မွန်တို့ရဲ့ လက်မှုပညာ ကျောက်သင်ပုန်းကို ပြန်လည်ထိန်းသိမ်းစေလိုတဲ့ မွန်အရှင်အဇ္ဇ နှင့်တွေ့ဆုံခြင်း

20031764_908028019367115_6877945917998148541_n.jpg

မော်လမြိုင်၊ ၁၂ ဇူလိုင် ၂၀၁၇
(အင်တာဗျူး)

မွန်ပြည်နယ် ၊ ဘီးလူးကျွန်းဒေသထွက်ကုန်ဖြစ်တဲ့ ကျောက်သင်ပုန်းတွေကို မွန်အမျိုးသား ပညာရေးကျောင်းတွေထံ လိုက်လံလှူဒါန်းနေတဲ့ မွန်အရှင် အဇ္ဇ ကိုဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၊မုဒွန်းရွာက သီတင်းသုံးနေထိုင်ရာ ပိဋကတ်တိုက်ကျောင်းထံ Mawlamyine Daily မှသွားရောက်တွေ့ ဆုံမေးမြန်းထားပါတယ်။

MD-ကျောက်သင်ပုန်း စလှူဖြစ်တဲ့အကြောင်းပြောပြပါအုံး အရှင်ဘုရား။

အရှင် – ၂၀၁၅ ခုနှစ် နှစ်ဆန်းမှာပေါ့နော်။မွန်ပြည်သစ်ပါတီ ဗဟိုကို ရောက်ဖြစ်ပါတယ်။ အဲဒီမှာ မွန်အမျိုးသားစာသင်ကျောင်းတစ်ကျောင်းရှိ တယ်။အဲဒီကျောင်းကို သွားလည်တဲ့အချိန်မှာ ကလေးတွေက ကျောက် သင်ပုန်း အကွဲတွေ၊ဘောင်မရှိတဲ့ဟာတွေနဲ့စာရေးနေတာကို တွေ့ရတာကို မြင်ပြီးတော့ ကျောက်သင်ပုန်းလှူမယ်ဆိုပြီး စဖြစ်ခဲ့ပါတယ်။

MD – ဦးဇင်းအနေနဲ့ ဘယ်အချိန်ကတည်းကစတင်လှူဒါန်းတာလဲ။

အရှင် – ဦးဇင်းတို့ကျောက်သင်ပုန်းလိုက်လှူနေတာ (၃)နှစ်ရှိပြီ။၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ အထိပါ။(ကျောင်းစဖွင့်ရာသီတွေပါ။)

MD -ဘယ်လိုဒေသတွေကို လိုက်လံလှူဒါန်းတာလဲ။

အရှင် -အဓိက ကတော့ မွန်အမျိုးသား စာသင်ကျောင်းပါ။မွန်အမျိုးသားစာသင်ကျောင်းရှိတဲ့ ရွာတွေမှာ လိုက်လှူဖြစ်ပါတယ်။

MD -ဘာကြောင့် အခုလို လှူဒါန်းဖြစ်တာလဲ။

အရှင် – ရည်ရွယ်ချက် (၃)ချက်ရှိပါတယ်။ ပထမအချက်ကတော့ မွန်လူမျိုးတွေမှာ မွန်ပညာရေးကိုထောက်ပံ့တဲ့အမြင်သိရှိလာဖို့။ဒုတိယအချက်ကတော့ ကျောက်သင်ပုန်းသုံးတဲ့ ခေတ်မကုန်သေးဘူး။မွန်လူမျိုးတွေရဲ့ လက်မှုပညာဖြစ်တဲ့ ကျောက်သင်ပုန်းကို စာသင်ကျောင်း တွေမှာသုံးခြင်းဖြင့် မ ပပျောက်အောင် ပြန်လည်ထိန်းသိမ်းခြင်းဖြစ်တယ်။တတိယအချက်ကတော့ လက်ရှိမှာ မွန်မျိုးသားကျောင်းတွေ ဘယ်မှာရှိ တာလဲ၊အခက်ခဲတွေဘယ်လောက်ရှိကြလဲ၊ကျောင်းအဆောက်အအုံ၊ဆရာ၊ဆရာမ အခြေအနေတွေ ဘယ်လိုရှိနေကြလဲဆိုတာကို မွန်လူထုတွေ သိရှိလာဖို့အတွက် ရည်ရွယ်လှုပ်ရှားနေတာဖြစ်ပါတယ်။

MD -အခုလို လှူဒါန်းနိုင်ဖို့ ရံပုံငွေဘယ်လိုရရှိတာလဲ။

အရှင် – မွန်တိုင်းရင်းသား အသိမိတ်ဆွေတွေ၊အွန်းလိုင်းပေါ်ကနေတဆင့် ဆက်သွယ်ပြီး အဝေး ရောက်မွန်တိုင်းရင်းသား အများစု လှူဒါန်းကြတာပါ။

MD -လှူဒါန်းနေတာ (၃)နှစ်ကျော်လာပြီဆိုတော့ ကျောက်သင်ပုန်း အရေတွက် ဘယ်လောက်များ လှူဒါန်းခဲ့ပြီလဲ။

အရှင် – ၂၀၁၅ ခုနှစ်မှာဆိုရင် ကျောက်သင်ပုန်းအရေအတွက် (၄၀၀၀)ကျော်၊၂၀၁၆ ခုနှစ်မှာတော့ (၆၀၀၀)ဝန်းကျင်း၊အခုလက်ရှိ ၂၀၁၇ ခုနှစ်မှာဆိုရင်တော့ ကျောက်သင်ပုန်းအရေ တွက် (၅၀၀၀)နီးပါးရှိနေပြီ။

MD -ဘယ်လို လှူဒါန်းတာပါလဲ။

အရှင် – ကျောင်းသားတစ်ဦးကို ကျောက်သင်ပုန်းတစ်ချပ်နဲ့ ကျောက်တံ (၅)ချောင်းလှူပါတယ်။ဒီနှစ်မှာတော့ ဆရာ၊ဆရာမတွေကိုလည်း ဘီလူးကျွန်း ရွာလွတ်ရွာကလုပ်တဲ့ သစ်သားဘောပင်တွေကိုလည်း လက်ဆောင်ပေးလှူဒါန်းပါတယ်။

MD – (၃)နှစ်တာရှိနေပြီဆိုတော့ ဘယ်ဒေသ၊ဘယ်မြို့နယ်တွေမှာ လိုက်လံလှူဒါန်းဖြစ်တာလဲ။

အရှင် -မွန်ပြည်သစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ မွန်အမျိုးသားပညာရေး ဌာနလက်အောင်မှာရှိတဲ့ မွန်အမျိုးသားပညာရေးကျောင်းတွေ မှာလိုက်လှူဖြစ်တယ်။မွန်အမျိုးသားစာသင်ကျောင်းရှိတဲ့ မြို့နယ်တွေ ကတော့ ကျိုက်မရောမြို့နယ်၊မုဒုံမြို့နယ်၊သံဖြူဇရပ်မြို့နယ်၊ရေးမြို့နယ်၊ရေဖြူမြို့နယ်(တနင်္သာရီတိုင်းဒေသကြီး)၊ကြာအင်းဆိပ်ကြီးမြို့ နယ်(ကရင်ပြည်နယ်)နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်အနီးတဝိုက်မှာ လိုက်လှူဖြစ်ပါတယ်။

အခုလို မွန်အမျိုးသားစာသင်ကျောင်းတွေကို ဦးစားပေးလှူတာကလည်း မွန်အမျိုးသား စာသင်ကျောင်းတွေ မပပျောက်ဖို့ပေါ့နော်။မွန်အမျိုးသားစာ သင်ကျောင်းကလည်း ပြည်သူလူ ထုရဲ့အားကိုယူနေရတော့ မွန်ပြည်သူလူ ထုဆီကအထောက်အပံ့ကိုရရှိမှ မွန်အမျိုးသားစာသင် ကျောင်းက ရှေ့ဆက် သွားလို့ရမယ်။မွန်တိုင်းရင်းသားတွေအနေနဲ့ မွန်အမျိုးသားစာသင်ကျောင်း ကိုမသိလို့မရဘူး။သိရှိလာအောင် ဒီလှုပ်ရှားမှုကို အသားပေး လှုပ်ရှားနေတာပေါ့နော်။အခုလက်ရှိ (၃)နှစ်တာကာလအတွင်းမှာ အတွေ့အကြုံတွေ တော်တော်များများရရှိခဲ့တယ်။

MD-အရှင်ဘုရားအနေနဲ့ နောက်ထပ်ဘာဆက်လုပ်ဖို့ရှိပါလဲ။

အရှင် -မွန်အမျိုးသားစာသင်ကျောင်းအတော်များများကတော့ ပျက်စီးနေတာများပါတယ်။ကျောင်းပျက်စီးနေတာကို အသစ်ပြန်လည် တည်ဆောက်ဖို့အတွက် ကတော့ လူထုအားပါဝင်ပူးပေါင်းမှ အသစ်ပြန်ဆောက်လို့နိုင်မယ်။တချို့ကျောင်းဆို စာသင်ကျောင်းနဲ့ ကိုမတူဘူး။လယ်ကွင်းထဲက တဲအိမ်နဲ့တူနေတာပေါ့နော်။ဒါက မဖြစ်သင့်ဘူးလေ။စာသင်ကျောင်းဆိုတာ စာသင်ကျောင်းနဲ့တူတဲ့အနေ အထားရှိရမယ်လေ။အခုလို လှုပ်ရှားတော့ အတွေးတစ်ခု ဘာဝင်လာလဲဆို ပျက်စီးနေတဲ့ မွန်အမျိုးသားစာသင်ကျောင်းတွေကို ပြည်သူလူထုအားနဲ့ ဝိုင်းဆောက်ပေးရမယ်။ကလေးတွေ စာသင်ကျောင်းကောင်းကောင်း နဲ့နေနိုင်ဖို့အတွက် ကျောင်းဆောက်မယ့်အစီစဉ်တွေ ဆက်လုပ်ဖို့ရှိပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s