Kiss and Risks နမ်းတာကနေ ဘာရောဂါတွေရနိုင်သလဲ

မော်လမြိုင်၊ ၃၀ ဇူလိုင် ၂၀၁၇   ဘီပိုးကာကွယ်ဆေး ပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ French kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။   ဆေးစာမဖြေခင် အနမ်းဋီကာချဲ့ပါရစေ။ စာတပုဒ်ရေးထားတာရှိပေမဲ့ အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘော ရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိလာနိုင်တယ်။ ပေါ့ပေါ့ပါးပါးနမ်းတာနဲ့လဲ ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ … Continue reading Kiss and Risks နမ်းတာကနေ ဘာရောဂါတွေရနိုင်သလဲ

ကင်ဆာသုတေသနအတွက် 2017 Pershing Square Sohn Prize ဆုကို မြန်မာအမျိုးသမီးသိပ္ပံပညာရှင် ရရှိ

မော်လမြိုင်၊ ၂၉ ဇူလိုင် ၂၀၁၇ မြန်မာအမျိုးသမီး သိပံ္ပပညာရှင် မရည်မွန်အေး ဟာ အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်ရဲ့ ဓာတုဇီဝဗေဒဌာန တွဲဖက်ပါမောက္ခတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကင်ဆာသုတေသနဟာ ၂၀၁၇ခုနှစ်ရဲ့ Pershing Square Sohn Prize ဆုကို ရရှိခဲ့ပါတယ်။ “ဒီဆုအတွက် အဆိုတင်သွင်းခဲ့ကြတဲ့ထဲမှာ နိုဘယ်ဆုရထားတဲ့သူတွေ အပါအဝင် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ကင်ဆာဇီဝပညာရှင်တွေလဲပါပါတယ်။ ဒါပေမယ့် အဲဒီလူတွေကို ကျော်ဖြတ်ပြီး ဒီဆုကို ကျွန်မရခဲ့တာပါ” လို့ မရည်မွန်အေးက ဆိုပါတယ်။ မရည်မွန်အေးဟာ ၂၀၁၄ ခုနှစ်မှာ Beckman Young Investigator Award, a National Science Foundation early career award နဲ့ NIH Director’s New … Continue reading ကင်ဆာသုတေသနအတွက် 2017 Pershing Square Sohn Prize ဆုကို မြန်မာအမျိုးသမီးသိပ္ပံပညာရှင် ရရှိ

မော်လမြိုင်မှာ H1N1 ကြိုတင်ကာကွယ်ရေးလုပ်ဆောင်

မော်လမြိုင်၊ ၂၉ ဇူလိုင် ၂၀၁၇ မော်လမြိုင်မြို့ရဲ့ လူစည်ကားရာ မြိုင်ရတနာဈေး(အပေါ်ဈေး)၊အမှတ်(၁)ဈေး(အောက်ဈေး)မှာ ဇူလိုင် ၂၉ ရက်နေ့က Mask တွေကို လိုက်လံဝေငှလှူဒါန်းနေတာပါ။ သာသနာနွယ်ဖောင်ဒေးရှင်းနဲ့ ဘိုဘိုဝင်းအရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့တို့ပူးပေါင်းပြီး လိုက်လံဝေငှခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း မော်လမြိုင်မြို့ရဲ့ လူစည်းကားရာ အဝေးပြေးဂိတ်နဲ့ ရထားဘူတာတွေမှာလည်းလိုက်လံဝေငှခဲ့ပြီးဖြစ်ပါတယ်။ Mawlamyine Daily

Flu Viruses Survival တုပ်ကွေးပိုးတွေ ဘယ်လောက်ကြာ အသက်ရှင်နေနိုင်သလဲ

မော်လမြိုင်၊ ၂၉ ဇူလိုင် ၂၀၁၇   မေးကြတယ်။ ၄-၅-၆ ယောက်မကရှိပြီ။ ဒီမေးခွန်းက အများပြည်သူအတွက် သိပ်အရေးပါတာတော့ မဟုတ်ပါ။ ဆေးပညာအရသာ လိုအပ်တယ်။   လူ့ဝန်းကျင်မှာ ပိုးမျိုးစုံရှိနေတယ်။ လူ့ကိုယ်ပေါ်နဲ့ ကိုယ်ထဲမှာလည်း ရှိနေကြတယ်။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ဖန်းဂတ်စ် ခေါ် မှိုပိုး စတာတွေ။ နောက်ထပ်လည်းရှိသေးတယ်။ ပိုးတွေဟာ သက်ရှိတွေဖြစ်လို့ ရှင်သန်ပေါက်ပွါးနိုင်စွမ်းဟာ သူတို့ ကြိုက်နှစ်သက်တဲ့ အပူချိန်၊ စိုထိုင်းဆ၊ လေ၊ အစာအာဟာရစတဲ့အချက်အလက်တွေအပေါ်မူတည်ပြီး အသက်ရှည် ကြတယ်။   Cold viruses အအေးမိဗိုင်းရပ်စ်တွေက အခန်းတွင်းမျက်နှာပြင်တွေပေါ်မှာ ၇ ရက်မကရှင်နေနိုင်တယ်။ ယေဘုယျအားဖြင့် ဗိုပ်းရပ်စ်တွေဟာ အပေါက်မပါတဲ့နေရာမျိုးမှာ ပိုနေနိုင်ကြတယ်။ ဥပပမာ ရေမဝင်နိုင်တာ၊ သံချေးမတက်သံမဏိ။ အပေါက်လေးတွေပါတဲ့ အဝတ်အတည်တွေ၊ တစ်ရှူးတွေမှာ … Continue reading Flu Viruses Survival တုပ်ကွေးပိုးတွေ ဘယ်လောက်ကြာ အသက်ရှင်နေနိုင်သလဲ

ဇူလိုင်လ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ ဇူလိုင် ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ … Continue reading ဇူလိုင်လ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်မြို့မှ H1N1 သံသယရှိလူနာကို ရန်ကုန်မြို့သို့ ပို့ဆောင်

မော်လမြိုင်၊ ၂၈ ဇူလိုင် ၂၀၁၇   မော်လမြိုင်မြို့မှ Influenza A (H1N1) သံသယရှိ အသက် ၃၀ အရွယ် အမျိုးသမီးလူနာတစ်ဦးကို ဇူလိုင်လ ၂၇ရက်နေ့ က မော်လမြိုင်မြို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့ ရန်ကုန် နာရေးကူညီမှုအသင်းက သတင်းထုတ်ပြန်ထားပါတယ်။   မော်လမြိုင်မြို့က H1N1 သံသယရှိလူနာဟာ ရန်ကုန်ဆေးရုံကြီးကို မပြောင်းရွှေ့ခင် မော်လမြိုင်မြို့ ဇာနည်အောင် ဆေးရုံမှာ တက်ရောက်ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။   Mawlamyine Daily သတင်းဓာတ်ပုံ - နာရေးကူညီမှုအသင်း - ရန်ကုန်