Periorbital hyperpigmentation မျက်ကွင်းညိုနေပါတယ်

မော်လမြိုင်၊ ၃၁ မေ ၂၀၁၇   ၁။ ဆရာရှင့် သမီးက အသက် ၃၀ ရှိပါပြီ။ သမီး မျက်ကွင်းတွေ တအားညိုနေလို့ မေးချင်လို့ပါရှင့်။ မိဘမျိုးရိုးကလည်း မျက်ကွင်းမညိုပါဘူးရှင့်။ အရင်က မျက်ကွင်းမညိုပါဘူးရှင့်။ လွန်ခဲ့တဲ့ ၃ နှစ်မှစပြီး မျက်ကွင်းတွေညိုလာပါတယ်ရှင့်။ သမီးက ဆရာမတယောက်ပါ။ ကွန်ပျူတာတော့ သုံးရပါတယ်။ မျက်စိဆရာဝန်နဲ့လည်းပြဖူးပါတယ်။ မျက်လုံးက အားလုံးကောင်းပါတယ်တဲ့ရှင့်။ ဓမ္မတာလည်းမှန်ပါတယ်။ မျက်ကွင်းညိုသက်သာအောင် သမီးဘာလုပ်သင့်လည်း၊ ဘာဆေးသောက်သင့်လည်း အကြံပေးစေချင်ပါတယ်ရှင့်။   ၂။ ၁ဝ တန်းလောက်ထဲက မျက်ကွင်းညိုပါတယ်။ အအိပ်အစားမှန်ပါတယ်။ အခု ၂၂ ထိညိုတုန်းပါ။ ဘာလုပ်သင့်ပါလဲ။ အရင်ကအသားဖြူပါတယ်။ အခုကျောင်းဆရာအဖြစ် ရခိုင်ပြည်ချောင်းဘေးက လေတိုက် နေပြင်းတဲ့ရွာမှာ တာဝန်ထမ်းဆောင်ရင်း အသားတွေသိသိသာသာမဲသွားပါတယ်။ ဘယ်လိုအကာကွယ်မျိုးလုပ်သင့်ပါလဲ။ ဘယ်လို ဖြူအောင်ပြန်လုပ်ရပါလဲ။ … Continue reading Periorbital hyperpigmentation မျက်ကွင်းညိုနေပါတယ်

မေလ ၃၁ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ မေ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။   … Continue reading မေလ ၃၁ ရက်နေ့မိုးလေဝသခန့်မှန်းချက်

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၁၇ရက်နေ့ ထွက်မည်

မော်လမြိုင်၊ ၃၀ မေ ၂၀၁၇ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက်(စနေနေ့) မှာ ထုတ်ပြန်မယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် မတ်လ ၈ရက်နေ့ကနေ ၁၇ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းပြည်ပ စာဖြေဌာနပေါင်း ၁၅၄၉ ခုမှာ ဝင်ရောက်ဖြေဆိုသူပေါင်း ၇သိန်းကျော် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာတော့ အောင်စာရင်းတွေကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူဦးရေ ၆၃၆,၂၃၇ ဦးရှိခဲ့တဲ့အထဲက အောင်မြင်သူဦးရေ ၁၉၀,၃၈၈ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ … Continue reading တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၁၇ရက်နေ့ ထွက်မည်

Poisoning အဆိပ်သင့်ခြင်း

မော်လမြိုင်၊ ၃၀ မေ ၂၀၁၇   ဆရာကျနော်တို့ ကျေးရွာအောက်ဘက်ကွင်းတွေမှာ အရက်သမားနဲ့ မိန်းမပျိုတော်တော်များများဟာ မကြာခဏ ကြွတ်သတ်ဆေးကို သောက်မိတတ်ကြပါတယ်။ ဆေးရုံမရောက်ခင် အဆိပ်ပြယ်စေတဲ့ အိမ်တွင်းကုသနည်း အရေးပေါ်အတွက် ဘယ်လိုဆေးဝါးဓါတ်စာတွေပေးပြီး ဘာတွေကိုသတိပြုရှောင်ကျဉ် သင့်ပါသလည်းခင်မျာ။   အဆိပ်သင့်ခြင်း ရှေးဦးသူနာပြုနည်း အဆိပ်အမျိုးမျိုးရှိသည်။ • စားဆေး-ထိုးဆေး၊ အစားအစာ၊ ဓါတ်ငွေ့။ • အကြောင်းမရှိ နေမကောင်း သံသယရှိပါ။ • ဆေးဝါးလွန်ကဲလျှင် ဖြစ်တတ်သည်။ • အလုပ်စခန်းကလည်း ဖြစ်တတ်သည်။ • အင်းဆက်ကောင်မှလည်း ဖြစ်နိုင်သည်။   လက္ခဏာများ • နှုတ်ခမ်းပြာခြင်း၊ • အရေပြားတွင် အနီပြင်-အဖု-အပိန့်ထွက်ခြင်း၊ • အသက်ရှူခက်ခြင်း၊ • ဝမ်းပျက်ခြင်း၊ • ပျို့-အန်ခြင်း၊ • … Continue reading Poisoning အဆိပ်သင့်ခြင်း

မေလ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ မေ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“ မိုရာ”(Mora) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် (၆၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်မြောက် ဘက် မိုင်(၁၂၀)ခန့်နှင့် မောင်တောမြို့၏ အနောက်တောင်ဘက် (၃၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်ဘက် မိုင်(၁၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“ မိုရာ”(Mora) သည် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းရာမှ … Continue reading မေလ ၃၀ ရက်နေ့မိုးလေဝသခန့်မှန်းချက်