Spider veins ပင့်ကူသွေးပြန်ကြောများ

Spider veins ပင့်ကူသွေးပြန်ကြောများ

မော်လမြိုင်၊ ၃၁ သြဂုတ် ၂၀၁၇
 
၁။ မင်္ဂလာပါဆရာ ကျတော့် အမျိုးသမီးက အသက် ၃ဝ ပါ။ ကလေးတယောက်ရှိပါတယ်။ စားသောက်ဆိုင် အလုပ်လုပ်ပါတယ်။ ဆရာ့ဆောင်းပါးတွေကို ဖတ်ဖြစ်ပါတယ်။ ကျတော့ အမျိုးသမီးမှာ မတ်တပ်ရပ်တာများလို့ ခြေထောက်မှာ သွေးကြော ပြတ်ပြီး ပင့်ကူမျှင် သွေးကြောတွေ ဖြစ်ပြီးေခြေထောက်က နာနေပါတယ်။ ဆေးထိုးလည်း ခဏပဲသက်သာပါတယ်။ ပြီးတော့ နာနေတဲ့ ခြေသလုံး အပေါ်နေရာကို အနိုပ်ခံတာ ရပါသလားဆရာ။ ကျေးဇူးပြူပြီး ပြန်ဖြေပေးပါ ဆရာ။
 
၂။ ဆရာ မင်္ဂလာပါရှင့်။ ကျမခြေသလုံးနှစ်ဖက်စလုံးမှာ ပင့်ကူပုံသွေးကြောလေးတွေ အများကြီးပေါ်လာလို့ပါ။ အရင်ကထက်ပိုများလာလို့ပါရှင့်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ညာခြေထောက်မှာ သွေးကြောထုံးရောဂါဖြစ်လို့ ခွဲစိတ်ထားရပါတယ်။ အသက်က ၃၅ ထဲရောက်ပါပြီရှင့်။ အရင်ကအရမ်းပိန်ပြီး အခုနည်းနည်းဝလာပါတယ်။ ခြေသလုံးမှာပေါ်နေတဲ့ သွေးကြောမျှင်တွေကို ခွဲစိတ်ပြီးဖယ်ထုတ်လို့ ရပါသလားဆရာ။ နောက်ထပ်မဆိုးလာအောင် ဘယ်လိုကာကွယ်ရမလဲ သိချင်ပါတယ်ရှင့်။
 
၃။ ဒီဟာက ဆရာပြောသလိုမျိုးထဲကလားဆရာ။ ဘာကြောင့်ဖြစ်သလဲဆိုတာလေးရှင်းပြပေးစေချင်ပါတယ်ဆရာ။
ဆရာ ဒီသွေးပြန်ကြောက ဝတဲ့သူတွေမှာအဖြစ်များတာလာလို့ပါဆရာ။
 
မေးခွန်းတွေထဲ့ သတ်ပုံတွေကို ပြင်လိုက်ပါတယ်။ ဆောရီး။ သည်အတိုင်းထားလည်း စိုးရိမ်စရာမရှိပါ။
 
ဆေးစာဘန်းစကားနဲ့ Telangiectasia လို့လဲခေါ်တယ်။ အဖြစ်များပါတယ်။ အကြည့်ရဆိုးတာကလွဲရင် စိုးရိမ်စရာမရှိပါ။ သွေးလှည့်ပတ်မှု ပုံမှန်ဖြစ်မနေရင်ဖြစ်နိုင်တယ်။ ဖြစ်တဲ့နေရာမှာ အပြာရောင်နဲ့ အနီရောင်သွေးပြန်ကြောလေးတွေက ပင့်ကူအိမ်တွေလိုမြင်နေရမယ်။ ကိုယ်အောက်ပိုင်း (ဒူးနောက်၊ ခြေသလုံး၊ ပေါင်) တွေမှာအဖြစ်များတယ်။ နေရာတကာမှာ ဖြစ်နိုင်ပါတယ်။ Varicose veins ခေါ်တဲ့ သွေးပြန်ကြောထုံးရောဂါ (စာတပုဒ်ရေးထားပါတယ်) နဲ့ ဆင်တူတယ်။ ဒါပေမဲ့ အရေပြားမျက်နှာပြင်နဲ့ ပိုနီးပြီး သေးငယ်တယ်။
 
လူပေါင်း ၁၅၆၆ ယောက်ကိုစစ်ဆေးတော့ ၈၄% မှာရှိနေတာတွေ့ရတယ်။ ညာဖက်ခြေထောက်တွေမှာသာ တွေ့ရတယ်။ ဘာလို့ဖြစ်ရသလဲ – သွေးပြန်ကြောတွေအပေါ်မှာ ဖိအားသက်ရောက်ခံရလို့ပါ။ ဒိထက်တော့ တိတိကျကျ မသိရသေးပါ။ မျိုးရိုးလိုက်သလိုရှိတယ်။ အကြာကြီးမတ်တပ်ရပ်ရသူတွေမှာ ပိုဖြစ်ကြတယ်။ တချို့မှာ အဲလို ပင့်ကူအိမ် သွေးပြန်ကြောလေးတွေနဲ့အတူ ခြေထောက်ရောင်တာ၊ ခြေထောက်လေးနေတယ်လို့ ခံစားရတာ၊ ခြေထောက် ညောင်းနေတာတွေပါတွဲရှိတတ်တယ်။ မဖြစ်ချင်ရင် သွေးပြန်ကြောလေးတွေအပေါ်ဖိအားနည်းစေပါ။ ရပ်နေရတာကို ပြုပြင်ဆင်ခြင်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။ အကြာကြီး ရပ်-ထိုင်လုပ်ရသူတွေ မိနစ် ၃ဝ တခါ လမ်းလျှောက်ပေးတာ ကောင်းတယ်။ ထိုင်ရင်လဲ ခြေထောက်တွေကို ချိတ်မထိုင်ပါနဲ့။
 
Lightweight compression stocking with a gradient of 15 or 20 milliliters of mercury ခြေအိပ် မကျပ်တာ ဝတ်ဆင်ပါ။ ခြေထောက်ကို နားချိန်မှာ မြှင့်ပေးထားပါ။ နေရာင်ထိရတာကြာသူတွေက Slather on sunscreen နေလောင်ခံသုံးပါ။ လေဆာကုသနည်းနဲ့ Sclerotherapy နည်းတွေနဲ့ကုသနိုင်တယ်။ Sclerotherapy နည်းနဲ့ ကုသပေးရတာ ပိုများတယ်။ သွေးပြန်ကြောထဲဆေးထိုးပေးတယ်။ သွေးမလာစေတော့အောင် လုပ်ပြစ်တယ်။ သွေးပြန်ကြောကပိတ်ပြီး အမာရွတ်လိုဖြစ်လာမယ်။ ကြာရင် ပျောက်သွားမယ်။ ၅ဝ-၉ဝ% ပျောက်တယ်။
 
Varicose veins သွေးပြန်ကြောထုံးခြင်း http://doctortintswe.blogspot.com/2014/11/varicose-veins.html
Pregnancy and Varicose veins ကိုယ်ဝန်နဲ့ သွေးကြောထုံးခြင်း http://doctortintswe.blogspot.com/2015/04/pregnancy-and-varicose-veins.html
Spider veins ပင့်ကူသွေးပြန်ကြောများ http://doctortintswe.blogspot.com/2015/02/spider-veins.html
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s