Food puzzle စားလို့ လူကိုမဝစေတာဘာရှိလဲ

မော်လမြိုင်၊ ၂၉ စက်တင်ဘာ ၂၀၁၇   မြန်မာပြည်ကလူတွေမှာ အဝလွန်တာအဖြစ်မများပါ။ ပိန်ချင်လို့ မေးကြသူတွေအများစုကလဲ ခန္ဓာကိုယ်အချိုးအစား ကျချင်လို့နဲ့ ပိုပြီးလှချင်ကြလိုဖြစ်တယ်။ အမျိုးသမီးတွေဆိုရင် အိမ်ထောက်ရက်သားကျ၊ ကလေးမွေးရပြီးမှ ပိုဝလာလို့ အလေးချိန် ချချင်ကြတယ်။ ပိန်နေသူတွေ ဝချင်လို့ အရပ်ဆေးနည်းနဲ့ ဒုက္ခရောက်ရသူကပိုများတယ်။   ချမ်းသာဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာတော့ ကိုယ်အလေးချိန်အလွန်အကဲများတာက အမျိုးသားကျန်းမာရေးပြဿနာကြီး ဖြစ်နေတာကြာပါပြီ။ ကိုယ်အလေးချိန်ဟာ ကျန်းမာရေးကို သိသိသာသာသက်ရောက်တယ်။ လူမဝချင်ရင် (၁) အစားအသောက်ဂရုစိုက်ပါ၊ (၂) လေ့ကျင့်ခန်းလုပ်ပါ၊ (၃) လိုအပ်ရင်ဆေးသောက်ပါလို့သာ ဆရာဝန်တွေကပြောနိုင်တယ်။ မျိုးဗီဇအရ ဝနေတာကိုတော့ ပြင်မရပါ။ အဲတာကို ကြော်ငြာဆေးနဲ့ ပြင်ဘို့မကြိုးစားပါနဲ့။   ပိန်ဆေးတွေကို ရှာဖွေဖေါ်စပ်ပြီး ရောင်းတဲ့စီးပွါးရေးကလဲ အမြတ်အစွန်းကြီးမားလှတယ်။ ဆေးတိုင်းကို နိုင်ငံတိုင်းမှာ FDA ခေါ်တဲ့ ဆေးဝါးနဲ့အစားအသောက်အာဏာပိုင်အဖွဲ့ကနေ ခွင့်ပြုချက်ရမှသာ … Continue reading Food puzzle စားလို့ လူကိုမဝစေတာဘာရှိလဲ

လာအိုနိုင်ငံတွင်ပြုလုပ်သည့် လန်းရိုဗာကုမ္ပဏီ၏ ကားမောင်းနှင်မှုစိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံမှ ကားမောင်းဝါသနာရှင်က အနိုင်ရ

မော်လမြိုင်၊ ၂၈ စက်တင်ဘာ ၂၀၁၇  မြန်မာနိုင်ငံက လမ်းကြမ်းကားမောင်းဝါသနာရှင် ဒေါက်တာစိုးထွဋ်အောင်ဟာ လာအိုနိုင်ငံမှာ ၂၀၁၇ ခုနှစ် စက် တင်ဘာလ (၂၄) ရက်နေ့က ကျင်းပခဲ့တဲ့ လန်းရိုဗာအတွေ့အကြုံ ခရီးစဉ်ပြိုင်ပွဲများရဲ့ ပထမပတ်လည်ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ပြီး ပီရူးနိုင်ငံတွင် ကျင်းပမည့် လန်းရိုဗာအတွေ့အကြုံ ခရီးစဉ်ပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အသက် (၃၃) နှစ်အရွယ်ရှိ ဒေါက်တာစိုးထွဋ်အောင်က လာအိုနိုင်ငံပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာနဲ့ ပတ်သက်ပြီး “ဒါဟာ ကျွန်တော့်အတွက် အကြီးအကျယ်ဆုံး စိတ်ဝင်စားစေခဲ့တဲ့ ကားမောင်းစိန်ခေါ်မှုတစ်ခုပါပဲ” လို့ ဆိုပါတယ်။ ဒေါက် တာစိုးထွဋ်အောင်ဟာ NGO တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး လမ်းကြမ်းများကို လုံခြုံစွာနှင့် ကျွမ်းကျင်စွာ မောင်းနှင်နိုင်ခြင်းမှာ အရေးကြီးကြောင်း ပြသသည့်သဘောဖြင့် မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်းပါးသော ဒေသတွေကို ခရီးသွားလေ့ရှိပါတယ်။ … Continue reading လာအိုနိုင်ငံတွင်ပြုလုပ်သည့် လန်းရိုဗာကုမ္ပဏီ၏ ကားမောင်းနှင်မှုစိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံမှ ကားမောင်းဝါသနာရှင်က အနိုင်ရ

စက်တင်ဘာလ ၂၈ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ စက်တင်ဘာ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း နေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ … Continue reading စက်တင်ဘာလ ၂၈ ရက်နေ့မိုးလေဝသခန့်မှန်းချက်

Foods for Healthy Hair ဆံပင် အာဟာရ

မော်လမြိုင်၊ ၂၈ စက်တင်ဘာ ၂၀၁၇ ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေ သုံးပေမဲ့လဲ ဆံပင်အတွက် မပြည့်စုံသေးပါ။ အမြှုတ်ထအောင်လုပ်ပါ၊ လျှော်ပြစ်ပါ၊ ထပ်ပြီးလုပ်ပါဆိုတာ ကောင်းတဲ့ ခေါင်းလျှော်နည်း အကြံပြုချက် ဖြစ်ပေမဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေချည်းနဲ့တော့ ဆံပင် ကျန်းမာရေးအတွက် မပြည့်စုံသေးပါ။ ဆံပင်တွေဟာ တလမှာ ၁/၄ လက္မကနေ ၁/၂ လက္မအထိ ရှည်လာရမယ်။ အသားအရေ၊ ကေသာ နဲ့ ခြေသည်း-လက်သည်းတွေ ကောင်းမွန် ကျန်းမာနေအောင် အာဟာရ ပြည့်ဝပြည့်ဝ စားသုံးတတ်ကြဘို့ လိုသေးတယ်။ 1. Salmon (ဆယ်လ်မွန်) ငါး (အိုမီဂါ-သရီး) ကြွယ်ဝတဲ့ (ဆော်လ်မွန်) ငါးမှာ အရည်အသွေးမီ (ပရိုတင်း) လဲ များတယ်။ ဗီတာမင် … Continue reading Foods for Healthy Hair ဆံပင် အာဟာရ