ဟောင်ကောင်မြို့ရဲ့ ခေါင်းတလားအိပ်ခန်းတွေအကြောင်း ဓာတ်ပုံမှတ်တမ်း

This slideshow requires JavaScript.

မော်လမြိုင်၊ ၈ ဇွန် ၂၀၁၇

ဟောင်ကောင်မြို့က ခေါင်းတလားအရွယ်သာသာပဲ ရှိတဲ့ လူနေတိုက်ခန်းတွေထဲက မွန်းကြပ်လှတဲ့ ဘ၀တွေအကြောင်းကို ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံဆရာ Benny Lam ရဲ့ ဓာတ်ပုံမှတ်တမ်းဖြစ်ပါတယ်။

“အခုထိတော့ အသက်ရှင်နေသေးတာပဲလေ” လို့ ဟောင်ကောင်မြို့ရဲ့ မွန်းကြပ်လှတဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

လှောင်အိမ်သာသာပဲ ရှိတဲ့ အခန်းလေးတွေမှာ ဟောင်ကောင်မြို့ရဲ့ အဆင်းရဲဆုံး လူတန်းစားတွေ နေထိုင်ကြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ၀ါယာပိုက်ကွန်လိုအရာတွေနဲ့ တည်ဆောက်ထားတဲ့ လှောင်အိမ်သာသာအခန်းလေးတွေနေရာမှာ အခုနောက်ပိုင်းတော့ ပျဉ်ပြားနဲ့ လုပ်ထားတဲ့ အိပ်ခန်းလေးတွေ အစားထိုးလာနေပါပြီ။

ဒီလိုသေးငယ်ပြီး ၁၅ စတုရန်းပေ ပတ်လည်သာ ရှိတဲ့ အခန်းလေးတွေကို ခေါင်းတလား အိပ်ခန်းလေး တွေလို့ ခေါ်ကြပါတယ်။

တကယ်တော့ ဒီအိပ်ခန်းလေးတွေဟာ စတုရန်းပေ ၄၀၀ ပတ်လည်ရှိတဲ့ အခန်းကို အနည်းဆုံး အခန်းငယ်ပေါင်း ၂၀ ရအောင် ပြန်လည်အခန်းကန့်ထားတာဖြစ်ပါတယ်။

ဒီအခန်းငယ်တွေထဲမှာ အသက်အရွယ်မျိုးစုံ ကျားမ မရွေး နေထိုင်ကြပါတယ်။ ဒီအခန်းတွေထဲမှာ အိမ်သာနဲ့ မီးဖိုဆောင်ဟာ ကပ်ရပ်တည်ရှိနေကြတာပါ။

ဓာတ်ပုံဆရာ Benny Lam ဟာ ဟောင်ကောင်မြို့ရဲ့ နေထိုင်မှု ကျပ်တည်းမှုပြဿနာကို ဖော်ပြနိုင်ဖို့ လူပေါင်း သိန်းနဲ့ချီပြီး နေထိုင်နေကြတဲ့ ဒီလိုကျဉ်းကျုပ်နေတဲ့ အခန်းငယ်လေးတွေအကြောင်း ဓာတ်ပုံမှတ်တမ်းကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

နိမ့်ကျတဲ့လူနေမှုအဆင့်အတန်းတွေရဲ့ မူဝါဒတွေ ပြောင်းလဲပေးဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Society for Community Organization (SoCO) ရဲ့ မှတ်တမ်းတွေအရ ဟောင်ကောင်မြို့ရဲ့ လူပေါင်း ၁သိန်းခန့်ဟာ နေထိုင်မှုအတွက် လုံလောက်မှု မရှိတဲ့ အခန်းငယ်တွေမှာ နေထိုင်နေကြရပါတယ်။

Mawlamyine Daily

Ref: Guardian

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s