ငါးရံ့မရမ်းပြားချက် (မွန်ရိုးရာဟင်း)

This slideshow requires JavaScript.

မော်လမြိုင်၊ ၂၃ ဧပြီ ၂၀၁၇

တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေကိုရောက်လို့ ရိုးရာဟင်းတွေ မြည်းချင်တဲ့ အာသီသရှိကြမယ်လို့ထင်ပါတယ်။ဒါမှမဟုတ် တိုင်းရင်းသားရိုးရာဟင်းတွေကို ကိုယ်တိုင်စားဖိုမှူးလုပ်ပြီး ချက်ဖို့ ဆန္ဒရှိသူတွေအတွက် Mawlamyine Daily ရဲ့ “မော်လမြိုင်အစား” ကဏ္ဍမှ ငါးရံ့မရမ်းပြားချက် မွန်ရိုးရာဟင်းကို လမ်းညွှန်မိတ်ဆက်ပေးပါရစေ။

မွန်ပြည်နယ် မော်လမြိုင်မြို့ကိုရောက်လို့ မွန်ရိုးရာဟင်းကို မြည်းမယ့်ပုဂ္ဂိုလ်တွေ ကတော့ မော်လမြိုင်တက္ကသိုလ် အနီးက တာဝတိံ Food Court ကိုညွှန်းပါရစေ။တောင်ဝိုင်းလမ်းမ၊ ကုန်းထိပ်အနီးရောက်ရင် တာဝတိံ လို့မေးလိုက်ရင်ရပါပြီ။တောင်ဝိုင်းလမ်းပေါ်မှာဆိုတော့ ရှာလို့လွယ်ပါတယ်။

ငါးရံ့မရမ်းပြား မွန်ရိုးရာဟင်းတစ်ခွက်ရဖို့ ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်ကို တာဝတိံမှ စားဖိုမှူးက Mawlamyine Daily ကိုချက်ပြုတ်လို့ရှင်းပြခဲ့ပါတယ်။

ပြင်ဆင်ပြုလုပ်
===========
ငါးရံ့မရမ်းပြားဟင်းကို ကိုယ်တိုင်ချက်လုပ်မယ်ဆိုရင်တော့ ဦးစွာပထမ

ငါးရံ့ကိုကြေးခွံခွာလို့ ဗိုက်ခွဲပြီးအတွင်းကလီစာတွေထုတ်ယူရမှာပါ။ရလာတဲ့ ငါးရံ့ကို မရမ်းပြား ဖတ်တွေနဲ့တိုက်လို့သန့်ဇင်အောင်ဆေးကြောရပါတယ်။

တဖက်မှာတေ့ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုပ်သီး အစိမ်းတောင့် နဲ့ မရမ်းပြားဖတ် တွေကို ဆုံထဲထည့်လို့ထောင်းရမှာပါ။ကိုယ်လိုချင်တဲ့ အနေအထားလောက်ထောင်းပြီးပြီဆိုရင်တော့ ရလာတဲ့ အစာတွေကို ဆား၊သကြား၊နနွင်း ၊ဆီတွေနဲ့ ဆေးကြောထားတဲ့ ငါးရံ့ကိုသမအောင် နယ်ပြီး ခဏလောက်နပ်ထားပေးပါ။ရေခဲသေတ္တာထဲ ထည့်နပ်ထားရင်တော့ ပိုကောင်းတာပါ။ ဒီလိုနပ်လိုက်ခြင်းအားဖြင့် ငါးရံ့အတွင်းသားတွေအထိ အရသာတွေစိမ့်ဝင်သွားလို့ပါ။

ချက်ပြုတ်
=======
ဆီဇွန်းတစ်ဝက်ခန့်ကို အိုးကပ်ထဲထည့်လို့ အစာပလာတွေနဲ့နပ်ထားတဲ့ ငါးရံ့ကို ကြက်သွန်တွေဝါလာသည်အထိ အကြော်ချက်ပေးရပါမယ်။ပြီးရင်တော့ ရေအနေတော်ထည့်၊ စပါးလင်နဲ့အရသာတွေထည့်လို့ ၅ မိနစ်လောက်ချက်ပြုတ်ထားပါ။ကျက်လာပြီဆိုရင်တော့ ဒေသအခေါ် ရှမ်းနံနံပင်စိမ်းပင်တွေထည့်ပြီး ဖုံးအုပ်ပေးထားပါ။ခဏနေရင်တော့ ရှမ်းနံနံပင်စိမ်းနံ့၊ငါးရံ့ မရမ်းပြားအနံ့တွေထွက်နေတဲ့ အငွေ့တထောင်းထောင်း ငါးရံ့မရမ်းပြား မွန်ရိုးရားဟင်းတစ် ခွက်ရပါပြီ။

ပါဝင်သည့်ပစ္စည်းများ
=============
– ငါရံ့ တစ်ဆယ့်ငါးကျပ်သား
– မရမ်းပြား ၆ ဖတ်
– ငရုပ်သီးအစိမ်းတောင့် ၄ တောင့်
– ကြက်သွန်နီ ၁ လုံး
– ကြက်သွန်ဖြူ ၄ မွှာ
– စပါးလင် ၁ တက် (ဓါးပြားရိုက်)
– ရှမ်းနံနံ ၃ ရွက်(ပါးပါးလှီး)
– ငရုပ်ကောင်းမှုန့် ဇွန်း တစ်ဝက်
– စိမ်းစားငပိ ဇွန်း တစ်ဝက်
– နနွင်း ၁/၃ ဇွန်း
– ဆား ၁ ဇွန်း ၁/၂
– ကြက်သားမှုန့်၊သကြား၊ခရုဆီ၊ဆီ
ချက်သည့် ငါးရံ့ပမာဏအပေါ်မူတည်လို့ ပါဝင်သည့်ပစ္စည်းတွေကို မိမိနှစ်သက်သလို ချိန်ဆ ထည့်ချက်နိုင်ပါသည်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s