အမျိုးသားတွေအတွက် Gym ကစားနည်းတွေ ကို Application လေးထဲက သင်ယူပြီး လိုက်လုပ်ကြရအောင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၁၂ ဇွန် ၂၀၁၇

အခုခေတ်မှာ အမျိုးသားတော်တော်များများဟာ ဘီယာဗိုက်ကလေးတွေကို မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် အများစုကတော့ Gym ဆော့ပြီး သူတို့ရဲ့ ပုံစံကို ပြောင်းလဲအောင်လုပ်ပြီးတော့ ကျန်းမာအောင်နေထိုင်တဲ့ လူမှုဘဝပုံစံကို ရွေးချယ်လာကြပါပြီ။ ဒါပေမယ့် Gym သွားပြီးဆော့ဖို့ အချိန်မပေးနိုင်တဲ့ ကိုကိုတွေအတွက် ဖုန်းထဲမှာ Application လေးထည့်ထားပြီး အဲဒီ Application လေးထဲက အတိုင်း လိုက်ဆော့ရင်း ကျန်းမာသန်စွမ်းပြီး ကျစ်လစ်တဲ့ ပုံစံကို ပိုင်ဆိုင်ဖို့ အခုပဲ ဖုန်းထဲမှာ Fitness & Bodybuilding ဆိုတဲ့ application လေးကို Intall လုပ်ထားလိုက်ဖို့ အကြံပြုပါရစေ။

Fitness & Bodybuilding Application က အကြံပေးထားတဲ့အတိုင်းသာ လေ့ကျင့်မယ်ဆို လိုချင်တဲ့ အချိုးအစားကို အချိန်တိုအတွင်းရရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ အချိုးအစားနဲ့ ကိုက်ညီတဲ့ ပရိုဂရမ်ကိုလဲ ကိုယ်တိုင်သတ်မှတ်ထားပြီး လိုအပ်သလို ကစားလို့ရပါတယ်။ တကိုယ်လုံးက ကြွက်သားတွေအတွက် လေ့ကျင့်ခန်းတွေကို ထည့်ပေးထားတာဖြစ်လို့ တော်တော်ကို အဆင်ပြေတဲ့ Application လေးပါ။ လေ့ကျင့်ခန်းတိုင်းမှာ လုပ်ပုံလုပ်နည်းကို စာ နဲ့ ပုံ အပြင် ဗီဒီယိုတွေနဲ့ ပါရှင်းပြထားပါတယ်။ ကဲ ကိုယ်လိုချင်တဲ့ ပုံစံအချိုးအစားကို Fitness & Bodybuilding Application  အကူအညီနဲ့ အိမ်မှာတင် ကိုယ်တိုင်လေ့ကျင့်လို့ရနေပြီဆိုတော့ Gym ခန်းမတွေသွားပြီး ဈေးကြီးပေးဆော့စရာမလိုတော့ဘူးပေါ့နော်။

Fitness & Bodybuilding Application လေးကို https://play.google.com/store/apps/details?id=softin.my.fast.fitness ကနေ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s