မော်လမြိုင်မြို့တွင် အခမဲ့ အင်္ဂလိပ်စာ သင်တန်းဖွင့်မည်

20526290_1985857118316522_4370439342158181387_n.jpg

မော်လမြိုင်၊ ၁ သြဂုတ် ၂၀၁၇
 
အကြောင်းကြောင်းကြောင့် ကျောင်းပြင်ပ ရောက်နေကြပြီး အခကြေးငွေပေးပြီး သင်တန်းမတက်ရောက်နိုင်တဲ့ လူငယ်တွေကို အဓိက ရည်ရွယ်ပြီး ဖွင့်တဲ့ အင်္ဂလိပ်စာ အခမဲ့သင်တန်းကို မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ စန္ဓမာလာလမ်း NLD ရုံးအနီး ငါးပြားစုဓမ္မာရုံ မှာ သြဂုတ်လ ၁၂ရက်နေ့က စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
 
ဒီသင်တန်းမှာ အင်္ဂလိပ်စာ 4 Skills ဖြစ်တဲ့ Reading, Writing, Speaking and Listening အပြင် Critical thinking and Creative thinking ကိုပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
 
အခုခေတ်ကျောင်းနေကလေးတွေဟာ စာကို အလွတ်ကျက်ပြီး စာမေးပွဲဖြေဆို အောင်မြင်နေကြတာဖြစ်ပြီး တွေးခေါ်မှုအပိုင်းမှာ အားနည်းနေတာကြောင့် 4 Skills အပြင် Thinking ကိုပါ ထည့်ပြီးသင်ပေးတာဖြစ်တယ်။ နောက်ပြီး ကလေးတွေဟာ ကျောင်းတွေမှာ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလဲ အားနည်းကြတယ်။ဒါတွေကိုလဲ လေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့ ဆရာ ဦးစိန်ဝင်းထွန်းက ပြောပါတယ်။
 
ဒီသင်တန်းကို အနိမ့်ဆုံး ပညာအရည်အချင်း ၈ တန်း ကစတင်တက်ရောက်နိုင်ပြီး ဆယ်တန်းအောင်ပြီး လူငယ်တွေ၊ ဘွဲ့ရပြီးလူငယ်တွေနဲ့ အချိန်ပိုင်းတက်ချင်တဲ့ လူငယ်တွေ တက်ရောက်သင်ကြားနိုင်ပါတယ်။
 
5 Skills သင်ကြားမယ့် အင်္ဂလိပ်စာ အခမဲ့သင်တန်းကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း ညနေ ၆နာရီမှ ၇နာရီခွဲအထိ သင်ကြားပေးမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိဖို့ နဲ့ သင်တန်းအတွက် စာရင်းပေးချင်ရင်တော့
ဦးသိန်းဇော် ဖုန်းနံပါတ် 09 790 156 118 ကို ဆက်သွယ်နိုင်ပါတယ်။
 
Mawlamyine Daily

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s