ငွေ တောင်းယူခဲ့တယ်ဆိုတာပေါ်လွင်ပါတယ်

20108154_912127535623830_8046613522875331914_n.jpg

မော်လမြိုင်၊ ၁၇ ဇူလိုင် ၂၀၁၇
(အင်တာဗျူး)

မွန်ပြည်နယ်လွှတ်တော်ရုံးမှာ အသစ်ခန့်အပ်ခံရတဲ့ အငယ်တန်းစာရေး ဆီကနေ ဦးစီးမှူးဆိုသူက ငွေတောင်းယူသည့် အမှုအား ဇူလိုင် (၅)ရက်နေ့မှ (၁၃)ရက်နေ့အထိ မေးမြန်း၊စစ်ဆေးခဲ့တဲ့ ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ၊တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေး ကော်မတီ ဦးအောင်ကျော်သူနဲ့ Mawlamyine Daily မှတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

MD – ဘယ်သူတွေကို စစ်ဆေးခဲ့လဲဆိုတာ ပြောပြပေးပါအုံး။

AKT – ကျနော်တို့ တိုင်ကြားစာကော်မတီကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကနေပြီးတော့ ၅ ရက် ၇ လ ၂၀၁၇ ခုနှစ်မှာ ခေါ်ယူပြီးတော့တာ ဝန်ပေးအပ်တယ်။တိုင်ကြားစာကလည်း အဲဒီနေ့ မှာဘဲရောက်တယ်။

တိုင်ကြားစာမှာတော့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရော၊ဒု ဥက္ကဋ္ဌရော၊လွှတ်တော်ရုံးညွှန်ကြား ရေးမှူးအားလုံးနဲ့သက်ဆိုင်ပြီးပါနေတဲ့အတွက် သေချာစီစစ်ပေးပါဆိုပြီး ဥက္ကဋ္ဌရဲ့တာဝန်ပေး ချက်အရ တိုင်ကြားစာကော်မတီက အရေးပေါ်အစည်းအဝေးခေါ်ပြီး ဒီကိစ္စကို စတင်စုံးစမ်းစစ်ဆေးပါတယ်။

စုစုပေါင်းအားလုံး (၁၄)ဦးပါ။အသစ်ခန့်အပ်လိုက်တဲ့ ဝန်ထမ်းတွေရယ်၊တိုင်ကြားခံရတဲ့ ဦးစီးရယ်၊ဖြစ်စဉ်မှာ အနားမှာရှိနေတဲ့ ဝန်ထမ်းရယ်၊ နောက်ပြီး လွှတ်တော် ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌ တို့ ကိုလည်းတွေ့ဆုံမေးမြန်းတယ်။လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊လက်ထောက်ညွှန် ကြားရေးမှူးတွေကိုလည်း ခေါ်ယူတွေ့ဆုံမေးမြန်းတယ်။မေးမြန်းချက်တွေအားလုံးပေါ်မှာမှ ကွဲလွဲချက်တွေကိုပြန်ပြီးတော့ သုံးသပ်အကြံပြုတာပေါ့။

MD – ဘာတွေများ စစ်ဆေးတွေ့ရှိခဲ့ပါလဲ။

AKT – တိုင်ကြားသူရော၊သူ့ရဲ့သူငယ်ချင်းတွေရော အားလုံးထွက်ဆိုချက် ကအတူတူဘဲ။ပထမ ဆုံးတော့ သူတို့တွေက ငြင်းသေးတယ်။ဒါပေမယ့် နောက်ဆုံးကြတော့ သူတို့ဝန်ခံတယ်။ တိုင်ကြားစာပါ အကြောင်းအ ရာတွေမှန်တယ်ဆိုတာ အားလုံးတစ်ညီတစ် ညွှတ်တည်းထောက် ခံတယ်။

ဝန်ထမ်းတွေဘက်ကို စစ်ဆေးမေးမြန်းချိန်မှာတော့ မဟုတ်ပါဘူး၊မယူပါဘူး။မပြောပါဘူး ကိစ္စရပ်မျိုး။ အားလုံးက မပြောပါဘူးဆိုပြီး တညီတညွှတ်တည်းထွက်ဆိုတယ်။

ကလေးတွေကိုခေါ်ယူမေးမြန်းစဉ်မှာ တွေ့ရှိတာက (၅၀၀၀၀)အထိကို ကန်တော့မယ်လို့ သူတို့ရဲ့သဘောနဲ့ ဆန္ဒပြုထားကြတယ်။ဒါပေမယ့် သုံးသိန်းဖြစ်သွားတဲ့အချိန်မှာ တိုင်ကြားစာ ပေါ်လာတယ်။အဓိကပေါ်လာတဲ့အကြောင်းအရင်းကလည်း တိုင်ကြားသူမှာ ပိုက်ဆံမရှိဘူး။မိဘကလည်းကျန်းမာရေးမကောင်းဘူး။အဲဒီမှာ သူကနေပြီး သူစီးနေတဲ့ဆိုင်ကယ်ကို သွားပေါင်တာ၊ပိုက်ဆံသွားချေးတာ။အဲဒီကစပြီး ဒီဇာတ်လမ်းကပေါ်လာတာပါ။

MD – အခုတိုင်ကြားတဲ့ကိစ္စမှာ ငွေတောင်းယူခဲ့တယ်ဆိုတာ ပေါ်လွင်ပါလား။
AKT – ဟုတ်ကဲ့ ပေါ်လွင်ပါတယ်။

MD – စစ်ဆေးတွေ့ရှိချက်အရ ဘယ်နှယောက်ပေါ်ပေါက်ခဲ့ပါလဲ။

AKT – တိုင်ကြားခံရတာ သုံးယောက်လို့ပြောပါတယ်။ကျန်တဲ့နှစ်ယောက် ကလည်း ဖြစ်စဉ်ဖြစ်နေစဉ်မှာ ရှိနေကြတယ်။ဒါပေမယ့် သူတို့ကတော့ မကြားဘူး။မသိဘူးဘဲပြောကြတယ်။အမှန်တကယ်ဆိုတော့ သုံးယောက် လုံးက ဒီကိစ္စကိုသိနေကြတယ်။

MD – အခုစစ်ဆေးတွေ့ရှိချက်တွေနဲ့ပက်သက်ပြီး ဘာတွေများဆက် လုပ်သွားဖို့ရှိပါလဲ။

AKT – လက်ရှိက လွှတ်တော်ရုံးမှာသာဖြစ်သွားတယ်။တိုင်ကြားခံရတဲ့ဦးစီး မှူးကလည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုပြန်မယ့် ပုဂ္ဂိုလ်ဖြစ်နေ တယ်။အဲဒီဟာကို လွှတ်တော်ရုံးကနေပြီး ဒီအမှု ကိုပေါ်ပေါက်နေပါ တယ်ဆိုပြီး အရေးယူလို့ရမှာမဟုတ်ပါဘူး။အဲဒီအတွက်ကြောင့် သူ့ရဲ့မိခင်ဌာနကဘဲ ဒီကိစ္စတွေကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုက ဒီဖြစ်ရပ်ကို သူ့ရဲ့သက်ဆိုင်ရာဌာနကိုပေးပို့ရတော့မယ်။ပေးပို့တဲ့ဆီမှာ ဒီကိစ္စကို ဥပဒေနဲ့အညီဆောင်ရွက်ဖို့ရယ်၊သဘာဝကျကျ စဉ်းစားဆင်ခြင်သုံးသပ်တာက ဆုံးဖြတ်မယ့်လူရဲ့ စိတ်နေစိတ် ထားနဲ့ပိုပြီး သက်ဆိုင်လိမ့်မယ်ထင်ပါတယ်။ဘာကြောင့်ဆို တခါတလေကျရင် အမှုကိုပေါ့အောင်လုပ်တာတို့ ဒါမျိုးတွေရှိတယ်။ခုလက်ရှိမှာလည်း နေရာတော်တော်များများမှာရှိနေတယ်။

အဲဒီအတွက်ကြောင့်မို့ ဒီပြသနာကိုကိုင်တွယ်မယ့် လူရဲ့ စိတ်နေစိတ်ထားနဲ့ ယုတ္တိတန်တန်စဉ်းစားဖို့လိုမယ်လို့ထင်ပါတယ်။ဒီဟာကို လျော့ပေါ့ပြီး ပြစ်ဒဏ်ပေးလို့လည်းရတယ်။ထိရောက်ပြီးပြစ်ဒဏ်ပေးလို့လည်းရတယ်။ဒါပေမယ့် တခုတော့ အကြံပြုချင်တာက ဒီဟာသည် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ၊ညွှန်ကြားရေးမှူး၊နောက်ပြီး ပြည်သူကို ကိုယ်စားပြုတယ်ဆိုတဲ့ပုံရိပ်နဲ့ပါသက်ဆိုင်နေပါတယ်။ဒါကိုတော့ထည့်သွင်းစဉ်းစားစေချင်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s