အာကာသမှာ အသားညှပ်ပေါင်မုန့် ရောင်းချဖို့စီစဉ်နေတဲ့ KFC

မော်လမြိုင်၊ ၂၈ ဧပြီ ၂၀၁၇ KFC က အမေရိကန်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင် ရောင်းချပေးလိုက်တဲ့ Spicy Zinger Sandwich အသားညှပ်ပေါင်မုန့် အမျိုးအစားအသစ်ကို အာကာသကို ပို့ဆောင်ပေးမယ့် အစီအစဉ် ပြုလုပ်နေတယ်လို့ ကြေညာလိုက်ပါတယ်။ ဒီတော့ KFC အနေနဲ့ အာကာသ ခရီးသွားတွေ၊ အာကာသမှာ နေထိုင်နေတဲ့ အာကာသယာဉ်မှူးတွေအတွက် သူ့ရဲ့ အစားအစာတွေကို အနာဂတ်မှာ ရောင်းချဖို့ မျှော်လင့်ထားပုံရပါတယ်။ KFC က အာကာသကို သူ့ရဲ့ Zinger အသားညှပ်ပေါင်မုန့် ရောင်းချမယ့် ကြော်ညာမှာ ဟောလီးဝုဒ် မင်းသား Rob Lowe ကို KFC ရဲ့ တည်ထောင်သူ Colonel Sanders နဲ့ ရုပ်ချင်းဆင်တူအောင် ဖန်တီးပြီး … Continue reading အာကာသမှာ အသားညှပ်ပေါင်မုန့် ရောင်းချဖို့စီစဉ်နေတဲ့ KFC

Hair dye reactions ဆံပင်ဆိုးဆေး သတိပေး

မော်လမြိုင်၊ ၂၈ ဧပြီ ၂၀၁၇   မေးကြတာ အတော်များတယ်။ သတိထားမိတာ ကိုယ်ဝန်ရှိစ ဆံပင်ဆိုးလို့ရမလား၊ ဆံပင်ဖြောင့်လို့ရမလား။   ဆံပင်ဆိုးဆေးကနေ ဆက်ဖြစ်တာကို မေးလာသူတွေရော မျက်စိအောက်တင်မြင်ရတာတွေရော မနည်းမနောရှိတယ်။ ဆံပင်ဆိုးဆေးနဲ့မတည့်တာကို Hair dye allergy လို့လည်းခေါ်တယ်။ သာမန်အားဖြင့်ကို လူတွေဟာ ဆံပင်ဆိုးဆေးနဲ့ အတော်မတည့်ကြပါ။ မတည့်တာသုံးမိရင် Contact dermatitis အရေပြားနာဖြစ်မယ်။ အရေပြားမှာ မတည့်တာနဲ့ တွေ့ထိတိုင်း ရောင်ရမ်းမယ်၊ နီမယ်၊ ယားမယ်၊ အနာလိုလည်းဖြစ်မယ်။ အနေရခက်မယ်။ အရောင်ဖြစ်စေတဲ့ ဆိုးဆေးတွေထဲမှာ paraphenylenediamine (PPD) ဓါတ်ပါတယ်။ အဲတာကို မတည့်ကြတာများတယ်။ ဆိုးဆေး သုံးနည်းကို စနစ်တကျညွှန်ကြားစာအတိုင်းသုံးရင်တော့ စိတ်ချရပါတယ်။ black henna tattoo တက်တူးနဲ့ မတည့်သူဆိုရင် ဒါကိုလည်းမတည့်ပါ။ … Continue reading Hair dye reactions ဆံပင်ဆိုးဆေး သတိပေး

ဧပြီလ ၂၈ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ ဧပြီ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ် ချုန်းရွာနိုင်ပါသည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   … Continue reading ဧပြီလ ၂၈ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

ဧပြီလ ၂၇ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၇ ဧပြီ ၂၀၁၇   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။   ယနေ့ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်း ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် … Continue reading ဧပြီလ ၂၇ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မွန်ဝန်ကြီးချုပ်နဲ့ ပြည်နယ် ကျန်းမာရေးဝန်ကြီး မြင်တွေ့စေလို

မော်လမြိုင်၊ ၂၆ ဧပြီ ၂၀၁၇   မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံကြီး အဆောင် (၃) မြေညီထပ် အခန်း (၂) မှာ မြင့်တွေရတဲ့ ဆေးရုံ အနေအထား ဟာ ​ဆေးရုံမှာ လာရောက် ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေ အတွက် အရမ်း အန္တရာယ်များလို့ပါဆိုပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် ကျန်းမာရေးဝန်ကြီး မြင်တွေ့အောင် ပြောပြပေးပါဆိုပြီး Minwinthike Tun ဆိုသူ အကောင့်ပိုင်ရှင်မှ ဓါတ်ပုံနှင့်တကွ ပေးပို့လာသည်ကို Mawlamyine Daily ပြည်သူ့ပေး စာကဏ္ဍမှ ထပ်ဆင့်ဖော်ပြလိုက်ပါသည်။   Mawlamyine Daily Photo – Minwinthike Tun