ချာဂျာများ၏ သမိုင်းကြောင်း

This slideshow requires JavaScript.

မော်လမြိုင်၊ ၃၁ သြဂုတ် ၂၀၁၇
 
စူပါချာဂျာနဲ့ တာဘိုချာဂျာတို့ရဲ့ကြား ကွာချားချက်တွေ၊ အလုပ်ပုံတွေနဲ့ အမျိုးအစားတစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိပြီးဖြစ်ပါလိမ့်မယ်။ လက်ရှိအချိန်မှာတော တာဘိုချာဂျာတွေကို အသုံးများလာပြီး စူပါချာဂျာတွေရဲ့နေရာက ကွယ်ပျောက်လုလု ဖြစ်လာပါပြီ။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၁၉ ခုနှစ်မှာ အသစ်ထုတ်လုပ်မယ့် မော်တော်ယာဉ်တွေရဲ့ ၄၃% မှာ တာဘိုချာဂျာစနစ်တွေ ပါဝင် လာမယ်လို့ သိရပါတယ်။ တာဘိုချာဂျာတွေက အင်ဂျင်ရဲ့စွမ်းပကားကို မြှင့်ယူပေးနိုင်ရုံသာမက ဆီစားနှုန်းကိုပါ တိုးတက် စေတာကြောင့် စူပါချာဂျာတွေကို ကျော်တက်အနိုင်ယူခဲ့တယ်လို့ ယူဆရပါတယ်။ ဒီတစ်ပတ်မှာတော့ စာဖတ်ပရိသတ်ကြီးအတွက် စူပါချာဂျာနဲ့ တာဘိုချာဂျာတို့ရဲ့ သမိုင်းကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
၁၈၈၅
——–
ဂျာမနီနိုင်ငံရဲ့ အထင်ကရ အင်ဂျင်နီယာကြီး Gottlieb Daimler နဲ့ ဒီဇယ်အင်ဂျင်ကို တီထွင်ခဲ့သူ Rudolf Dieseal တို့က ကြိုတင်ဖိသိပ်ထားတဲ့ လေကို အင်ဂျင်တွေထဲ သွတ်သွင်းတဲ့အခါ အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်စေတယ်ဆိုတဲ့ အယူအဆအတွက် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်။
 
၁၉၁၂
——–
ဆွစ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Dr. Alfred Büchi အိပ်ဇောငွေ့အားနဲ့ မောင်းနှင်အလုပ်လုပ်တဲ့ ပထမဆုံးသော Supercharger ကို ဖန်တီးခဲ့ပါတယ်။ သူက တာဘိုချာဂျာပါဝင်တဲ့ ဒီဇယ်အင်ဂျင်အတွက် ရှေ့ပြေးပုံစံငယ်ကို ဖန်တီးဖို့ လည်း အဆိုပြုခဲ့ပါတယ်။
 
၁၉၂၅
——–
Büchi က အိပ်ဇောငွေ့ကို အသုံးပြုလည်ပတ်တဲ့ တာဘိုချာဂျာစနစ်ကို သရုပ်ပြထုတ်ဖော်ခဲ့ပြီး အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ကို ၄၀% ကျော်အထိ မြှင့်ယူနိုင်စွမ်းရှိတာကို ပြသခဲ့တယ်။
 
၁၉၃၈
——–
ဘတ်စ်ကားနဲ့ ထရပ်ကားတွေထုတ်လုပ်တဲ့ ဆွစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Saurer က ပထမဆုံးသော တာဘိုချာဂျာပါဝင်တဲ့ ထရပ်ကားအင်ဂျင်ကို တည်ဆောက်ခဲ့ပါတယ်။
 
၁၉၇၃
——–
တာဘိုချာဂျာစနစ်တွေ ပြန်ခေတ်စားလာပြီး BMW က ၂၀၀၂ Turbo, Porsche က 911 Turbo ကားမော်ဒယ်လ်တွေနဲ့ စတင်ဦးဆောင်ခဲ့ပါတယ်။ ဒီကားမော်ဒယ်လ်နှစ်မျိုးစလုံးကို ၁၉၇၄ ခုနှစ်၊ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ Paris Motor Show မှာ ထုတ်ဖော်ပြသခဲ့တယ်။
 
၁၉၉၄
——–
Toyota Supra Turbo က မြောက်အမေရိကဈေးကွက်မှာ Toyota ကုမ္ပဏီက ရောင်းချခဲ့ရသမျှ ကားတွေအားလုံးထက် အမြန်ဆုံးဖြစ်လာခဲ့တယ်။ Turning ပိုင်းကို စိတ်ဝင်စားသူတွေကြောင့် Supra Turbo က သမိုင်းတွင်ရလောက်အောင် နာ မည်ကျော်ခဲ့ပါတယ်။
 
၁၉၉၆
——–
VW Jetta မှာ တက်ဆင်ထားတဲ့ KO3-33 Turbo စနစ်ကို အခြားအပေါ့စားကားအများစုမှာလည်း တပ်ဆင်အသုံးပြုခဲ့ကြတယ်။ ဒီတာဘိုစနစ်က ချာဂျာတို့ရဲ့သမိုင်းမှာ အသုံးအများဆုံး၊ တပ်ဆင်မှုအများဆုံးစနစ် ဖြစ်ခဲ့ပါတယ်။
 
၂၀၁၄
———
အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Honeywell (အရင်က Garret) ဟာ လာမယ့် ၂၀၁၉ ခုနှစ်မှာ တာဘိုချာဂျာ တပ်ဆင် ထားတဲ့ မော်တော်ယာဉ်အစင်းရေ ၄၉သန်းအထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ တာဘိုချာဂျာတွေရဲ့ စွမ်းဆောင်ရည်က ပိုမိုတိုးတက်ကောင်းမွန်လာတာကြောင့် စူပါချာဂျာတွေ ပျောက်ကွယ်သွားလိမ့်မယ်လို့လည်း ပညာရှင်တစ်ချို့က ဆိုကြတယ်။
 
Mawlamyine Daily
Ref: motors.com.mm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s