ထိုင်းနိုင်ငံမှာ အခါအမျိုးသမီး ဒါန်းစီးပွဲ ကျင်းပ

17fb01983b79babc1a34ea4f99a91006

မော်လမြိုင်၊ ၁၂ သြဂုတ် ၂၀၁၇

အခါဒါန်းစီးပွဲတော် ၂၀၁၇ ကို ထိုင်းနိုင်ငံမြောင်ပိုင်း ချင်းရိုင်ခရိုင်မှာရှိတဲ့ အခါရွာမှာ သြဂုတ်လကနေ စက်တင်ဘာလ ၃၀ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ အခါလူမျိုးတွေရဲ့ ဒါန်းစီးပွဲဟာ ထိုင်းနိုင်ငံရဲ့ ပြက္ခဒိန်တွေထဲမှာတော့ ထင်ရှားတဲ့ ရိုးရာဝတ်ပြုပွဲတစ်ခုလဲဖြစ်ပါတယ်။ ဒီပွဲတော်ကို ပုံမှန်အားဖြင့် မိုးရာသီဖြစ်တဲ့ သြဂုတ်လမှာ ဘဝအတွက် အောင်ပွဲခံဖို့ နဲ့ ကောက်သီးစားပွဲတော် အဖြစ် ကျင်းပလေ့ရှိပါတယ်။

အခါဒါန်းစီးပွဲတော်ဟာ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အခါရွာမှာ နေထိုင်တဲ့ တောင်ပေါ်လူမျိုးစုဖြစ်တဲ့ အခါလူမျိုးတွေအတွက် အရေးကြီးတဲ့ နှစ်ပတ်လည်ပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ စိုက်ပျိုးရေးအတွက် မြေသြဇာကောင်းစေဖို့ နတ်ဘုရားကို ပူဇော်ပသတာနဲ့ မိုးရာသီ ကောက်ရိတ်သိမ်းပြီး ကောက်သစ်စားပွဲတော်အတွက်ဖြစ်သလို အခါအမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ ပွဲလဲဖြစ်ပါတယ်။ ဒါန်းစီးပွဲတော်ကို အခါအမျိုးသမီးများရဲ့ နှစ်သစ်ကူးပွဲလို့လဲ သတ်မှတ်ကြတာကြောင့် အခါအမျိုးသမီးတွေဟာ သူတို့အတွက် အရေးကြီးတဲ့ ဒီပွဲတော်ကို ဆင်နွှဲဖို့ စောင့်စားနေကြတာလဲဖြစ်ပါတယ်။

အခါအမျိုးသမီးတွေအတွက်တော့ ဒီဒါန်းစီးပွဲတော်ဟာ အဝတ်အစားအကောင်းအစားတွေဝတ်ဆင်ဖို့အတွက် အခွင့်အလမ်းတစ်ခုလဲဖြစ်သလို သူတို့ တစ်နှစ်ပတ်လုံး ပင်ပန်းထားသမျှအတွက် အပန်းဖြေပြီး ဝတ်ကောင်းစားလှတွေနဲ့ ဆင်နွှဲကြတဲ့ ပွဲလဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲတော်မှာ အခါအမျိုးသမီးတွေဟာ အသက်အရွယ်ရလာပြီး အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ရောက်ပြီဆိုတာကိုလဲ ပြသတဲ့ ပွဲဖြစ်ပါတယ်။
ဒီပွဲတော်မှာ နတ်ဘုရားတွေကို ပူဇော်ပသတာ၊ အကတွေနဲ့ ဖျော်ဖြေတာနဲ့ ဘိုးဘေးတွေကို အရိုသေပေးတာတွေပြုလုပ်တဲ့အပြင် ကောက်သစ်စားပွဲတော်ကိုလဲ ကြိုဆိုကြတာဖြစ်ပါတယ်။

အခါဒါန်းစီးပွဲတော်ရဲ့ ထင်ရှားတဲ့ အချက်ကတော့ အခါအမျိုးသမီးတွေဟာ ဝါး၊သစ်သား နဲ့ ပြုလုပ်ထားတဲ့ ဒါန်းအကြီးကြီးတွေပေါ်မှာထိုင်ကာ အလွန်မြင့်တဲ့ အမြင့်ပေမှာ အရှေ့နဲ့ အနောက် လွှဲစီးကြတာဖြစ်ပါတယ်။ တခါတလေမှာဆို ဒါန်းတွေကို ကမ်းပါးစောက်တွေမှာပါ လွှဲပြီးစီးလေ့ရှိကြတာပါ။ ကောင်းမွန်တဲ့ အနာဂတ်တွေရရှိဖို့နဲ့ ကောက်ရိတ်သိမ်းတာတွေ ကောင်းလာအောင် နတ်ဘုရားတွေဆီမှာ တောင်းဆိုတဲ့အနေနဲ့  ဒါန်းစီးရင်း လေထဲမှာ သီချင်းဆိုကြတာ၊ ရီမောကြတာ၊ အော်ဟစ်ကြတာအပြင် အခါရိုးရာကဗျာတွေကို ရွတ်ဆိုကြတာတွေ ပြုလုပ်ကြပါတယ်။ ဒီပွဲတော်ကြီးတစ်ခုလုံးဟာ အားအင်အပြည့်နဲ့ ရိုးရာတေးဂီတတွေ အမြဲဖုံးလွှမ်းနေလေ့ရှိပါတယ်။

Mawlamyine Daily

Ref: Thenation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s