တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၁၇ရက်နေ့ ထွက်မည်

13418837_590017577834829_254803403480038177_n

မော်လမြိုင်၊ ၃၀ မေ ၂၀၁၇

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက်(စနေနေ့) မှာ ထုတ်ပြန်မယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၇ ခုနှစ် မတ်လ ၈ရက်နေ့ကနေ ၁၇ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းပြည်ပ စာဖြေဌာနပေါင်း ၁၅၄၉ ခုမှာ ဝင်ရောက်ဖြေဆိုသူပေါင်း ၇သိန်းကျော် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာတော့ အောင်စာရင်းတွေကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူဦးရေ ၆၃၆,၂၃၇ ဦးရှိခဲ့တဲ့အထဲက အောင်မြင်သူဦးရေ ၁၉၀,၃၈၈ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s