အောင်လအန်ဆန် One Championship Middle ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

19642303_1480531535303430_7162734756389822806_n.jpg

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၇

ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်မြို့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ONE Middleweight World Championship ပြိုင်ပွဲမှာ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန် က လက်ရှိချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို ပထမအချီမှာကတည်းက အသားစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒုတိယအချီ တတိယ အချီ နဲ့ စတုတ္ထ အချီ တွေမှာတော့ လက်ရည်က သိပ်မကွာခဲ့ပေမယ့် နောက်ဆုံး ငါးချီမြောက် ထိုးသတ်ပြီးတဲ့အချိန်မှာတော့ ဒိုင်တွေ အားလုံးက အမှတ်ပြည့်ပေးပြီး တညီတညာထဲ အောင်လ ကို အနိုင်ပေးခဲ့တာကြောင့် အောင်လနန်ဆန်က One Championship မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သွားခဲ့ပါပြီ။

ရုရှ နိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ် အနေနဲ့ကတော့ MMA ပြိုင်ပွဲတွေမှာ ပထမဦးဆုံးရှုံးပွဲ ကြုံတွေ့ ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော် မြန်မာအားကစားသမားတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ဟာ သူ့ရဲ့ ပြိုင်ဘက်ကို ဖမ်းချုပ်ရစ်ပတ်တိုက်ခိုက်သည့်ဟန်ကြောင့် “မြန်မာ့ စပါးကြီးမြွေ” ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ အကောင်းဆုံး မစ်ဒယ်ဝိတ်တန်းသမားများထဲတွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့တာပါ။ ယခုနှစ် ဂျာကာတာမှာ ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြတ်နှင့် မရှုံးနိမ့်ခင်က လေးပွဲဆက် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ရန်ကုန်မှာကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးသုံးပွဲမှာ အနိုင်ရရှိထားခဲ့ခြင်းကလည်း အောင်လအန်ဆန်ကို နာမည်ကျော်ကြားလာစေခဲ့ပြီး သူပါဝင်တဲ့ပြိုင်ပွဲတိုင်းကို   မလွတ်တမ်း စောင့်ကြည့်အားပေးကြသည်အထိ ပရိတ်သတ်အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဇာတိ ကချင်လူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အားကစားသမားများထဲမှာ ရှားရှားပါးပါး အောင်မြင်လာခဲ့သူလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်ကို ဒီနေ့ရှုံးနိမ့်သွားတဲ့ လက်ရှိချန်ပီယံ ဘစ်ဒက်ရှ်ကတော့ ONE Championship ပြိုင်ပွဲကို ကိုးပွဲဆက် အနိုင်ရရှိထားပြီး ယခုထိတိုင် ရှုံးပွဲမရှိခဲ့တဲ့ ရွှေခါးပတ်ပိုင်ရှင်တစ်ဦးပါ။ သူနဲ့ ထိုးသတ်ခဲ့ဖူးသမျှထဲမှာတော့ အောင်လအန်ဆန်က အခက်ခဲဆုံးပြိုင်ဘက်တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားခဲ့တဲ့ သူဟာ အခုတော့ လက်ရှိကမ္ဘာ့ချိန်ပီယံဆုကို အောင်လအန်ဆန်ကို လွှဲပြောင်းပေးလိုက်ရပါပြီ။

ONE Championship ဆိုတာဟာ အရှေ့တောင်အာရှသမိုင်းကြောင်းမှာ အကြီးဆုံး အားကစားမီဒီယာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ရုံးချုပ်တည်ရှိပြီး ကမ္ဘာ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး MMA (mixed martial arts) အဖွဲ့အစည်း တစ်ခုအနေနဲ့ အရှေ့တောင်အာရှ MMA ကစားသမားများ၊ ကမ္ဘာ့ချန်ပီယံများပါဝင်သော ဖျော်ဖြေရေး အားကစားပွဲကြီးများကို ကြီးမှုးကျင်းပပေးလျှက်ရှိတဲ့ အာရှရဲ့ အကြီးဆုံး မီဒီယာတစ်ခုပါ။ ONE Championship ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၁၈ နိုင်ငံကျော်ရှိ ကြည့်ရှု့သူ တစ်သန်းကျော်ရှိသော ကမ္ဘာကျော် အားကစားလိုင်းများဖြစ်ဖြစ်သည့် FOX Sports, Setanta, MNC, Astro, Thairath TV, ABS-CBN, TV5, MYTV, HTV, OSN အစရှိသော ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s