမယ့် ကလေးငယ်ဟာ ဖွံ့ဖြို့မှုနည်းပြီး မွေးရာပါ ချို့ယွင်းမှုတချို့လဲ ရှိနိုင်ပါတယ်။” လို့ ဂီတဉ္ဇလီက Business Insider နဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။

ဂီတဉ္ဇလီဟာ သူမ အခုတီထွင်ထားတဲ့ ခဲဆိပ်တိုင်းတာ ပစ္စည်းလေးကို ဈေးကွက်ထဲမှာ ရောင်းချနိုင်တဲ့အထိ ဆက်ပြီး လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

ဂီတဉ္ဇလီဟာ မျိုးရိုးဗီဇပညာရှင် သို့မဟုတ် ကူးစက်ရောဂါဗေဒပညာရှင် တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

ဂီတဉ္ဇလီဟာ ၂၀၁၇ခုနှစ်ရဲ့ Discovery Education 3M Young Scientist Challenge မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ နှစ်သောင်းခွဲ ကို ရရှိခဲ့တာပါ။

Mawlamyine Daily

Ref: BBC

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s