Coughing and Children ကလေးတွေချောင်းဆိုးရင်

မော်လမြိုင်၊ ၁ ဇူလိုင် ၂၀၁၇   မင်္ဂလာပါ ဆရာရှင့် သမီးအသက်က ၂၅ ထဲမှာပါ၊ သမီးမှာ သားဦး ၉လခွဲသားလေးရှိပါတယ်၊ သားလေးကမွေးကတည်းက ကျန်းမာရေးကောင်းပါတယ်။ သာမန်နှာစီးတာအပြင်ဘာမှမဖြစ်ဖူးပါဘူး။ ၆လ ကာကွယ်ဆေးထိုးတုန်းက တရက်ပဲ ဖျားဖူးပါတယ်။ ခု ၉ လခွဲကျမှ သားချောင်းဆိုးနေတယ်။ တပတ်လောက်ရှိပါပြီ။ ဒီအတိုင်းနေရင်သိပ်မဆိုးပါဘူး။ အိပ်ရင်ပိုဆိုးပါတယ်။ ကလေးဆရာဝန်နဲ့သွားပြတော့ သူပေးတဲ့ဆေးတိုက်တာ ချောင်းဆိုးပျောက်သွားပါပြီ၊။ ချောင်းဆိုးပျောက်သွားပေမယ့်၊ သားရဲ့လည်ချောင်းထဲမှာချွဲသလိပ်ရှိနေသလိုဖြစ်နေပါတယ်။ ဆရာဝန်ကတော့ အမောက်စလင်ချွဲပျော်ဆေးတိုက်ခိုင်းပါတယ်။ ဒါပေမဲ့ ချွဲကမကျသေးဘူးဖြစ်နေတယ်။ နှာရည်ပျစ်ပျစ်တွေထွက်ပါတယ်။ သားလည်ချောင်းနား ကပ်နားထောင်လိုက်ရင် ချွဲသံကြားရပါတယ်။ ကလေးဆိုတော့ လည်ချောင်းမှာတနေတဲ့ချွဲကို မထုတ်နိုင်ဘူးဖြစ်နေတယ်။ သားလေးချွဲကျအောင် ဘယ်လိုလုပ်ပေးလို့ရလဲဆရာရှင့်။ အမောက်စလင်အပြင် တခြားချွဲပျော်ဆေးရှိရင် ညွှန်းပေးလို့ ရမလားရှင့်။ သားလေးချွဲကျပ်နေတော့ သမီးအရမ်းစိတ်ဆင်းရဲနေရပါတယ်ရှင့်။   ဆရာမင်္ဂလာပါ။ အိမ်ကတူမလေးက အသက် … Continue reading Coughing and Children ကလေးတွေချောင်းဆိုးရင်

အောင်လအန်ဆန် One Championship Middle ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၇ ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်မြို့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ONE Middleweight World Championship ပြိုင်ပွဲမှာ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန် က လက်ရှိချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို ပထမအချီမှာကတည်းက အသားစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒုတိယအချီ တတိယ အချီ နဲ့ စတုတ္ထ အချီ တွေမှာတော့ လက်ရည်က သိပ်မကွာခဲ့ပေမယ့် နောက်ဆုံး ငါးချီမြောက် ထိုးသတ်ပြီးတဲ့အချိန်မှာတော့ ဒိုင်တွေ အားလုံးက အမှတ်ပြည့်ပေးပြီး တညီတညာထဲ အောင်လ ကို အနိုင်ပေးခဲ့တာကြောင့် အောင်လနန်ဆန်က One Championship မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ ရုရှ နိုင်ငံသား … Continue reading အောင်လအန်ဆန် One Championship Middle ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

Otomycosis နားမှို

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၇   ၁။ မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၄၂ နှစ်ပါ။ ယခု့ မှာနေထိုင်ပါတယ်ဆရာ။ ကျွန်မငယ်ငယ်ထဲက ခုချိန်ထိ ဘယ်ဘက်နားဟာ အမြဲပဲ နားမှိုတက်တဲ့ရောဂါလို့ ပြောရမလား၊ အဖြူအဖတ်အဖတ်တွေကပ်နေပြီး ယားယံလာတတ်ပါတယ်။ သင်္ကြန်ကျပြီးတိုင်း ဆေးခန်းပြ၊ အဖြူရောင်အဖတ်တွေ အခဲလိုက်ထွက်သွားပြီးရင် သက်သာသွားပြန်ရော။ ဒီရောက်ပြီး ၁ဝ နစ်ကျော်အထိ ရောဂါပြန်ပေါ်မလာပဲ လွန်ခဲ့တဲ့ ၃ နစ်လောက်စပြီး တစ်နှစ်တစ်ခါ နားကိုက်တတ်လာပြီ။ ဆေးခန်းပြရပါတယ်ဆရာ။ နားဆရာဝန်တွေဟာ အင်မတန်ဈေးကြီးပါတယ် (ကျွန်မအထင်)။ ဒီနှစ်လည်း နားကိုက်လာပြန်တာနဲ့ ဂွမ်းတံလေးနဲ့ ကလော်ပြီး ရက်သိပ်မကြာ နားထဲက အရည်ကြည် ပြည်စ သွေးစလေးတွေပါလာတာမို့ နာကျင်ကိုက်ခဲတာတော့မရှိဘူးဆရာ။ အမြဲတစေ ကျနေတာမျိုးလည်း မဟုတ်တာကြောင့် ဆေးခန်းပြ သင့်မပြသင့်နဲ့ … Continue reading Otomycosis နားမှို

ဇွန်လ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်း ဒေသကြီး တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်တွင် (၄)ပေမှ … Continue reading ဇွန်လ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်