Tonics အားဆေး

မော်လမြိုင်၊ ၂၆ ဧပြီ ၂၀၁၇   ဆရာရှင့် ကျွန်မရဲ့ မိဘများမှာ အဖေက ၆၇ နှစ်နဲ့ အမေက ၆၀ နှစ်ပါ။ ကျွန်မတို့ငယ်စဉ်အခါက မိဘ၂ ပါးလုံးမှာ အောက်ခြေ လက်လုပ်လက်စားသမားတွေမို့ အရမ်းပင်ပန်းခဲ့ရပါတယ်။ ခုချိန်မှာတော့ သားသမီးတွေကလဲအလုပ်ကိုယ်စီနဲ့မို့ အေးအေးဆေးဆေး အနားယူနေရပါပြီ။ သူတို့ခုချိန်မှာတော့ ရောဂါကြီးကြီးမားမားတော့မဖြစ်သေးပါ။ အလုပ်ကြမ်း လုပ်ခဲ့ရတဲ့အတွက် နာကျင်ကိုက်ခဲတက်တာတော့ရှိပါတယ်။ ကျွန်မမိဘများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့ တက်နိုင်သလောက်လုပ်ပေးချင်ပါတယ်။ ဘယ်လိုဆေးမျိုးတွေ (အားဆေး) တိုက်ရမယ်။ တခြားဘာတွေ လုပ်ရမလဲဆိုတာ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာပါစေ။   အားဆိုတာ ဘာလဲ။ တယောက်တမျိုးပြောပါမယ်။ ဆရာဝန်ကတော့ ပြန်မေးချင်တယ်။ အပြေးသန်ချင်တာလား၊ ဝချင်တာလား၊ သွေးအားလား၊ ဗီတာမင်လား၊ အသည်းမကောင်းလို့လား၊ မိန်းမ-ယောက်ျား ပီသချင်တာလား။ ဒီတော့ … Continue reading Tonics အားဆေး

ဧပြီလ ၂၆ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၆ ဧပြီ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ထစ်ချုန်းရွာမည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ … Continue reading ဧပြီလ ၂၆ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

ဧပြီလ ၂၅ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၅ ဧပြီ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါ သည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်းရွာမည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။   ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ … Continue reading ဧပြီလ ၂၅ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး

မော်လမြိုင်၊ ၂၅ ဧပြီ ၂၀၁၇   ၁။ မင်္ဂလာပါဆရာ။ သမီးအသက် ၂၅ နှစ်။ အခု သားဦးကိုယ်ဝန် လေးလရှိပါပြီ။ ဒူးရင်းသီးစားချင်တာနဲ့ စားလိုက်မိပါတယ်။ တချို့က မစားရဘူးပြောလို့ပါ။ အပူများပြီး ကလေးကိုထိတယ်ဆိုလို့ စိုးရိမ်လို့ပါဆရာ။   ၂။ ဆရာ သစ်သီးဆို အကုန်စားလို့ရလားဆရာ။ ဥပမာ ဒူးရင်းသီးပါဆရာ။ ကိုယ်ဝန်က ၂ လပါဆရာ။   မှည့်တဲ့အသီးချိုတယ်ပြောတဲ့ဘုန်းကြီးနဲ့ လှတောသားတွေကြသလိုပဲ။ အသီးမှန်သမျှကောင်းတယ်ဆိုပေမယ့် ဒူးရင်းသီးကိုတော့ သတိထားသင့်ပါတယ်။ သုတေသနတော့ ကောင်းကောင်းမတွေ့ပေမယ့် လူပြောများတယ်။ အဲလိုရေးပြီး လိုက်ရှာရပါတယ်။   ဒူးရင်းသီးကို King of Fruits သစ်သီးတွေရဲ့ဘုရင်လို့လည်းခေါ်ကြတယ်။ ဒူးရင်းသီးကောင်းတာ၊ ကြိုက်ကြတာတွေတော့ မရေးလိုပါ။ ကျန်းမာရေးဒေါင့်နေသာရေးပါရစေ။ ဒူးရင်းသီးထဲမှာ (သကြား + ဗီတာမင် … Continue reading Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး