ခင်ဗျားပိုင်နက်ထဲဆိတ်ငြိမ်တဲ့ထောင့်ကျဉ်းမှာကျတော်ရှိမနေတော့တဲ့အခါ

မော်လမြိုင်၊ ၃၀ မေ ၂၀၁၇ (ကဗျာ) ကျတော်မရှိတဲ့နောက် အရာရာသတိရှိပါ ကိုယ့်ကိုကိုယ်ကာကွယ်ပါ အရင်ကမတွေ့လိုက်ရဘဲကွယ်ပျောက်သွားခဲ့ဖူးတဲ့ခလုတ်ကန်သင်းမျိုးတွေဆို ကိုယ်တိုင်ဖယ်ရှင်းနင်းလျှောက်ပါ လူတိုင်းကို ကျတော်လိုမတွေးပါနဲ့ အပြစ်ရှိနေသလိုလည်းမခံစားနဲ့ စိတ်ရှိလက်ရှိအောင်မြင်ပါစေ တကယ်လို့ တစ်နေ့မှာ ပြေးထွက်သွားလိုက်ဖို့နေရာတစ်ခုတောင်ရှိမနေတော့ဘူးဆိုတဲ့ကာလများ ရှိလာခဲ့ရင် ပြောပါ ကျတော်ဖန်တီးပြီး နေထိုင်လာခဲ့တဲ့ space တစ်ခုစွန့်ခွာပြီး ခင်ဗျားကိုလာပေးမယ် ချစ်ခဲ့ရခြင်းဟာ ငြိမ်းချမ်းမှုကိုတစ်လှည့်ကိုင်ဆောင်တယ် မေသန္တာမျိုး Mawlamyine Daily

Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင်

မော်လမြိုင်၊၂၉ မေ ၂၀၁၇   ကလေးမီးဖွးတဲ့အခါ တကယ်နာပါတယ်။ ဘယ်ကနာနာ နာတာကို ခံနိုင်ရည်က ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တယောက်နဲ့ တယောက် မတူကြပါ။ သားဖွါးခန်းမှာ အံကျိတ်မွေးသွားတဲ့သူတွေ ရှိသလို လုံအောင် ပိတ်ထားတဲ့ အခန်းကကျော်အောင် အော်ရသူတွေလဲ မနည်းပါ။ သူများနာနေတာကို ကြည့်ရက်သူ မရှိသင့်ပါ။ နာတာ သက်သာစေအောင် ပါရာစီတမောဘယ်နှစ်လုံးပေးပေး ကလေးမွေးချင်လို့ သားအိမ်ညှစ်တာကို သက်သာဘို့ဆိုတာ မဖြစ်နိုင်ပါ။ တချို့ဆေးရုံတွေကတော့ ဒီဆေးပေးပါတယ်။ နဲနဲသက်သာသက်သာ အနည်းဆုံး စိတ်သက်သာရင်လဲ အကျိုးရှိတာဘဲ မဟုတ်လား။ ထိရောက်တဲ့ အနာသက်သာနည်းတွေ ရှိပါတယ်။ ပြည့်စုံမှု နည်းတဲ့ နေရာတွေမှာတော့ ဒီနည်းတွေကို မလုပ်နိုင်ကြပါ။   1. Epidural အက်ပီဂျူရယ် ခါးထုံဆေးသွင်းနည်း Epidural ဆိုတာ Anaesthetic … Continue reading Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင်

မေလ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ မေ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “ မိုရာ”(Mora) အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်ဘက်မိုင်(၁၉၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၂၀၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၃၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် နောက်(၂၄)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ မိုရာ”(Mora) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုတ်သုံလေ အားအသင့် အတင့်ရှိနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ … Continue reading မေလ ၂၉ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မေလ ၂၈ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ မေ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ရောက်ရှိကာ နောက်(၁၂) နာရီအတွင်း မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် … Continue reading မေလ ၂၈ ရက်နေ့မိုးလေဝသခန့်မှန်းချက်

Wound Dressing အနာ ဒဏ်ရာ ဆေးထည့်နည်း

မော်လမြိုင်၊ ၂၈ မေ ၂၀၁၇   အနာတွေကို အရက်ပျံဆွတ်ဂွမ်းနဲ့  သုတ်လိမ်းပေးတာ မလုပ်သင့်ဘူးဆိုတဲ့သဘောလား ဒေါက်တာ။ ဒါဆိုရင် အနာဝတွေကိုပဲ အရက်ပျံ သုတ်လိမ်းပြီး၊ အနာကို အင်တီဆက်တစ် ကရင်မ်ပဲ ထည့်ပေးသင့်တဲ့ သဘောပေါ့နော်။ အရက်ပျံကို သက်မဲ့မျက်နှာပြင်ထဲ မသုံးရဆိုတာ သိပ်နားမလည်လို့ ထပ်ရှင်းပြပေးပါဦးဗျာ။   Betadine (Povidone Iodine Ointment 5 %) အိုင်အိုဒင်းပါတဲ့ဆေး။ အိမ်တိုင်းမှာ ဆောင်ထားရတယ်။ အရေပြားမှာ ပိုးဝင်တာ၊ အနာပေါက်တာ၊ အနာ-ဒဏ်ရာရတာ၊ မီးလောင်နာ၊ ခွဲစိတ်ပြီးအနာ၊ မွေးစကလေးချက် စတာတွေအတွက် အနာထဲကိုပါ ထည့်ပေးနိုင်တယ်။   အရက်ပြန်ရော အိုင်အိုဒင်း 1-2% အရည်ကိုပါ အနာထဲ မထည့်ရပါ။ အကျိုးရှိစေနိုင်ပေမဲ့ ထိခိုက်စေတယ်လို့ ပြောနိုင်တယ်။ … Continue reading Wound Dressing အနာ ဒဏ်ရာ ဆေးထည့်နည်း