Periorbital hyperpigmentation မျက်ကွင်းညိုနေပါတယ်

Periorbital hyperpigmentation မျက်ကွင်းညိုနေပါတယ်.jpg

မော်လမြိုင်၊ ၃၁ မေ ၂၀၁၇
 
၁။ ဆရာရှင့် သမီးက အသက် ၃၀ ရှိပါပြီ။ သမီး မျက်ကွင်းတွေ တအားညိုနေလို့ မေးချင်လို့ပါရှင့်။ မိဘမျိုးရိုးကလည်း မျက်ကွင်းမညိုပါဘူးရှင့်။ အရင်က မျက်ကွင်းမညိုပါဘူးရှင့်။ လွန်ခဲ့တဲ့ ၃ နှစ်မှစပြီး မျက်ကွင်းတွေညိုလာပါတယ်ရှင့်။ သမီးက ဆရာမတယောက်ပါ။ ကွန်ပျူတာတော့ သုံးရပါတယ်။ မျက်စိဆရာဝန်နဲ့လည်းပြဖူးပါတယ်။ မျက်လုံးက အားလုံးကောင်းပါတယ်တဲ့ရှင့်။ ဓမ္မတာလည်းမှန်ပါတယ်။ မျက်ကွင်းညိုသက်သာအောင် သမီးဘာလုပ်သင့်လည်း၊ ဘာဆေးသောက်သင့်လည်း အကြံပေးစေချင်ပါတယ်ရှင့်။
 
၂။ ၁ဝ တန်းလောက်ထဲက မျက်ကွင်းညိုပါတယ်။ အအိပ်အစားမှန်ပါတယ်။ အခု ၂၂ ထိညိုတုန်းပါ။ ဘာလုပ်သင့်ပါလဲ။ အရင်ကအသားဖြူပါတယ်။ အခုကျောင်းဆရာအဖြစ် ရခိုင်ပြည်ချောင်းဘေးက လေတိုက် နေပြင်းတဲ့ရွာမှာ တာဝန်ထမ်းဆောင်ရင်း အသားတွေသိသိသာသာမဲသွားပါတယ်။ ဘယ်လိုအကာကွယ်မျိုးလုပ်သင့်ပါလဲ။ ဘယ်လို ဖြူအောင်ပြန်လုပ်ရပါလဲ။
 
၃။ ကျွန်တော့်ကောင်မလေးက Shopping mall တစ်ခုမှာ Cashier လုပ်ပါတယ်။ အလုပ်သက်တမ်းက ၆ နှစ် လောက် ရှိပါပြီ။ တရက်တရက် ကွန်ပျူတာမော်နီတာကိုပဲ ကြည့်နေရတော့ သူ့ရဲ့မျက်ကွင်းတွေကညိုနေပါတယ်။ ကြည့်ရတဲ့ မော်နီတာက LCD လဲ မဟုတ်ဘူး။ CRT အရင်တုန်းက ဟာတွေဆိုတော့ ပိုဆိုးပါတယ်။ အဲဒီ ညိုနေတဲ့ မျက်ကွင်းတွေကို အရင်ကတိုင်း ပုံမှန်အတိုင်းလိုပဲ ပြန်ပြီး ဖြူချင်လို့ပါ။ အဲဒါ ဘယ်လိုလုပ်ရင် ညိုတာပျောက်ပြီး ပြန်ဖြူလာနိုင်မလဲ။ အသားဖြူတော့ မျက်ကွင်းညိုတာက တော်တော်ကြီးကို သိသိသာသာကြီး ဖြစ်နေလို့ပါ။ အင်္ဂလိပ်ဆေးပဲဖြစ်ဖြစ် မြန်မာဆေးပဲ ဖြစ်ဖြစ်။
 
Dark Eye circles မျက်ကွင်းညိုတာ မျိုးရိုးအရလည်း ဖြစ်တတ်တယ်။ ခိုက်မိတာလည်းပါမယ်။ မျိုးရိုးအရဆိုတာ မျက်စိ အောက်နားက အရေပြားဟာ အပါးဆုံးနေရာ (တခြားနေရာတွေထက် ၄ ပုံ ၁ ပုံသာ ထူလို့) ဖြစ်လို့ အထဲက သွေးကြောတွေကို ပိုမြင်စေရမို့ပါ။ မျက်တွင်းကျသူတွေမှာ အရိပ်ကျနေလို့ ပိုမြင်စေတာလည်းရှိတယ်။
 
အလာဂျီ၊ ပန်းနာနဲ့ နှင်းခူနာတွေကြောင့်လည်းဖြစ်တယ်။ ယားတော့ ကုတ်မိရာကနေ ဖြစ်တာမျိုး။ ဆေးတွေကို သတိထားရမယ်။ သွေးအားနည်းနေတာ ကုရမယ်။ အစာအာဟာရမှာ သံဓါတ်များတာစားပါ၊ Ferrous ဆေးသောက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မျက်ကွင်းညိုတတ်တယ်။ သံဓါတ်နည်းတာနဲ့ ဆက်နေလို့ပါ။
 
အားယုတ်တာကလဲ ဖြစ်နေနိုင်တယ်။ အိပ်ရေးပျက်၊ အလုပ်ပန်း၊ စိတ်ပန်းချိန်မျိုး။ အသက်ရရင်လဲ ညိုလာတတ်တယ်။ အရေပြားက ကိုလာဂျင်နည်းရာကနေ ဖြစ်တယ်။ အရီသန်သူတွေလဲ ဖြစ်ရသေးတယ်။
 
ဆေးကုရတာမှာ ပြောခဲ့တာတွေကလွဲရင် တကယ်တန်း ပျောက်စေဆေး မရှိပါ။ အိမ်သုံးနည်းတွေတော့ အမျိုးမျိုး လုပ်ကြတယ်။ Teabags ကိုကပ်ပေးတာ၊ သခွါးသီးစိမ်းဝိုင်း ကပ်တာ၊ ရေ-အရည် တဝကြီးသောက်တာ၊ စိမ်ပြေနပြေ နားတာတွေပါတယ်။
 
Vitamin A + K eye cream တွေသုံးတယ်။ Make-up လဲသုံးတယ်။ Hydroquinone solution mixed in an oil free moisturizer ဆေးလဲ ညွှန်းတယ်။ Melasma တင်းတိတ်ဖြစ်နေရင် သပ်သပ်ကုပါ။ Concealing သူများမမြင်အောင် လုပ်နည်းရှိတယ်။ Before and After ဆေးကြော်ငြာတွေကိုတော့ မယုံကြစေချင်ပါ။ အသားဖြူဆေးလည်း သတိထားပါ။
 
မွေးကတည်းက မျက်ကွင်းညိုသူတွေဟာ သူများထက်ထူးခြားသူတွေ ဖြစ်တယ်လို့ သတ်မှတ်တာလဲရှိပါတယ်။
 
Dr. တင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s