သင်္ကြန်အတက်နေ့ မော်လမြိုင်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပမယ်

17904497_826242970878954_2516436628356956276_n.jpg

မော်လမြိုင်၊ ၁၅ ဧပြီ ၂၀၁၇

ရေခွက်၊ရေသေနတ်၊ရေပြွတ်တွေကိုယ်စီဆောင်လို့ မော်လမြိုင်မြို့တွင်းလမ်း လျှောက်သင်္ကြန်ကို မော်လမြိုင်မြို့မှာ စတင်ကျင်းပဖို့ မြို့ခံလူငယ်၊လူရွယ်တွေက စီစဉ်နေကြတာပါ။

ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ညနေ ၃ နာရီမှာ မော်လမြိုင်မြို့ သံလွင်ဥယျာဉ်မှ အထက်လမ်းမကြီးအတိုင်း ကမ်းနားလမ်းဗဟိုမဏ္ဍပ်ဆီ လမ်းလျှောက်လို့ သင်္ကြန်ဆင်နွဲကြမှာပါ။

အခုကျင်းပဖို့စီစဉ်နေတဲ့ မော်လမြိုင်လမ်းလျှောက်သင်္ကြန်လိုဘဲ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သင်္ကြန်ကာလတုန်းကလည်း ရန်ကုန်မြို့က လူငယ်တချို့က လူမှုကွန်ရက်စာ မျက်နှာတွေမှတဆင့် စတင်စုစည်းပြီး Yangon Splash Walk 2016 ဆိုပြီး ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေထဲ လှည့်လည်လို့ မြန်မာနို်င်ငံရဲ့ ပထမဆုံးလမ်းလျှောက်သင်္ကြန်ကို ကျင်းပခဲ့တာပါ။အဆိုပါ လမ်းလျှောက်သင်္ကြန်ကို လူကြီး၊လူငယ်၊လူလတ်ပိုင်း ၊ကလေးတွေအပါဝင် လူပေါင်း ၂၀၀၀ ကျော်ပါဝင်ဆင်နွဲခဲ့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးလို့ အသိမှတ်ပြုခဲ့ရပါတယ်။

အခုနှစ် သင်္ကြန်မှာတော့ မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ ဦးဆောင်မှုနဲ့ မန္တလေးမြို့မှာ လမ်းလျှောက်သင်္ကြန်ကို နေရာသတ်မှတ်ပြင်ဆင်လို့ ကျင်းပနေခဲ့ပြီဖြစ်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s