ကမ္ဘာ့ချန်ပီယံဆုအတွက် ဒုတိယအကြိမ်ထိုးသတ်ရန် မြန်မာနိုင်ငံသို့ ပြန်လာမည့် အောင်လအန်ဆန်

This slideshow requires JavaScript.

မော်လမြိုင်၊ ၅ ဇွန် ၂၀၁၇

ပြီးခဲ့တဲ့ ဇန်နဝါရီလက ONE Middleweight World Championship ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) (၉ ပွဲနိုင်၊ ရှုံးပွဲမရှိ) နဲ့ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန် (၁၉ ပွဲနိုင်၊ ၁၀ ပွဲရှုံး၊ ၁ ပွဲ အရှုံးအနိုင်မပေါ်) တို့  ထိုးသတ်ခဲ့ကြပေမယ့် ပြိုင်ပွဲမစတင်မီ ၂ ပတ်ခန့်အလိုမှသာ စတင်ပြင်ဆင်ခဲ့ရတာကြောင့် အောင်လအန်ဆန်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။

ဒါကြောင့် ကမ္ဘာ့ချိန်ပီယံဆုအတွက် ဒုတိယအကြိမ်ထိုးသတ်ဖို့ အောင်လအန်ဆန် နှင့် ဘစ်ဒက်ရှ်တို့ရဲ့ ပြိုင်ပွဲကို ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်မြို့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ONE: LIGHT OF A NATION ရဲ့ အဓိကတွဲဆိုင်းအဖြစ် ထိုးသတ်ကြဦးမှာဖြစ်ပါတယ်။ အခြားတွဲဆိုင်းများကိုတော့ လက်ရှိအချိန်ထိ အတည်မပြုရသေးပါဘူး။

အခုလ ၃၀ရက်နေ့မှာ ကျင်းပမယ့် ONE Championship ပြိုင်ပွဲမှာ ဘစ်ဒက်ရှ်နှင့် ထပ်မံရင်ဆိုင်မှာဖြစ်ပြီး ယခုအကြိမ်မှာတော့ အောင်လအန်ဆန်ဟာ စခန်းသွင်းလေ့ကျင့်ချိန် အပြည့်အဝရရှိမှာဖြစ်ပြီး သူ့ဘဝ၏ အကြီးမားဆုံးပြိုင်ပွဲတစ်ခုလည်း ဖြစ်သောကြောင့် စိန်ခေါ်သူတစ်ဦးအနေဖြင့် အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသသွားမည်ဖြစ်တယ်လို့ အောင်လအန်ဆန်က ကတိပြုထားပါတယ်။

“အရင်ပြိုင်ပွဲတုန်းက ပြိုင်ပွဲနားနီးတော့မှ သိခဲ့ရလို့ အကောင်းဆုံး မထိုးသတ်နိုင်ခဲ့ဘူး။ အခုဒီပွဲမှာတော့ စခန်းသွင်းလေ့ကျင့်ချိန်အပြည့်နဲ့ ပြင်ဆင်ချိန်ကောင်းကောင်းရတဲ့အတွက် ကျွန်တော် လုပ်နိုင်စွမ်းရှိသမျှထက်ပိုပြီး အကောင်းဆုံးဖြစ်စေရမယ်လို့ ကတိပြုပါတယ်” ဟု အောင်လအန်ဆန် က ဆိုပါတယ်။

ကမ္ဘာကျော် မြန်မာအားကစားသမားတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ဟာ သူ့ရဲ့ ပြိုင်ဘက်ကို ဖမ်းချုပ်ရစ်ပတ်တိုက်ခိုက်သည့်ဟန်ကြောင့် “မြန်မာ့ စပါးကြီးမြွေ” ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ အကောင်းဆုံး မစ်ဒယ်ဝိတ်တန်းသမားများထဲတွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့တာပါ။ ယခုနှစ် ဂျာကာတာမှာ ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြတ်နှင့် မရှုံးနိမ့်ခင်က လေးပွဲဆက် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ရန်ကုန်တွင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးသုံးပွဲမှာ အနိုင်ရရှိထားခဲ့ခြင်းကလည်း အောင်လအန်ဆန်ကို နာမည်ကျော်ကြားလာစေခဲ့ပြီး သူပါဝင်တဲ့ပြိုင်ပွဲတိုင်းကို   မလွတ်တမ်း စောင့်ကြည့်အားပေးကြသည်အထိ ပရိတ်သတ်အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဇာတိ ကချင်လူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အားကစားသမားများထဲမှာ ရှားရှားပါးပါး အောင်မြင်လာခဲ့သူလည်း ဖြစ်ပါတယ်။

“ရန်ကုန်က ကျွန်တော့်ပရိသတ်တွေရဲ့ရှေ့မှာ အခုလိုယှဉ်ပြိုင်ရမှာကို အရမ်းဂုဏ်ယူမိပါတယ်။  မြန်မာနိုင်ငံအတွက်  ချန်ပီယံခါးပတ် ပြန်ယူဆောင်လာပေးနိုင်ဖို့ အားကုန်ယှဉ်ပြိုင်သွားမယ်လို့လည်း ကတိပေးပါတယ်။ အခုပြိုင်ပွဲက အပြင်းထန်ဆုံး တိုက်ပွဲတစ်ခုဖြစ်လာမှာပါ။ အဲ့ဒီညမှာ ပိုတော်တဲ့သူက အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မှာပေါ့ဗျာ”ဟု အောင်လအန်ဆန်က ပြောသွားခဲ့ပါတယ်။

လက်ရှိချန်ပီယံ ဘစ်ဒက်ရှ်ကတော့ ONE Championship ပြိုင်ပွဲကို ကိုးပွဲဆက် အနိုင်ရရှိထားပြီး ယခုထိတိုင် ရှုံးပွဲမရှိတဲ့ ရွှေခါးပတ်ပိုင်ရှင်တစ်ဦးပါ။ သူနဲ့ ထိုးသတ်ခဲ့ဖူးသမျှထဲမှာတော့ အောင်လအန်ဆန်က အခက်ခဲဆုံးပြိုင်ဘက်တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားပေမယ့် ချန်ပီယံဆုကိုတော့ လွှဲပြောင်းပေးရမယ် မထင်ကြောင်း ဘစ်ဒက်ရှ်က ဆိုပါတယ်။

“အောင်လအန်ဆန်ဟာ ကျွန်တော်ယှဉ်ပြိုင်ခဲ့သူသမျှ ပြိုင်ဘက်တွေထဲမှာ အမာဆုံးနဲ့ အတောင့်ခံနိုင်ဆုံး သူတစ်ယောက်ဖြစ်ပါတယ်။ အခုလို သူ့ရဲ့ဇာတိမြေမှာ လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ဘစ်ဒက်ရှ် ကပြောပါတယ်။

ယခုအကြိမ်မှာ ဘစ်ဒက်ရှ်ဟာ ပြိုင်ဘက်မြေမှာ သူ့ရဲ့ ချန်ပီယံဆုကို ကာကွယ်ရမှာဖြစ်ပြီး အောင်လအန်ဆန်ကို အားပေးတဲ့ ပရိတ်သတ်အများစုရှေ့မှာ ယှဉ်ပြိုင်ရမည့်ပွဲလည်းဖြစ်ပါတယ်။ ဒါပေမယ့် Rostov-on-don မြို့က မစ်ဒယ်ဝိတ်တန်းကစားသမားအနေနဲ့ ပြိုင်ဘက်မြေမှာ ယှဉ်ပြိုင်ရခြင်းကြောင့် တပန်းရှုံးနေပေမယ့် အောင်မြင်မှုကိုရယူနိုင်မည်ဟု ယုံကြည်နေပါတယ်။

“ပြိုင်ဘက်ရဲ့ဇာတိဖြစ်လို့ သူ့ဘက်က အားသာသွားမယ်လို့တော့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ကယ့်ချန်ပီယံတစ်ယောက်ဆိုတာ ဘယ်နေရာ၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယှဉ်ပြိုင်နိုင်လို့ပါပဲ” ဟု ဘစ်ဒက်ရှ် က ဆိုပါတယ်။

ဘစ်ဒက်ရှ်က “ကြိုးဝိုင်းထဲကို ပြန်ဝင်လာရတဲ့အတွက် စိတ်လှုပ်ရှားမိပြီး ဒီပွဲဟာ မြန်မာနိုင်ငံမှာ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ အောင်လအန်ဆန်နဲ့ သူ့ရဲ့ထိုးသတ်ပုံတွေကို လေးစားပေမဲ့လည်း ကျွန်တော် အိမ်ကိုပြန်တဲ့အခါမှာတော့ အောင်မြင်မှုနဲ့အတူ ပြန်သွားမှာပါ။ ပြီးတော့ ချန်ပီယံခါးပါတ်ကလည်း ကျွန်တော့်ပခုံးပေါ်မှာပဲ ရှိနေမှာပါ” ဟု ဆိုထားပါတယ်။

ONE Championship ဆိုတာဟာ အရှေ့တောင်အာရှသမိုင်းကြောင်းမှာ အကြီးဆုံး အားကစားမီဒီယာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ရုံးချုပ်တည်ရှိပြီး ကမ္ဘာ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး MMA (mixed martial arts) အဖွဲ့အစည်း တစ်ခုအနေနဲ့ အရှေ့တောင်အာရှ MMA ကစားသမားများ၊ ကမ္ဘာ့ချန်ပီယံများပါဝင်သော ဖျော်ဖြေရေး အားကစားပွဲကြီးများကို ကြီးမှုးကျင်းပပေးလျှက်ရှိတဲ့ အာရှရဲ့ အကြီးဆုံး မီဒီယာတစ်ခုပါ။ ONE Championship ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၁၈ နိုင်ငံကျော်ရှိ ကြည့်ရှု့သူ တစ်သန်းကျော်ရှိသော ကမ္ဘာကျော် အားကစားလိုင်းများဖြစ်ဖြစ်သည့် FOX Sports, Setanta, MNC, Astro, Thairath TV, ABS-CBN, TV5, MYTV, HTV, OSN အစရှိသော ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s