ဂျပန်နည်းလမ်းနဲ့ ဝမ်းဗိုက်က အဆီတွေကို ချရအောင်

This Japanese Method Will Help You Quickly Get Rid of Belly Fat.gif

မော်လမြိုင်၊ ၈ ဇူလိုင် ၂၀၁၇

ခေါင်းမာတဲ့ ဝမ်းဗိုက်က အဆီတွေကို လွယ်ကူတဲ့ နည်းလမ်းနဲ့ အဆီချနိုင်ဖို့ ဂျပန်မင်းသား Miki Ryosuke က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီနည်းလမ်းနဲ့ပဲ သူဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ၂၈.၇ ပေါင် နဲ့ ခါးပတ်လည်ကအဆီ ၄.၇ လက်မကို လျော့ချနိုင်ခဲ့တာပါ။ ဒီလေ့ကျင့်ခန်းကို သူစတင်လေ့ကျင့်ဖြစ်တာကတော့ သူ့ရဲ့ ခါးနာတဲ့ဝေဒနာကို သွားပြရင်း ဆရာဝန်က ညွှန်ကြားလိုက်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင်းခန်းကိုလုပ်ဖို့ တနေ့ကို ၂ မိနစ်သာ အချိန်ယူရမှာပါ။

ဒီလေ့ကျင့်ခန်းကို Long-breath diet လို့ နာမည်ပေးထားပါတယ်။ ဒီလေ့ကျင့်ခန်းဟာ အသက်ရှုသွင်းတာကို ၃စက္ကန့်လုပ်ပြီး အသက်ပြင်းပြင်းရှုထုတ်တာကို ၇ စက္ကန့် လုပ်ရတာဖြစ်ပါတယ်။

ဒီလေ့ကျင်းခန်းကို ဥရောပက ဆရာဝန်တွေကလဲ ဝိတ်ချတဲ့ လေ့ကျင့်ခန်းအဖြစ် အသိမှတ်ပြုထားပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ဘာလို့ ဝိတ်ကျရတာလဲဆိုရင် ကျွန်တော်တို့ ရှုသွင်းလိုက်တဲ့ အောက်စီဂျင်ဟာ အဆီဆဲလ်တွေထဲကို ရောက်တဲ့အခါ ကာဘွန်နဲ့ ရေ အဖြစ် ပြိုကွဲသွားပါတယ်။ ဒါကြောင့် အောက်စီဂျင်ကို များများသုံးလေ အဆီတွေ များများလောင်ကျွမ်းလေ ဖြစ်တာပါ။

ဒီလေ့ကျင့်ခန်းကို တနေ့ ၂ မိနစ်ကနေ ၁၀ မိနစ်ကြား လုပ်ဆောင်ပေးရမှာပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့-

ခြေထောက်နှစ်ဘက်ကို ရှေ့နောက်ထားပြီး မတ်တပ်ရပ်လိုက်ပါ။ တင်ပါးနဲ့ တကိုယ်လုံးရဲ့ အလေးချိနိကို နောက်ဘက်က ခြေထောက်ပေါ်မှာ အားစိုက်ထားပါ။ လက်နှစ်ဖက်ကို ခေါင်းပေါ်ကို မြှောက်ပြီး အသက်ကို ဖြေးဖြေးချင်း ၃ စက္ကန့် ရှုသွင်းလိုက်ပါ။ ပြီးရင် တကိုယ်လုံးရဲ့ ကြွက်သားတွေကို အသုံးပြုပြီး အားပြင်းပြင်းနဲ့ အသက်ရှုထုတ်တာကို ၇စက္ကန့်ကြာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ ဝိတ်ကျစေရုံမက  ကြွက်သားစေကိုလဲ သန်မာစေသလို ဇီဝကမ္မဖြစ်စဉ်ကိုလဲ ကောင်းစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Mawlamyine Daily

Ref: Brightside

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s