ဧပြီလ ၂၇ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

April 27.jpg

မော်လမြိုင်၊ ၂၇ ဧပြီ ၂၀၁၇
 
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။
 
ယနေ့ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်း ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။
 
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
 
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုး လာနိုင်ပါသည်။
 
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
 
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
 
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
 
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း
တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။
 
မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသများမှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။
 
ဒီကနေ့နံနက်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာခဲ့ပါတယ်။
 
မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ကော့သောင်းမြို့မှာ (၂.၁၇)လက်မ၊ မြစ်ကြီးနားမြို့မှာ (၀.၇၉)လက်မနဲ့ မိုးကောင်းမြို့မှာ(၀.၄၇)လက်မတို့ ဖြစ်ကြပါတယ်။
 
ထူးခြားသည့်နေ့အပူချိန်မှာ ချောက်မြို့နဲ့ ဂန့်ဂေါမြို့တို့မှာ (၄၀)ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့၊ မင်းဘူးမြို့၊ ပေါက်မြို့နဲ့ တောင်ငူမြို့တို့မှာ (၃၉)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ပါတယ်။
 
နေပြည်တော်၏အမြင့်ဆုံးအပူချိန်မှာ (၃၈)ဒီဂရီစင်တီဂရိတ်၊
ရန်ကုန်မြို့၏အမြင့်ဆုံးအပူချိန်မှာ (၃၆)ဒီဂရီစင်တီဂရိတ်နှင့်
မန္တလေးမြို့၏အမြင့်ဆုံးအပူချိန်မှာ (၃၆)ဒီဂရီစင်တီဂရိတ် တို့ဖြစ်ကြပါတယ်။
 
Mawlamyine Daily
Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s